This is about Me !

My photo
I am a programmer.

Thanks for visiting my blog, I hope you will be getting something from this. I would like to share what I knew and please you could be reshared what you knew.

www.facebook.com/Kyaw Bo Lin

Thursday, December 27, 2012

ကိုယ်ပိုင် Social Network တစ်ခုကိုတည်ဆောက်ချင်လား??? Ning ဆိုက်တွေ Free သုံးရတုန်းကလို မျိုးရှိသေးလား???

This summary is not available. Please click here to view the post.

weebly မှာ ဆိုဒ်တစ်ဖန်တီးမယ်နော်.......(free) နော်

ကျနော်ကိုဗျာ......သူငယ်ချင်းတွေကဆိုဒ်လေးတစ်ခုအပျော်တမ်းလုပ်ချင်တယ်လာလာပြောနေတော့ဗျာ ကျနော်လည်း
မတက်တခေါက်တက်ထားတော့ဗျာ........ပြောပြလိုက်တာပေါ့ဗျာဒါပေမယ်သိပ်အဆင်မပြေဘူးဗျ.......ပုံလေးတွေနဲ့ပြောပြမှရမှာလေ
ဒါကြောင့်ကျနော်တင်လိုက်ပြီ.......... weebly      မှာလုပ်နည်းပေါ့ဗျာ............လင့်ကတော့ဗျာ
www.weebly.com          နော်အဲ့ကိုအရင်ဝင်လိုက်ပါနော်
အခုတိုင်းလေးဝင်ပေးနော်..........ကိုယ်ထည့်ချင်တာထည့်ပေါ့နော်
ကျနော်ပုံတွေတော့ပြလို့ပြီးသွားပြီနော်.........တစ်ဆင့်ချင်းလုပ်ကြပါခင်ဗျာ
နောက်ဆုံးကျရင်တော့...
ကိုယ့်ဆိုဒ်ကိုရသွားပြီပေါ့ဗျာ
ဒီဇိုင်းပြောင်းချင်တယ်ဆိုရင်...........Design   ထဲမှာပြောင်းပါခင်ဗျာ
ပေ့တွေထပ်ထည့်ချင်တယ်ဆိုရင်တော့..............pages ထဲမှာထပ်ထည့်ပါခင်ဗျာ........
ကျန်တာတွေကတော့ကိုယ်တိုင်ညဏ်ကွန်ပြီးလုပ်ကြပါနော်.......
နားမလည်တာရှိရင်တော့ကျနော်ဆီလာမေးကြပါနော်
www.thethtoosan.weebly.com
thethtoosan.taikkyi@gmail.com
အားလုံးပဲကိုယ်တိုင်လုပ်ကမှာလဲပျင်းတယ်ဆိုရင်တော့ဟဲဟဲ
ကလိချင်တယ်ပေါ့လေ
ကျနော်ဆိုဒ်ကိုဖွင့်ထားတဲ့  လိပ်စာကတော့           www.wytumynmar.weebly.com     ပါ
ပတ်ဝက်ပေးမယ်ဗျာ
123456789       စမ်းကြည့်ကြနော်................ပတ်ဝက်တော့မပြောင်းကြနဲ့နော်......စမ်းဖို့ပေးတာနော်.......
ကဲအားလုံးပဲအဆင်ပြေပါစေနော်...........

Tuesday, December 25, 2012

ဖုန်းလိုင်းမှ Internet သုံးနေသူများ….. ဒါကိုသိပါသလားးးးးးးး???


ဖုန်းလိုင်းမှ Internet သုံးနေသူများ….. ဒါကိုသိပါသလားးးးးးးး (ဟမ်းစက် တစ်လုံးကို PC တစ်လုံးနဲ့ပဲ USB ပေါက်ကနေ join ပြီး Internet သုံးနေကျရတယ် …..(wifi လွင့်နိုင်တဲ့ ဟမ်းစက်ကိုတော့မဆိုလိုဘူးပေါ့ ဗျာ…. )
ဈေးနည်းပေးပြီး ဖုန်းလဲပြောနိုင်(wifi တော့မလွင့်နိုင်တဲ့စက်) အင်တာနက်လည်းသုံးနိုင်တဲ့ စက်တွေကို ဆိုလိုတာပါ….. ။ အဲ့ဒီစက်တွေ ကဖုန်းအ၀င်ကိုတော့ Internet လိုင်းကိုမနောက်ယှက်ပါဘူး ဒါပေမယ့် အထွက်ကြတော့ Internet လိုင်းပျက်စေပါတယ်…… ။ဒါတွေကတော့ ဒီဟမ်းစက်အမျိုးအစားသုံးနေတဲ့သူတွေကိုယ်တိုင်လည်းသိမှာပါ….. ။ကျွန်တော်ပြောပြချင်တာကတော့ ဗျာ…. အဲ့ဒီ Internet လိုင်းကို Computer နှစ်လုံးသုံးလို့ရတယ်လို့ပြောပြချင်တာပါ…… (သိပြီးသားလူတွေအတွက်ကတော့ ရယ်စရာဖြစ်နေလောက်တယ်ဗျ…. မသိသေးတဲ့လူတွေအတွက်ပါ)။ပစ္စည်းတစ်ခုတော့လိုတာပေါ့ဗျာ…… တစ်ခုတည်းပါ………အဲဒါကတော့ Network Cable ကြိုးပါ ။ software တွေလည်းမလိုပါဘူးးး ။
အရင်ဆုံးတော့ Computer နှစ်လုံးကို တစ်လုံးနဲ့တစ်လုံးသိအောင်(Data တွေကို Transfer လုပ်နိုင်အောင်)လုပ်ပါ…. ။ပြီးရင်တော့ အောက်ကအဆင့်အတိုင်း ထက်လုပ်လိုက်ပါ…..
1-Run Box ကိုခေါ်ပါ(Window Key+ R)

2-ပြီးရင် Run Box ထဲကို ncpa.cpl လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။Network Connections   ကိုရောက်သွားလိမ့်မယ်…. ။

3-Diup နဲ့ ချိတ်ဆက်ထားတဲ့ connection ကိုတွေရမှာပါ….. သူကို Right Click နှိပ်ပြီး Properties ကို ရွေးလိုက်ပါ…. သူ့ရဲ့ Properties Box လေး ထပ်ပေါ်လာပါလိမ့်မည်။

4-အဲ့ဒီ Box ထဲက Sharing ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ။*Allow other network user to connect through this computer's internet connection* ဆိုတာကို အမှန်ခြစ်ကလေး ပေးလိုက်ပါ။သူ့ရဲ့ အောက်မှာလည်း လုပ်စရာနှစ်ခုကျန်ပါသေးတယ် ကိုယ်တိုင်ဖတ်ကြည့်ပြီး လုပ်သင့်ရင်လုပ်လိုက်ပါ….. ။

