This is about Me !

My photo
I am a programmer.

Thanks for visiting my blog, I hope you will be getting something from this. I would like to share what I knew and please you could be reshared what you knew.

www.facebook.com/Kyaw Bo Lin

Friday, January 18, 2013

ဘယ်လိုဘာသာပြန်မလဲ (The Way To Translation)-အပိုင်း(၁)

ဘယ်လိုဘာသာပြန်မလဲ (The Way To Translation)-အပိုင်း(၁)
ဒီဆောင်းပါးတွေကိုအဂ်လိပ်စာလိုက်စားသူတော်တော်များများဖတ်ဖူးကြလိမ့်မယ်လို့
ကျနော်ထင်ပါတယ်။ဖတ်ပြီးတဲ့သူတွေလဲ၂ထပ်ရှိမှတ်မိစေရန်၊အဂ်လိပ်ကနေမြန်မာဘာသာ
ပြန်ဆိုဖို့ကြိုးစားနေသူတွေ၊လေ့လာနေဆဲကျောင်းသားတွေအတွက်ထပ်မံလက်ဆင့်ကမ်းလိုက်
ပါရစေ။ကျနော်ဒီဆောင်းပါးလေးကိုအပိုင်းဆက်များနဲ့ဖေါ်ပြပေးသွားပါမယ်။တခါတင်ရင်လဲနဲနဲ
ပဲဖေါ်ပြပေးသွားမယ်။တနိုင်လေ့လာနိုင်အောင်ပေါ့ဗျာ…၊ချက်တင်ချိန်တွေ၊ဖေ့ဘွတ်သုံးချိန်
တွေကလည်းထည့်တွက်ရသေးဆိုတော့လေ။ :P



Credit - ဒီစာအုပ်လေးဟာ ရွှေမင်းဝန်ဦးဘုန်းမြင့်ရဲ့ ဘယ်လိုဘာသာပြန်မလဲဆိုတဲ့
စာအုပ်ကိုတိုက်ရိုက်ကိုးကား၍ကျနော့်အမြင်၊တချို့စာအုပ်များမှကောက်နှုတ်ချက်များကို
ဖေါ်ပြပေးသွားပါမယ်။ဒီစာအုပ်ပါဆောင်းပါးများကို ၂၀၀၉-၂၀၁၀ ထုတ် Knowledge
Bridge Magazine တွင်လည်းဖတ်ရှုနိုင်ပါသည်။

အမှာစာ - ဒီစာအုပ်လေးကိုဖတ်ပြီးငုတ်တုတ်မေ့မနေကြပဲ။အလားတူဘာသာပြန်များကို
ဝင်ရောက်ဆွေးနွေးပေးသွားကြဖို့ တိုက်တွန်းလိုက်ပါရစေဗျ။ဒီ Post တွေကို ကျနော်
WYTU ရဲ့ ဟုမ်းပိတ်မှာတင်ပါ့မယ်။ဟုမ်းပိတ်မှာမတွေ့ လို့ ရှာရခက်နေရင် Learners of
English Group ထဲမှာလဲထပ်တင်ပေးသွားပါမယ်။
…………………………………………………………………………………………………………………………………………
ဘာသာပြန်ဆရာကြီးများရဲ့အမြင်
ဘာသာပြန်ဆိုမယ့်သူဟာစကားလုံးလေးတစ်လုံးကိုဘာသာပြန်ဆိုသည်ပဲဖြစ်စေ။လေးလေးနက်နက်တွေးဖို့လိုတယ်။ပေါ့ပေါ့ဆဆမတွေးရဖူး၊မတေးသင့်ဖူး…အဲဒါမှလေးနက်မှန်ကန်မှုရှိမှာပေါ့။
ဆရာကြီးဦးဖေမောင်တင်
(၀ိသုဒ္ဒိမဂ်နှင့်မှန်နန်းရာဇ၀င်တို့ကိုဘာသာပြန်ဆိုခဲ့သူ)

အင်္ဂလိပ်ဘာသာမှာေ၇းထားတဲ့ Humorous တွေးပြီးပြုးံရတဲ့အရသာရှိတဲ့စာကိုဘာသာပြန်လို့မဖြစ်နိုင်ဖူး။
The Great Expectation “မျှော်တလင့်လင့်”ဟာစာမေဗိမာန်ဘာသာပြန် ၁၀၀၀ကျပ်ဆုရပေမယ့်ခန့်ခန့်တည်
တည်ပြုးံရတဲ့အကွက်တွေကိုချန်ပစ်ခဲ့ရလို့ ကောင်းသင့်သလောက်မကောင်းခဲ့ဖူး။
ဆရာကြီးရွှေဥဒေါင်း


တစ်ခါကအမျိုးသမီးစာရေးဆရာမလေးတစ်ယောက်ဟာ “Coming with him Closely” ဆိုတဲ့စာပိုဒ်ကို ကပ်၍
လိုက်သည်၊အနီးကပ်လိုက်သည်၊အတူလိုက်သည်စသည်ဖြင့်ရေးရတာလက်မတွေ့ ပဲဖြစ်နေတယ်။
“ထပ်ကြပ်မကွာ လိုက်သည်”လို့ပြင်ပေးလိုက်တော့မှ “ခုမှပဲဘ၀င်ကျသွားတော့တယ်ဆရာကြီးရှင့်၊ကျမ
ဒီစကားကိုရှာမရဖြစ်နေတာ” အဲသလိုပြောသွားဖူးတယ်။
ဆရာကြီးဒဂုံရွှေမျှား