5-ဒီတိုင်းပဲ သူစီကနေ အင်တာနက် Sharထားတာကို လာယူသုံးစွဲမယ့် စက်ကိုလည်း Allow other network user to connect through this computer's internet connection ကို အမှန်ခြစ်ထားပေးလိုက်ရင် …..
ဖုန်း တစ်လုံးတည်းနဲ့ PC နှစ်လုံးကို အင်တာနက်တစ်ပြိုင်တည်းသုံးနေနိုင်ပါပြီ။။။။။။။။။။။
ဒီလိုလုပ်ပြီး သုံးတာကတော့ အားသာချက်ကော အားနည်းချက်ကော ရှိပါတယ်ဗျာ……
အားသာချက်ကတော့-တစ်ပြိုင်တည်းမှာပဲ လူနှစ်ယောက်ကအင်တာနက်သုံးနိုင်တယ်/Chat နိုင်တယ် ကုန်ကျစရိတ်ကလည်းတော်တော်လေးကိုသက်တာသွားတယ်….. ဟုတ်တယ်ဟုတ်(^_^)
အားနည်းချက်ကတော့-Connection တော့အနည်းနဲ့ အများနှေးသွားနိုင်တာပေါ့ဗျာ…….။ (ကျွန်တော်စမ်းသုံးကြည့်သလောက်ကတော့……Gtalk & Facebook ကတော့ အဆင်ပြေပါတယ်ဗျာ….. )
စမ်းကြည့်လိုက်ကြပါဦးဗျာ….. ။
ကျွန်တော့်ကိုလည်း Comment လေးပြန်လာပေးပါဦးနော်……. ရလားမရလားဆိုတာကိုလဲ ။(အားနည်းချက်တွေ လိုအပ်ချက်တွေကို သိချင်လို့ပါ။)
ကျွန်တော်မသိတာလေးတွေရှိကိုရှိနေနိုင်ပါတယ်……… အားလုံးပဲ စမ်းပြီးရင် Comments တွေထားခဲ့ပေးပါဗျာ….. ။(အရမ်းပဲကျေးဇူးတင်မှာပါ…… ^_^)


I Love You....


နင်စိတ်ညစ်တဲ့ အချိန်တိုင်းမှာ
နင့်အနားမှာနေပေးမယ်...

နင်အားငယ်နေတဲ့အချိန်တိုင်းမှာ
နင်လက်ကလေးကိုယ်ကိုင်ပြီး
... နှစ်သိမ့်ပေးမယ်....

နင်ငိုနေတဲ့အခါ နင့်မျက်ရည်
တွေကိုယ် ကူသုတ်ပေးမယ်...

ငါ့ဘဝရဲ့အသက်သုံးပုံးနှစ်ပုံး
ကိုယ် နင်နဲ့အတူတူဖြတ်ကျော်
ချင်တယ် ချစ်သူ။။

ဒါတွေအားလုံးဟာနင့်ကို
ချစ်လို့ပါ ချစ်သူ...♥

ကိုယ် Gmail Account ကို သူ များ ခိုး သုံး နေ သ လား ဆို တာ သိ ချင် ရင်

Gmail Account password ကို သူ များ သိ ပြီး ၀င် သုံး နေ သ လား ဆို တာ..

Gmail ကို Sign In လုပ် ပြီး အောက် ဆုံး နား လောက် မှာ Last LogIn Activity ဆို တာ ရှိ ပါ တယ်

Gmail က နောက် ဆုံး LogIn ၀င် တဲ့ IP address ကို အ လို အ လျောက် မှတ် ထား ပေး တာပါ.

ဒါ ကြောင့် ကိုယ် Gmail SignOut မ လုပ် ခင် ခု ၀င် သုံးနေ တဲ့ စက် ရဲ့  IP address ကို မှတ် ထား ရ မှာ ဖြစ် ပါ တယ်.

(လက် ရှိ သုံးနေ တဲ့ စက် ရဲ့  IP ကို သိ ချင် ရင် Last account activity: 1.5 hours ago on this computer.  Details ) မှာ Details ဆို တာ ကို Click လုပ် လိုက် ပါ ။ Activity Information ဆို ပြီး နောက် ထပ် Tab တစ် ခု မှာ This computer is using IP address 203.81.165.195. (Myanmar [burma]) အောက် ဆုံးနား လောက် မှာ ဖော် ပြ ထား ပါ တယ်၊)

ကိုယ် နောက် တစ် ခါ ပြန် ၀င် လို့  Last Account Activity မှာ ကို မှတ် ထားတဲ့ IP မ တူ တော့ ရင် သူ များ က ၀င် သုံး ထား ပါ တယ်။


gtalk တွင် photo slideshow လုပ်နည်း



http://www.crazymsn.net/gtalkshell/download/gtalkshell.exe
ကဲအပေါ်ကကောင်ကိုအရင်ဒေါင်းလိုက်ပါ။
ပြီးရင်ရလာသော software ကို install လုပ်လိုက်ပါ။
gtalk တွင် shell ဆိုတာပေါ်လာပါလိမ့်မည်။အဲဒီ shell ဆိုတာကိုကလစ်လိုက်ပါ။

option ကိုထပ်နှိပ်ပါ။ add ကိုထပ်နှိပ်ပါ။
ကဲသယ်ရင်းတို့ဓာတ်ပုံတွေကို select လုပ်ပြီး ok နှိပ်လိုက်ပေါ့ဗျာ။
အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျား။


Gmail ဟက်မခံရအောင် Back Up လုပ်ခြင်း

Gmail အသုံးပြုသူများအတွက် Gmail account တစ်ခုမှ တစ်ခုဆီသို့ Email များအားလုံးကို တစ်စောင်ချင်း forward လုပ်စရာမလိုပဲ အားလုံး တစ်ခါတည်း ပြောင်းနိုင်ရန်နဲ့ ကိုယ့် Gmail ကို ပိုမို စိတ်ချရအောင် Back Up လုပ်နိုင်ရန် အတွက် ဆိုပြီး ဒီနေရာမှာ အဆွေတော်လေးက တင်ပေးပြီးသားပါ။ အခု အဲဒီ နည်းနဲ့ ကိုယ့် Gmail ကို သူများ လုပ်လို့မရအောင် ကာကွယ်နည်းကိုတင်ပေးလိုက်တာပါ။ ကိုအဆွေတော်လေး အခြား လုပ်စရာတွေ လုပ်လို့ရအောင် ၀ိုင်းကူပေးလိုက်တာပါ။

ဒီပို့စ်ကိုလဲ http://sofialay.blogspot.com ကနေပဲ ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

ကိုယ့် password သိတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ဆီက Email တွေကို ကိုယ်မသိပဲ ဖြစ်စေ၊ သိပြီးမှ ဖြစ်စေ ယူသွားခြင်း ခံလိုက်ရ သူတွေ အတွက်နဲ့ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေ အတွက် ပြန်ဖြေနည်း တစ်ခုပါ။ ကိုယ် password ပေးဖူးတဲ့ တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို ပထမ post မှာ ဖော်ပြခဲ့သလို နည်းလမ်းအတိုင်း download ချ သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကို တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားဖို့ လိုပါတယ်။ အဲဒီအတွက် သိသင့်တဲ့ အချက် များ ကို တစ်ပိုင်းချင်း ဖော်ပြပေးပါမယ်။


ပထမ တစ်ခုကတော့ ကိုယ့်ထဲကနေ ထပ်မထွက်နိုင်အောင် အားလုံး ပိတ်ပစ်ဖို့ပါ။ လုပ်ဆောင်မှု အဆင့်ဆင့်ကတော့ အရမ်းရိုးရှင်းပါတယ်။

1. Settings ကိုသွားပါ။

2. Forwarding and POP/IMAP tab ကို ဆက်သွားပါ။

3. Forwarding, POP Download နဲ့ IMAP Access တို့ အားလုံးကို Disable forwarding, Disable POP နဲ့ Disable IMAP အသီးသီး ပေးလိုက်ပါ။

4. ပြီးရင် Save Changes button ကို click လိုက်ပါ။

အားလုံး ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပိတ်လိုက်တဲ့ အချိန်က စ ပြီး နောက်ထပ် Mail တစ်စောင်မှ တစ်ခြားတစ်ယောက်ဆီ ရောက်မှာ မဟုတ်တော့ပါဘူး။
တကယ်လို့ ကိုယ် အားလုံး ကို Disable ပေးထားချိန်မှာ တစ်စုံတစ်ယောက်ယောက်က POP3 download နဲ့ download ချ ဖို့ ကြိုးစားမယ် ဆိုရင် သူ့ဖက်မှာ အောက်ဖော်ပြပါ ပုံ အတိုင်း ပေါ်နေပါလမ့်မယ်။


ဒုတိယ သိရမယ့် တစ်ခု ကတော့ ကိုယ့် Gmail account password ကို သိတဲ့ တစ်ယောက်ယောက်က ကိုယ့်ဆီကနေ Email တွေကို POP3 မှာ download ဆွဲနေတယ် ဆိုရင် ကိုယ့်ဆီ ကို ဝင်လာတဲ့ Email တစ်စောင်ဟာ ကိုယ့်ဆီက download ဆွဲနေတဲ့ လူဆီကို ချက်ချင်း မရောက်ပါဘူး။ အနည်းဆုံး ၁ နာရီ ကနေ အများဆုံး ၄ နာရီ အတွင်းမှာမှ download ချ လို့ရတာပါ။ ဆိုလိုတာက ကိုယ့်ဆီ ကို တစ်စောင် အသစ်ဝင်တာနဲ့ download ဆွဲနေတဲ့ လူဆီကို လည်း တစ်စောင် အသစ် ချက်ချင်း ဝင်တာ မဟုတ်ဘူး ဆိုတာပါပဲ။ တကယ်လို့ ကိုယ့်ဆီကို ဝင်လာတဲ့ Email တစ်စောင်ကို ဝင်လာပြီးလို့မှ တစ်နာရီ မကြာသေးခင်မှာပဲ delete ပေးလိုက်မယ်ဆိုရင် download ဆွဲနေတဲ့ လူဆီကို လုံးဝ ရောက်သွားမှာ မဟုတ်ပါဘူး။ download စ မဆွဲခင် အချိန်တုန်းက ရှိသမျှ Mail အားလုံးကတော့ မိနစ်ပိုင်းအတွင်း အားလုံး ရောက်မှာပါ။

တတိယတစ်ခု ကတော့ အန္တရာယ်အများဆုံး ကိစ္စ လို့ ပြောလို့ ရပါတယ် ကိုယ့်ရဲ့ Mail ကို တခြားလူ တစ်ယောက်ယောက် က POP3 download နဲ့ ပထမ post မှာ ဖော်ပြခဲ့သလို လုပ်သွားပြီးပြီ ထားပါတော့ အဲဒါဆိုရင် သူ့ရဲ့ Mail ထဲမှာ Compose Mail လုပ်မယ်ဆိုရင် အောက်မှာပြထားတဲ့ ပုံအတိုင်း From: ဆိုတဲ့ Dropdown လေးတစ်ခုအပိုပေါ်လာလိမ့်မယ်။
ပုံမှန် ဆိုရင် Compose Mail လုပ်ရင် အဲဒီ Dropdown မရှိပါဘူး။ ကိုယ့် Mail ထဲမှာပြန်ကြည့်ကြည့်ပါ။ ဘာလို့လဲဆိုတော့ ပုံမှန်ဆို Email တစ်ခုက Mail Address တစ်ခုတည်းကိုပဲ ပိုင်တာ ဖြစ်တဲ့အတွက် From: ဆိုတာ ပေါ်စရာ မလိုဘူးလေ။ ရွေးစရာမှ မလိုတာ။ ဒါပေမဲ့ အခုလိုဖြစ်သွားရင် Email တစ်ခုတည်းက Mail Address နှစ်ခု ပိုင်သလိုဖြစ်သွားပါတယ်။ ကိုယ့် Mail ကိုလည်း တစ်ဖက်လူက ပိုင်သွားပါပြီ။ အဲဒီတော့ အဲဒီ Dropdown မှာသူ့ Mail ရယ်ကိုယ့် Mail ရယ် နှစ်ခု ပေါ်နေလိမ့်မယ်။ အဲဒီအထဲက သူကကိုယ့်ရဲ့ Mail ကိုရွေးပြီး အခြား တစ်ယောက်ယောက်ဆီကို Email ပို့လိုက်ရင် လက်ခံ ရရှိတဲ့သူက ကိုယ့်ဆီက ရတာလို့ပဲ ထင်သွားမှာပါ။ ဘာလို့လည်းဆိုတော့ လက်ခံရရှိတဲ့သူဆီမှာကိုယ့် Mail Address သွားပေါ်နေမှာကိုး။ ပို့တာကသူ့ ထဲကပို့တာနော်။ ကိုယ်တောင် ဘာမှမသိလိုက်ရဘူး။ ကဲကိုယ့်ရဲ့ အရေးကြီးတဲ့ Contact တွေဆီကို ပေါက်ကရ Mail တွေလျှောက်ပို့လိုက်လို့ကတော့သေပြီ။ ဘယ်လောက် အန္တရာယ်များလဲ စဉ်းစားသာကြည့်ပေတော့။ အဲဒီတော့ အကောင်းဆုံးက ကိုယ့်ရဲ့အရေးကြီးတဲ့ Mail ရဲ့ Password ကိုဘယ်သူ့ကိုမှ မပေးတာအကောင်းဆုံးပါ။ Password ဆိုတာ Mail တစ်ခုရဲ့အသက်ပါ။ Password ကို မကာကွယ်နိုင်ဘူးဆိုမှတော့ Mail ရဲ့အသက်လည်းသေပြီပေါ့။ အားလုံးပဲ ကိုယ့်ရဲ့ Email Password လေးတွေကို လုံလုံခြုံခြုံ သိမ်းနိုင်ကြပါစေ။

Wi-Fi လွင့်နည်း

အိမ်တွင်း၊ရုံးတွင်းအတွက် Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router (သို့မဟုတ်) Access Point ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို မိုင်နဲ့ချီပြီး လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။ CPE တွေ Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။ အခုဆောင်းပါးမှာတော့ Wi-Fi လွှင့်နည်း အသေးစိတ် ရေးသားဖော်ပြသွားပါ့မယ်။


Wi-Fi မလွှင့်ခင် အရင်ဆုံးတော့ Wireless နည်းပညာအကြောင်းလေးတွေ အနည်းငယ် သိမှ ဖြစ်ပါလိမ့်မယ်။ ကိုယ်က Wi-Fi ကို ခပ်ဝေးဝေးလွှင့်ချင်တယ် ဆိုပါစို့။ အရိုးရှင်းဆုံး တွေးကြည့်ရအောင်ပါ။ Wireless Router တွေမှာ ပါဝင်တဲ့ Antenna တွေဟာ ပေ ၅၀၀ လောက်ထိပဲ ရနိုင်တာမို့ ပိုပြီး ဝေးဝေးရောက်ချင်ရင် Antenna အကြီးစားတစ်ခု ၀ယ်ပြီး Wireless Router နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ အဲဒီ Antenna ၀ယ်တဲ့အခါမှာ Omini တွေ Directional တွေ dBi ဆိုတဲ့ နည်းပညာစကားလုံးတွေကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါ့အပြင် Antenna မှာ Outdoor Antenna နဲ့ Indoor Antenna ဆိုပြီး ကွဲပြားပါသေးတယ်။