English ကနေမြန်မာပြန်တာခက်သလို၊မြန်မာကအဂ်လိပ်လိုပြန်ရင်လဲအခက်အခဲတွေ့ရမှာပဲ။သူတို့အဂ်လိပ်ကို
အထင်သေးလို့မရဖူး၊မြန်မာနိုင်ငံကိုနှစ်ပေါင်း ၁၀၀နီးပါးအုပ်ချုပ်သွားရမှာ…အုပ်ချုပ်သူအင်္ဂလိပ်တွေကိုယ်တိုင်
မြန်မာရာဇ၀င်၊မြန်မာစာတီးမိခေါက်မိရှိကြတယ်။ဆရာယုဒသန်ဆိုရင် ခရစ်ယာန်ပေမယ့်မြန်မာစာဘယ်လောက်
ကျွမ်းသလဲဆိုရင်သူရေးတဲ့ယုဒသန် အင်္ဂလိပ်မြန်မာအဘိဓါန်မှာ -
Ability to speak ကို အာစလျှာစ
Good Quality ကို သမ္ဘာရင့်
Wise-seeing ကို ဒိဗ္ဗသက္ခုဥာဏ်နှင့်ပြည့်စုံသော
Beyound bearing ကို မချိတရိ
Boldly man ကို ကျားကျားယားယားယောင်္ကျား
God … ကို ဘုမ္မာစိုး
God Father ကို ခေါင်းကိုင်အဖေ
Extra Ordinary Person ကိုလူကုံမသား
Light-fingered ကို လက်ဆော့သော
Original character ကိုပင်ကိုယ်စရိုက်
Juice of flowers ကို ပန်းဝတ်ရည်
Judgement seat ကို တရားပလ္လင်
Joy ကို ပီတိ၊မုဒိတာ၊ရွှင်လန်းသည်
Faithless lover ကို ရည်းစားပျက်
အဲဒီလိုမြန်မာစကားပိုင်ပိုင်နိုင်နိုင်ပြန်နိုင်တာက ဆရာယုဒသန်(ဂျပ်ဆင်)ရဲ့အရည်အချင်းပေါ့ကွာ။
သတင်းစာဆရာကြီးဦးသိန်းမောင်


The Residence of Minister ကိုဝန်ကြီးရဲ့အိမ်တော်လို့ပြန်တာကတော့ဟုတ်ပြီ။ raised 12 feet high ကို
၁၂ ပေမြှင့်တင်ထားတယ်လို့ ပြန်လိုက်တော့ချော်တောငေါ့သွားရော၊ Among pagoda and fair ladies စာ
အုပ်မှာသီပေါမင်းပါတော်မူပြီးစက မန်းလေးေ၇ွှမြို့တော်ရောက်တဲ့အခါသူ့အမြင်နဲ့မှတ်တမ်းတင်စာအုပ်ထဲထည့်
ရေးတာ၊အမှန်က ဆင်ဝင်အိမ် ဒါမှမဟုတ်ခြေတံရှည်အိမ်လို့ ဘာသာပြန်မှအဆင်ပြေမှာပေါ့……။
ဆရာကြီးသခင်မြတ်ဆိုင်

ဘာသာပြန်တဲ့အခါမှာသတိထားမှတော်ကာကျမယ်။လွယ်လေခက်လေပဲလို့မှတ်ရမယ်။ဥပမာမြန်မာစကား
ကိုကိုကလဲကွယ်၊မောင်ကလဲလေ…၊…အသဲရယ်…..၊..အချစ်ရေ..အသက်ရေ…၊အဲဒီစကားအနုအချွဲတွေ..
အင်္ဂလိပ်ဘာသာပြန်တယ်ဆိုပါတော…့ရုတ်တရက်ခက်သွားမယ်နော်…တိုက်ရိုက်ဘာသာပြန်ရင်သွားရော…
My dear သို့မဟုတ် …. My love …အဲဒါဆိုရင်အင်္ဂလိပ်စာရဲ့ sense ၀င်သွားတာပေါ့….။
ဒါရိုက်တာ-စာရေးဆရာ-ဦးသုခ


ကျနော် War and peace (စစ်နှင့်ငြိမ်းချမ်းရေး)စာအုပ်ကြီးကိုဘာသာပြန်တော့ ဦးကုလားမဟာရာဇ၀င်
ကို လက်မလွှတ်တမ်းအသုံးချခဲ့တယ်…။ Under the clear sky ကိုမိုးစဲသောအခါသမယ….။
The Crownprincess ကို “ထိပ်ထား” စသဖြင့်ပေါ့။ရုရှားမူရင်းကလည်း ထီးသုံးနန်းသုံးဆိုတော့ မြန်မာရာဇ၀င်စကားတွေနဲ့ဖလှယ်ဖို့သတိထားရတာပေါ့ဗျာ။
ဆရာမြသန်းတင့်
တစ်ခန်းရပ်ပါဦးမည်။
လေးစားစွာဖြင့်
WYTU သားလေး

No comments:

Post a Comment