လောလောဆယ် လူသုံးများနေတဲ့ TP-Link Outdoor Antenna ANT-2421D ကို ကြည့်ကြည့်ရအောင်ပါ။ အောက်မှာ ဖော်ပြထားတဲ့ ပုံဟာ ANT-2421D ဖြစ်ပါတယ်။
Picture
ပုံကြည့်ရင်တော့ လက်တစ်တောင်လောက်ပဲ ရှိမယ်လို့ ထင်စရာပါ။ ဒါပေမဲ့ လူတစ်ရပ်စာနီးပါး ရှည်ပါတယ်။ ဒီ Antenna ကို Wireless Router နဲ့ ဆက်သွယ်လိုက်တာနဲ့ ကိုယ့်ရဲ့ Wi-Fi ဧရိယာက ခပ်ဝေးဝေးထိကို ရောက်ပါလိမ့်မယ်။

သူ့ရဲ့ Specification ကတော့ အောက်ပါအတိုင်းပါ။

Picture
Specification မှာ အဓိကထားပြီး ကြည့်ရမှာက Gain ပါ။ ဒီ Antennaဆိုရင် Gain က 15 dBi ထိ ရပါတယ်။ dBi ဆိုတာက decibel isotropic ရဲ့ အတိုကောက်ဖြစ်ပါတယ်။ decibel ဆိုတာက အသံရဲ့အတိုးအကျယ်ကို တိုင်းတာတဲ့ ယူနစ်တစ်ခုဆိုလည်း ဟုတ်ပါတယ်။ dBi ယူနစ်ဟာ Ominidirectional Antenna တွေအတွက် တိုင်းတာတဲ့ ယူနစ် ဖြစ်ပါတယ်။ dBi တန်ဖိုးများလေလေ လှိုင်းများကို ဖမ်းနိုင်၊ပို့နိုင်တဲ့ ခွင်ကျဉ်းလေလေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရပ်ရှစ်မျက်နှာအနှံ့ ၀ိုင်ဖိုင်ကွန်ယက် ဖြန့်ချင်ရင် dBi တန်ဖိုး နည်းတဲ့ Antenna တွေကို သုံးစွဲသင့်ပြီး လားရာတစ်ဖက်တည်းကို အဓိက ဦးတည်ချင်ရင်တော့ dBi တန်ဖိုးများတဲ့ Antenna ကို သုံးစွဲသင့်ပါတယ်။
dBi တန်ဖိုးအနည်းအများဟာ အကွာအဝေးနဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိပါဘူး။ (dBi တန်ဖိုးများရင် အဝေးကြီးရောက်အောင် လွှင့်နိုင်တယ်လို့ မယူဆမိပါစေနဲ့) ဖမ်းယူနိုင်တဲ့ဧရိယာကိုတော့ Beamwidth ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဒီ Antenna မှာ Beamwidth က horizontal ဆိုရင် ၃၆၀ဒီဂရီ ရရှိပြီး vertical က ၉ ဒီဂရီပဲ ရပါတယ်။ ဆိုလိုတာက Antenna နဲ့ horizonal အနေအထားအတိုင်း ဖမ်းမယ်ဆိုရင် ၃၆၀ ဒီဂရီရတာမို့ အရှေ့က ဖမ်းဖမ်း၊ အနောက်က ဖမ်းဖမ်း မိမှာပါ။ ဒါပေမဲ့ vertical အနေအထားနဲ့ ဖမ်းမယ်ဆိုရင်တော့ 9 ဒီဂရီအတွင်းမှာပဲ ရရှိနိုင်ပါလိမ့်မယ်။


ဒါကြောင့်လည်း ဒီ Antenna ကို Omini Antenna ရယ်လို့ အလွယ်ခေါ်ကြတာပါ။ ၃၆၀ ဒီဂရီ ဖမ်းနိုင်၊လွှတ်နိုင်တယ်ပေါ့လေ။

အပိုင်း (၁) တုန်းက Wi-Fi ဝေးဝေးရောက်ချင်ရင် Wireless Router ဒါမှမဟုတ် Access Point နဲ့ Omini Antenna နဲ့ တွဲသုံးဖို့ ရေးသားခဲ့ပါတယ်။ အဲဒီအတွက် အဲဒီနှစ်ခုကို ချိတ်ဆတ်ရင် ဘယ်လိုချိတ်ဆတ်မလဲဆိုတာ ကြည့်ရအောင်ပါ။ Wireless Router တွေမှာ External Antenna နဲ့ဆက်သွယ်ဖို့ Connector ပါဖို့တော့ လိုပါလိမ့်မယ်။ Antenna က ထွက်လာမယ့် Cable မှာတပ်ဆင်ထားတဲ့ Connector က RP-SMA အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ RP-SMA က Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို တိုက်ရိုက်ဆက်သွယ်လို့ မရပါဘူး။

Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို Pigtail Cable နဲ့ အရင်ဆက်သွယ်ရပါမယ်။ ပြီးတော့မှ အဲဒီ Pigtail Cable နဲ့ Antenna ရဲ့ Cable နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။
Picture
အထက်ပါပုံစံအတိုင်း ဆက်သွယ်ပြီးရင် Access Point သို့မဟုတ် Wireless Router ရဲ့ Setting ကို ပြင်ဆင်ရပါလိမ့်မယ်။ သဘောကတော့ အခုအချိန်မှာ External Antenna နဲ့ ဆက်သွယ်လိုက်ပြီ ဖြစ်တဲ့အတွက် Default Antenna ကို မသုံးစွဲတော့ဘဲ External Antenna နဲ့ပဲ အလုပ်လုပ်ပါလို့ ပြောရမှာဖြစ်ပါတယ်။

အဲဒီအတွက် Browser တစ်ခုခုကို ဖွင့်ပြီး Wireless Router သို့မဟုတ် Access Point ရဲ့ IP ကို ရိုက်ထည့်ပြီး Login ၀င်ပါ။ ပြီးရင် ပြင်ဆင်ပါ။ (Wireless အုပ်စုထဲက Antenna ကို တွေ့အောင်ရှာပြီး External လို့ပြောင်းပြီး Save နှိပ်ပါ။

External Antenna နဲ့လည်း Join ပြီးသွားရင် ကိုယ့် Wi-Fi က ဘယ်လောက်အကွာအဝေးထိ ရောက်နိုင်သလည်းဆိုတာ သိချင်မှာ အမှန်ပါပဲ။ Wi-Fi ကို အဝေးကြီးနေ မိဖို့ဆိုတာ လွှင့်တဲ့ဘက်ကနေမကဘဲ ဖမ်းယူတဲ့ဘက်မှာပါ အရေးကြီးပါတယ်။ Laptop မှာပါတဲ့ Wi-Fi Adapter လေးနဲ့ ဖမ်းမယ်ဆိုရင်တော့ လွှင့်တဲ့ဘက်က ဘယ်လိုပဲ ပစ္စည်းအကောင်းစားတွေနဲ့ လွှင့်ပါစေ အဝေးကြီးကနေ ဘယ်လိုမှ မဖမ်းယူနိုင်ပါဘူး။

ဒါဟာ လွှင့်တဲ့ဘက်ကကြောင့် မဟုတ်ဘဲ Laptop မှာပါတဲ့ Wi-Fi Adapter ကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖမ်းယူတဲ့ဘက်မှာ Gain များတဲ့ CPE သို့မဟုတ် USB Wireless Adapter စတာတွေ တစ်ခုခုသုံးပြီး ဖမ်းယူမှ အဝေးကြီးကနေ ဖမ်းယူနိုင်ပါလိမ့်မယ်။ TP-Link Products တွေကို အကြိုက်တွေ့သူများအတွက်တော့ သူတို့ရဲ့ Offical Website ထဲမှာ Distance Calculator ဆိုတဲ့ Web Application တစ်ခု ပေးထားပါတယ်။ အဲဒါလေးအသုံးပြုပြီး ကိုယ့်ဘက်က ဘယ် Antenna နဲ့ လွှင့်ရင် သူ့ဘက်က ဘယ်လို Antenna နဲ့ဖမ်းရင် ဘယ်အကွာအဝေးအထိ ရနိုင်တယ်ဆိုတာတွေကို တွက်ချက်နိုင်ပါလိမ့်မယ်။

http://www.tp-link.com/support/wireless_calculator/index.asp

ပုံမှာ အဲဒီ Wireless Calculator ကို ပြထားပါတယ်။
Picture
လွှင့်တဲ့ဘက်နဲ့ ဖမ်းယူတဲ့ဘက်မှာ အသုံးပြုတဲ့ device အမျိုးအစား (Router သို့မဟုတ် Access Point) အသုံးပြုတဲ့ Cable အသုံးပြုတဲ့ Antenna တွေကို ရွေးချယ်ပေးရုံနဲ့ အကွာအဝေး ဘယ်လောက်အထိ ရနိုင်တယ်ဆိုတာကိုကို ပြသပေးပါလိမ့်မယ်။ နမူနာအနေနဲ့ ဖမ်းတဲ့ဘက်ရော လွှင့်တဲ့ဘက်မှာပါ TL-WR543G Wireless Router နဲ့ TL-ANT2412D Antenna ကို အသုံးပြုထားပါတယ်။ Calculate လုပ်တဲ့အခါမှာ ရလာတဲ့ Result တွေကတော့ အောက်ပါအတိုင်းပါပဲ။
Picture
Result တွေကို ကြည့်လိုက်ရင် Wireless ကို 11g နဲ့ လွှင့်ရင် အများဆုံး 0.3 mile ထိ ရတာကို တွေ့ရမှာပါ။ 11b နဲ့ လွှင့်ရင်တော့ 0.5 mile ထိ ရပါလိမ့်မယ်။ (သီအိုရီအရသာ ဖြစ်ပါတယ်) ဒါကြောင့်မို့ b နဲ့လွှင့်တာဟာ ဝေးဝေးပိုရောက်ပေမဲ့ Speed ကျတော့ 1 Mbps ပဲ ရနိုင်တာကို သတိပြုရပါလိမ့်မယ်။ အထက်ပါ Result ဟာ Transmit ရော Receive ဘက်မှာ WR543G ပဲ သုံးစွဲထားတာမို့ ဒီလောက် အကွာအဝေးထိပဲ ရတာပါ။

CPE ဆိုတာ Customer Provision Equipment ရဲ့ အတိုကောက်ပါ။ ပေါ်လာတာ နှစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ သူက Wireless Signal တွေကို ဖမ်းနိုင်၊လွှင့်နိုင်ပြီး Outdoor အနေနဲ့ အသုံးပြုရပါတယ်။ Antenna တွေနဲ့ မတူတာက သူဟာ dbi များပြီး ဝေးဝေးရောက်ပါတယ်။ အဓိကကတော့ Point to Point ထိုးဖို့ အတွက် သုံးပါတယ်။ လွှင့်တဲ့ဘက်မှာ CPE တစ်ဗူးကို တိုင်နဲ့ထောင်၊ ဖမ်းတဲ့ဘက်မှာလည်း CPE ဗူးကို တိုင်နဲ့ ထောင်ပြီးဖမ်းရင် အနည်းဆုံး လေးမိုင်အကွာအဝေးလောက်ထိ ရပါတယ်။ ပုံမှာ CPE ကို ပြသထားပါတယ်။
Picture
Antenna တိုင်တွေနဲ့ မတူတာက Antenna တိုင်တွေဟာ အရပ်ရှစ်မျက်နှာကို Wi-Fi Signal လွှင့်နိုင်၊ ဖမ်းနိုင် ပါတယ်။ CPE တွေကတော့ လားရာတစ်ဖက်တည်း လွှတ်နိုင်၊ ဖမ်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ CPE တွေကို Directional ဆိုပြီး သုံးစွဲခေါ်ဝေါ်ကြတာပါ။ အင်တာနက်ဆိုင်တစ်ဆိုင်အနေနဲ့ အရပ်လေးမျက်နှာကို Wi-Fi လွှင့်ချင်တယ်၊ အဝေးကြီးလည်း ရောက်ချင်တယ်ဆိုရင်တော့ CPE ဗူး လေးဗူး တပ်ဆင်ရပါလိမ့်မယ်။

CPE ကို တပ်ဆင်နည်းကလည်း လွယ်ကူပါတယ်။ ပထမဆုံး Router နဲ့ CPE ကို CAT 6 ကြိုးနဲ့ ဆက်သွယ်ရပါလိမ့်မယ်။ CPE ၀ယ်တဲ့အခါ POE(Power Over Ethernet) Adapter ပါဝင်ပါလိမ့်မယ်။ Router က ကြိုးကို အဲဒီ POE Adapter ရဲ့ LAN အပေါက်ဆီ ဆက်သွယ်ရပါမယ်။ POE Adaptor မှာ နောက်ထပ်ပါဝင်တဲ့ POE အပေါက်နဲ့ CPE ကိုတော့ CAT 6 ကြိုးကို အသုံးပြုပြီး ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။

Picture
ပုံပါအတိုင်း ဆက်သွယ်ပြီးသွားရင် ဆက်ပြီးလုပ်ဆောင်ရမယ့် အပိုင်းက Setting ချိန်တဲ့အပိုင်းဖြစ်ပါတယ်။ အဓိက Main Point ကတော့ လွှင့်တဲ့ဘက်က CPE တွေဟာ AP Mode နဲ့ လွှင့်ရမှာပါ။ ဖမ်းတဲ့ဘက်က CPE တွေကတော့ AP Client Router Mode နဲ့ ဖမ်းယူရမှာဖြစ်ပါတယ်။

Setting ပြင်နည်းကတော့ ပထမဆုံး ကွန်ပျူတာရဲ့ IP ကို 192.168.1.x ဆိုပြီး x နေရာမှာ ကြိုက်တဲ့နံပါတ် ထည့်ပါ။ Subnet ကတော့ ထုံးစံအတိုင်း 255.255.255.0 ပါ။ ပြီးရင် CPE ကို ကွန်ပျူတာနဲ့ဆက်သွယ်ပါ။ Browser တစ်ခုခုကို ဖွင့်ပါ။ CPE ရဲ့ Default IP ဖြစ်တဲ့ 192.168.1.254 ကို ရိုက်ထည့်ပါ။ username နဲ့ password တောင်းရင် admin admin လို့ပဲ ထည့်ပေးပါ။

CPE Configuration ထဲ ရောက်သွားရင် ဘယ်ဘက်က Wireless mode ကို ရွေးချယ်ပါ။ ပြီးရင် ညာဘက်က AP mode ကို ရွေးပေးပါ။ ဒါဆိုရပါပြီ။ ဖမ်းတဲ့ဘက်မှာတော့ ဒီပုံစံအတိုင်းပဲ AP Client Router mode ကို ရွေးချယ်ပါ။

http://akarphyoe.mixxt.at မှ ကူးယူတင်ပြသည်။

Thursday, December 13, 2012

ဒါ အိပ်မက်တွေပဲဖြစ်ပါစေ


နင်သာ ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် ..
နင်နဲ့လက်တွဲရဖို့အတွက် မျှော်လင့်ထားတဲ့ ငါ့စိတ်ကူးအိပ်မက်တွေကို ရက်ရက်စက်စက်ရိုက်ချိုးပစ်မှာ မဟုတ်ဘူး ။

နင်သာ ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် ..
ထာဝရမဟုတ်တောင် ငါလိုအပ်နေချိန်ခဏတာ ငါ့အနားမှာရှိနေပေးပါလား ဆိ...
ုတဲ့ ငါ့တောင်းဆိုချက်ကို နင် လျစ်လျူရှုပစ်ခဲ့မှာမဟုတ်ဘူး ။

နင်သာ ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် ..
နင့်ကိုလွမ်းလို့ကျခဲ့ရတဲ့မျက်ရည်တွေကို သုတ်နေတဲ့အခါ tissueတွေအစား နင့်ရဲ့နွေးထွေးတဲ့လက်တစ်စုံဖြစ်နေရမှာပေါ့ ။

နင်သာ ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် ..
ငါ့ကို ဒီလို လွမ်းတတ်အောင် သင်ပေးခဲ့တဲ့သူဟာ နင်မဖြစ်ခဲ့သင့်ဘူးလေ ။

နင် မချစ်ခဲ့မှန်း သိရက်နဲ့တောင် ..
အခုထိ ငါ မျှော်လင့်နေမိတာက ..
" ဒါ အိပ်မက်တွေပဲဖြစ်ပါစေ " လို့ပေါ့ !!!!




{ မယ်ပိုး }

ဒါကို သူတို့မသိကြဘူး....


✔ သူမမှားခဲ့ပေမယ့် သင်စိတ်ကျေနပ်ဖို့အတွက် တောင်းပန်ပါတယ်လို့ ပြောခဲ့ဖူးရင် ...

✔ သင့်ကိုချစ်တဲ့စိတ် (ဒါမှမဟုတ်) သင့်ကိုလွမ်းတဲ့စိတ်နဲ့ သင့်ရှေ့မှာ ငိုခဲ့ဖူးရင် ...

✔ သူ့ကို နာကျင်အောင် ဘယ်လောက်ပဲ လုပ်လုပ် သူ့ဘက်ကအချစ်မပြယ်ခဲ့ဖူးဆိုရင် ......

✔ သင့်ဘက်က လမ်းခွဲခဲ့တာတောင်မှ ပြန်လည်ပိုင်ဆိုင်ဖို့ အသဲအသန် ကြိုးစားနေတုန်းပဲ ဆိုရင် ...

☛ သူ့ကိုထားမသွားပါနဲ့ ... သင့်အပေါ် သူ့လောက် ရူးသွပ်စွာ ချစ်နေမယ့် ချစ်သူမျိုး သင်နောက်ထပ်တွေ့နိုင်တော့မှာ မဟုတ်ပါဘူး ☚




.ပိုးဟပ်ဖြူ.
Heart Canteen
နင့်မှာလဲ အဲ့လိုစိတ်မျိုးရှိရင် ကောင်းမယ် ချစ်သူ.... ငါနင့်ကို ဘယ်တော့မှာ့ မေ့မှာ မဟုတ်ပါဘူးဟာ

Wednesday, December 5, 2012

အထွေထွေ ဗဟုသုတဘာသာ


၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။
အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။
အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။
အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။
အမေး။ မဟာ ဗန္ဓုလသည် မည်သည့်စစ်ပွဲတွင် ကျဆုံးခဲ့သနည်း။
အဖြေ။ သူ၏ နောက်ဆုံးစစ်ပွဲတွင် ဖြစ်သည်။
အမေး။ မင်းတုန်းမင်း၏ ငယ်နာမည်ကို သိပါသလား။
အဖြေ။ လုံးဝမသိကြောင်း ၀န်ခံပါသည်။
==============================
၂) အောက်ပါတို့ကို အသေးစိတ်ရှင်းပြပါ။
အမေး။ လူ နှင့် ခွေး၏ ဆက်စပ်ပုံကို ဖြေပါ။
အဖြေ။ လူသည် သေမျိုး၊ ခွေးသည်လည်း သေမျိုး
သေမျိုးခြင်းအတူတူဖြစ်သည်။ ထို့ကြောင့်...
လူသည် သေမျိုး = ခွေးသည် သေမျိုး
ညီမျှခြင်းနှစ်ဘက်စလုံးမှ `သေမျိုး´ များကို ချေလိုက်သောအခါ
လူ = ခွေး
အမေး။ `ကျွဲပါးစောင်းတီး´ စကားပုံကို ရှင်းပြပါ။
အဖြေ။ ကျွဲ၏ ပါးစောင်းအား သွားတီးခြင်းဖြစ်ပါသည်။ အင်မတန်မှ
အန္တရာယ်များမည့် အလုပ်ဟု ယူဆရပါသည်။
အမေး။ ထမင်းစားသော တူကို မည်သူတီထွင်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။
အဖြေ။ တရုတ်လူမျိုးများဟု ထင်ပါသည်။ သို့သော် ထိုသူကို တော်တော်လေး
အမြင်ကပ်ပါသည်။ သူ့ဘာသာ လက်နဲ့အလွယ်တကူ စားလို့ရနေတာကို
တုတ်ချောင်းနှစ်ချောင်းဖြင့် ညှပ်ပြီး မခက်ခက်အောင်လုပ်ပြီး စားရသည်မှာ
သိပ်အဓိပ္ပာယ် မရှိဟု ထင်မိပါသည်။ တူ၏ အခြားမကောင်းသောအချက်မှာ
ဟင်းချိုသောက်၍ မရခြင်းဖြစ်သည်။
==============================
၃) အောက်ပါတို့ကို ဘာသာပြန်ပါ။
အမေး။ How do you do?
အဖြေ။ ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျာ။
အမေး။ Long time no see.
အဖြေ။ အရှည်ကြီးက အချိန်မမြင်ဘူးဟ။
အမေး။ Fine for smoking
အဖြေ။ ဆေးလိပ်သောက်လို့ အဆင်ပြေပါတယ်။
အမေး။ We need to check the time table.
အဖြေ။ ကျုပ်တို့ နာရီစားပွဲနဲ့ ကျားထိုးရဦးမယ်ဗျ။
အမေး။ Free Burma.
အဖြေ။ မြန်မာပြည်ကြီးကို အလကားယူသွားဗျာ (ပိုက်ဆံပေးဖို့မလို)
အမေး။ Save the forest.
အဖြေ။ တောအုပ်ကြီးကို သိမ်းထားစမ်းပါ။
အမေး။ Free Alcohol Zone
အဖြေ။ အရက်အလားကား ရသော နေရာဖြစ်သည်။

အမေး။ Wash Basin

အဖြေ။ ရေဇလုံကို ဆေးပါ

Hacking Windows and Linux Passwords in 10 Seconds


Kon Boot အကြောင်းကို စသိတာက Knowledge Bridge ဆိုတဲ့ မဂ္ဂဇင်းအသစ်ရဲ့ ကြော်ငြာကို ဖတ်ပြီး သိခဲ့တာပါ။ သူ့ထဲမှာရေးထားတာက Windows ရဲ့ Kernel အထိ Hack လုပ်နိုင်တဲ့ Kon Boot ဆိုပြီး ရေးထားပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း Kon Boot ဆိုတာ ဘာပါလိမ့်ဆိုပြီး Google မှာ ရှာကြည့်လိုက်တဲ့အခါ တကယ့်ကို အံသြစရာကောင်းလောက်တဲ့ အရာတစ်ခုဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ Windows တွေ Linux တွေရဲ့ Password ဟာ လုံးဝကို မလုံခြုံပါလားဆိုတာကိုပါ သိခဲ့ရပါတယ်။
အရင်တုန်းကလည်း Windows Password ဖျက်နိုင်တဲ့ Software တွေကို တွေ့ခဲ့ဖူးပါတယ်။ ဥပမာ Password Changer ဆိုရင် Password ကို ပြောင်းပစ်နိုင်တယ်။ Windows Key ဆိုရင် Password ကို 12345 အဖြစ် ပြောင်းလဲပေးတယ်။ အဲနောက် SAM Inside ဆိုရင်လည်း Password ကို Blank ဖြစ်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဖောက်ထွင်းမဲ့သူတစ်ယောက်ဟာ အဲဒီ tools တွေကို သုံးလည်း ပိုင်ရှင်ကတော့ သိမှာပါဘဲ။ အခု Kon Boot ကတော့….
အခု ကျွန်တော် Kon Boot အကြောင်းကို ရေးလိုက်တာဟာ သူခိုးလမ်းပြ လုပ်တာမဟုတ်ပါ။ ဒါမျိုး နည်းလမ်းတွေ ရှိနေပြီဆိုတာကို စာဖတ်သူတွေ သိစေချင်တာပါ။ ပြီးတော့ ဒါဟာ အပြောသက်သက်တင် မဟုတ်ဘူး။ လက်တွေ့မြင်မှ ယုံမယ်ဆိုတဲ့သူတွေအတွက် လက်တွေ့စမ်းသပ်ခဲ့တာကို ရေးပြထားပါတယ်။
Kon Boot ကို လက်တွေ့စမ်းသပ်ခြင်း
၁။ Kon Boot ကို မစမ်းသပ်ခင်မှာ Windows XP မှာ ကျွန်တော်သုံးနေတဲ့ Admin User Account ကို အရမ်းရှုပ်ထွေးတဲ့ Password တစ်ခု ပေးလိုက်ပါတယ်။
၂။ Kon Boot ဟာ Offical နည်းအရတော့ CD ထဲကိုထည့်ပြီး Boot လုပ်ပြီး သုံးရမှာပါ။ ဒါပေမဲ့ ကျွန်တော် စမ်းသပ်ကြည့်တဲ့အခါမှာတော့ ဘာကြောင့်မှန်းမသိဘဲ အဲဒီ Kon Boot စီဒီခွေကို Boot လုပ်လို့ရပေမဲ့ ဘာမှ ပေါ်မလာပါဘူး။ အဲဒါနဲ့ ကျွန်တော်လည်း Kon Boot ကို Memory Stick ထဲ ထည့်လိုက်ပါတယ်။ ပြီးတော့ Memory Stick ကနေ Boot လုပ်လိုက်ပါတယ်။
၃။ Kon Boot တက်လာပါတယ်။ Screen မှာတော့ Kryptos Logic ဆိုပြီး ပေါ်လာပါတယ်။ Space လေး တစ်ချက်ပုတ်လိုက်ပါတယ်။ စာကြောင်းလေးငါးကြောင်းလောက် ပေါ်လာပါတယ်။ ခဏနေတော့ Windows က ပုံမှန်အတိုင်း တက်လာပါတယ်။ (Kon Boot အလုပ်လုပ်သွားတာ 10 စက္ကန့်ပဲကြာပါတယ်)
၎။ Windowx XP ရဲ့ Welcome Screen ကြီး ပေါ်လာပါပြီ။ အစောက ကျွန်တော် Password ပေးထားတဲ့ Admin Account ကို ဖွင့်လိုက်ပါတယ်။ Password လုံးမမတောင်းတော့ပါ။ ဒီအတိုင်း ပွင့်သွားပါတယ်။
၅။ Control Panel ထဲဝင်ပြီး အဲဒီ Account ကိုပဲ Password ပြောင်းကြည့်ပါတယ်။ လုံးဝ ပြောင်းမရပါ။ Windows Cannot Change Password ဆိုတဲ့ Dialog Box တစ်ခုပဲ ပေါ်လာပါတယ်။
၆။ စက်ကို Restart ပြန်လုပ်လိုက်ပါတယ်။ Kon Boot ထည့်ထားတဲ့ Memory Stick ကနေတော့ Boot မလုပ်တော့ပါ။ ပုံမှန်အတိုင်း Hard Disk ကနေပဲ Boot လုပ်လိုက်ပါတယ်။
၇။ Windows တက်လာပါတယ်။ Welcome Screen ပေါ်လာပါတယ်။ အစောက Password မတောင်းတော့တဲ့ Admin Account ဟာ အခု Password ပြန်တောင်းနေပါတယ်။ Password ရိုက်ထည့်ပေးလိုက်တယ်။ Account ပွင့်သွားပါတယ်။
အခု ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် Kon Boot ဟာ Windows Password ကို တစ်ခါပဲ ဖျက်ပေးပါတယ်။ နောက်တစ်ခါ Restart လုပ်လိုက်မယ်ဆိုရင် Password က နဂိုအတိုင်းပဲ ပြန်တောင်းနေဦးမှာပါ။ အဲဒါ Kon Boot ပါ။ ဒါကြောင့်မို့ ကွန်ပျူတာပိုင်ရှင်တွေအနေနဲ့ ဘယ်လိုမှ မသိနိုင်တော့ပါဘူး။
Kon Boot ဟာ အောက်မှာရေးပြထားတဲ့ Windows OS တွေမှာ အလုပ်လုပ်နိုင်ပါတယ်။
Windows Server 2008 Standard SP2 (v.275)
Windows Vista Business SP0
Windows Vista Ultimate SP1
Windows Vista Ultimate SP0
Windows Server 2003 Enterprise
Windows XP
Windows XP SP1
Windows XP SP2
Windows XP SP3
Windows 7
ဒီ Linux Distro မျိုးစုံမှာလည်း ရပါသေးတယ်
Gentoo 2.6.24-gentoo-r5 GRUB 0.97
Ubuntu 2.6.24.3-debug GRUB 0.97
Debian 2.6.18-6-6861 GRUB 0.97
Fedora 2.6.25.9-76.fc9.i6862 GRUB 0.97
ဘယ်လိုကာကွယ်မလဲ
ကျွန်တော် စဉ်းစားရသလောက်တော့ CD ကနေ ဒါမှမဟုတ် USB Device ကနေ Kon Boot ကို သုံးပြီး Boot လုပ်လို့မရအောင် BIOS ကို Password ပေးထားရင်တော့ လုံခြုံနိုင်ပါတယ်။ ဒါပေမဲ့ BIOS Password ဆိုတာကလည်း CMOS Battery ကိုဖြုတ်ရင် ပြုတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ System Casing ပုံးကို ဖွင့်ပြီး လုပ်ရမယ့်ကိစ္စမို့ အနည်းငယ်တော့ ကြန့်ကြာမှု ဖြစ်စေမှာပါ။ ဒါပေမဲ့ Casing ပုံးမဖွင့်ဘဲ BIOS Password ဖျက်တဲ့ နည်းတွေကလည်း ရှိနေပြပါသေးတယ်။ ဥပမာ BIOS အမျိုးအစားပေါ်မူတည်ပြီး Master Password တွေ သုံးတာတို့၊ Software နဲ့ CMOS Battery ကို Spike လှမ်းရိုက်ပြီး ဖြုတ်နိုင်တာတွေလည်း ရှိနေပြန်ပါသေးတယ်။
ယေဘုယျပြောရရင်တော့ Windows Password ဟာ လုံခြုံမှုမရှိတော့ပါဘူး။ Admin Password ကို Hack လုပ်နိုင်ပြီးတဲ့အခါမှာ NTFS Permission ပေးထားတဲ့ Data တွေကိုပါ ခိုးယူနိုင်ပါလိမ့်မယ်။ ဆိုးကျိုးတွေ ကတော့ တကယ်တမ်းအများကြီးပါ။
တကယ်တမ်းတော့ အရေးကြီး Data တွေကို Portable Hard Disk ထဲပဲ ထည့်ထားလိုက်တာ အကောင်းဆုံးပါပဲ။ သွားလေရာ သယ်သွားလို့ရတယ်။ ဖွက်ချင်တဲ့နေရာ ဖွက်ထားလို့ရတယ်။ ကဲ ကျွန်တော့် အကြံ မပိုင်ဘူးလားဗျာ…..
(Kon Bot ကို ဘယ်လိုသုံးရမှာလဲဆိုပြီးတော့ ကျွန်တော့်ကို မေးမြန်းခြင်းများ သည်းခံကြပါခင်ဗျာ။ သူ့ရဲ့ Offical Site မှာ install လုပ်နည်း၊ အသုံးပြုနည်း အသေးစိတ်ရေးထားပါကြောင်း…)

ယခင် BURMA ယခု MYANMAR


တစ်ကယ်ဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံအဖြစ် ထင်ရှားခဲ့ဘူးပါတယ်၊ 1959 ခုနှစ်လောက်က ဖွင့်ခဲ့တဲ့ မင်္ဂလာဒုံလေဆိပ်ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးလို့ နာမည်ကျော်ခဲ့ပါတယ်. အဆောက်အဦးတစ်ခုလုံး လေးအေးစက်တွေနဲ့ ပန်းချီဆရာကြီး ဦးဘကြည်ရဲ့ ပန်းချီလက်ရာတွေဟာ ပြောမဆုံးအောင် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်၊ ကျနော်တို့ ငယ်ငယ်တုန်းက လေအေးစက်ကြောင့် အေးနေတဲ့ လေယာဉ်ကွင်းအဆောက်အဦးကြီးထဲကို ၀င်ပြီး တအံ့တသြဖြစ်ခဲ့ရပါတယ်။ ကျနော်တို့တင် မဟုတ်ပါဘူး …… အဲဒီတုန်းက ယိုးဒယားဝန်ကြီးချုပ် ကစ်တီကာချွန်း မြန်မာပြည်ကို ချစ်ကြည်ရေးနဲ့ လေ့လာရေးလာပြီး အပြန်မှာ ဘန်ကောက်လေဆိပ်ရောက်တော့ သူ့လူတွေကို “မြန်မာပြည်ကို မှီဖို့ နောက်ထပ် နှစ်(၅၀)လောက် ကြိုးစားရမယ်”လို့ ပြောသွားခဲ့ဘူးပါတယ်၊
မလေးရှားနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် တွန်ကူအပ်ဗဒူရာမန်း လည်း မြန်မာပြည်ကို လာပြီးလေ့လာခဲ့တယ်၊ အပြန်ကျတော့ ဖဆပလတိုက်ခန်းပုံစံတွေ ယူပြီး ဆောက်တယ်၊ 1960ခုနှစ်လောက်တုန်းက ထင်ပါတယ်၊ အင်ဒိုနီးရှားက မလေးရှားပိုင် ဆာဘားနဲ့ ဆာရာဝတ်ကို ၀င်သိမ်းမယ်လုပ်တော့ မြန်မာနိုင်ငံသား ကမ္ဘာကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်က ၀င်ဖြန်ဖြေပေးခဲ့လို့
ငြိမ်းချမ်းရေးရသွားတယ်၊ အဲဒီတော့ မလေးရှားဝန်ကြီးချုပ်က ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကွာလာလမ်ပူက လမ်းမကြီးတစ်ခုကို ဦးသန့်လမ်းလို့ နာမည်ပေးခဲ့ပါတယ်၊ မလေးတွေကတော့ ယူသန့်(U Thant)လို့ ခေါ်ကြပါတယ်၊ စင်ကာပူမှာလည်း ရန်ကုန် လမ်းမကြီး (Rangoon Street )ဆိုပြီး မြန်မာပြည်ကို ဂုဏ်ပြု ခေါ်ဝေါ်ခဲ့ကြပါတယ်၊
1960 ခုနှစ် ၀န်းကျင်မှာ မြန်မာနိုင်ငံက ဟန်သာအေးနိုင်လွန်တို့၊ BPI က ဆေးတို့၊ ကြယ်စင်ဖဲထီးတို့၊ ဗန္ဓုလစောင်တို့၊ “တိုက်” ဆပ်ပြာမှုံ့တို့၊ ပေါ်ဆန်းမွှေးဆန်တို့ အရှေ့တောင်အာရှတစ်ဝိုက်မှာ နာမည် အကြီးဆုံး ဖြစ်ခဲ့ပါတယ်။
ပညာရေးကို ကြည့်ဦးမလား…. အရှေ့တောင်အာရှမှာ နာမည်အကြီးဆုံး တက္ကသိုလ်ဟာ ရန်ကုန်တက္ကသိုလ်ပါ၊ ရန်ကုန်တက္ကသိုလ်ကို ၀င်ခွင့်ရဘို့ကလည်း မလွယ်ဘူး၊ ပီနန်အစိုးရ ၀န်ကြီးတစ်ဦးဖြစ်တဲ့ ဒါတွတ်ဒေါက်တာတိန်းဟုတ်နန်းက “ကျနော်တို့ခေတ်က ရန်ကုန် တက္ကသိုလ် ဆေးကျောင်းဟာ အဆင့်အတန်း မြင့်လွန်းလို့ ၀င်ခွင့်မရခဲ့ပါဘူး၊ ဒါကြောင့် ကျနော်တို့ အိန္ဒိယကိုသွားပြီး ဆေးကျောင်းတက်ခဲ့ရတယ်၊” လို့ ပြောဘူးတယ်၊
အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်က အင်္ဂလိပ်စာဌာန ပါမောက္ခဟာ မြန်မာနိုင်ငံသား (Thirty Burmese Tales ကိုရေးခဲ့တဲ့) ဒေါက်တာထင်အောင်ပါဆိုရင် ခုခေတ်လူငယ်တွေက ယုံတမ်းစကားလို့များ ထင်လေမလား။
အဲဒီလို အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ပြီး အိမ်နီးချင်းနိုင်ငံတွေထက် နှစ်ပေါင်း ၅၀ လောက် ရှေ့ရောက်နေရာက အခုဆိုရင် တန်းတူမဟုတ်ရုံမက အဲဒီနိုင်ငံတွေရဲ့ နောက်မှာနှစ်ပေါင်း ၅၀ လောက် နောက်ကျကျန်နေခဲ့တာ တွေ့ရတော့ ရင်မနင့်ပဲ နေမလား၊
အရင်က တရုတ်၊ လောနဲ့ သီဟိုနိုင်ငံတွေကို နှစ်စဉ် ဆန်လှူခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် တဲ့ …..

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းထဲက စကားလေးနဲ့ အဆုံးသတ်ပါရစေ ……
“ ခင်ဗျားတို့ေ-ာက်ကျင့်တွေကို ပြင်ဖို့ အချိန်တန်ပြီ” လို့ ….

မှတ်ချက် = မလေးရှားမှာ ထုတ်ဝေတဲ့ အပြင်စီးမဂ္ဂဇင်း(ဧပြီလထုတ်)မှ ၀င်းမောင်ရဲ့ “ရွှေနိုင်ငံသို့” အမည်ရ ဆောင်းပါးကို ပြန်လည်ကူး၍ ထုတ်နှုတ်ဖေါ်ပြပါသည်။