ဆက်သွယ်လှူဒါန်းလိုလျှင်...

ကျွန်တော်တို့ လူငယ် ပရဟိတ ကူညီထောက်ပံ့ရေးအဖွဲ့ သို့ပါဝင် လှူဒါန်းချင်သူများ အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ် လှူတန်းနိုင်ပါသည်...

အောင်ကျော်သူ - 09-420042280 ကိုဇင် - 09-420056843
ကျော်ဘိုဘိုလင်း -09-5133853 ဘိုဘိုဘုန်းမြင့် -09-420176465
အောင်လေး -09-450032930 ဥက္ကာအောင် -09-450053512

ကျွန်တော်တို့ အဖွဲ့သွားရောက်လှူဒါန်းရာတွင် ကိုယ်တိုင်ကိုယ်ကျ ကုသိုလ်ပါဝင်ချင်သော အလှူရှင်များအနေဖြင့် သွားရောက်လှူဒါန်းမည့်ရက်မတိုင်ခင်(၁)ပတ် နောက်ဆုံးထား၍ အကြောင်းကြားစေချင်ပါသည်...

မှတ်ချက်

ကျွန်တော်တို့အဖွဲ့မှ လှူဒါန်းမှုများကို (၄)လ (၁)ခါပြုလုပ်သွားရန် စီစဉ်ထားပါသည်။ အမှန်တကယ် ဆင်းရဲချို့တဲ့ သောနေရာများကို ရှာဖွေ၍ လှူဒါန်းမည်ဖြစ်သည်။ ကြီးမားသော အလှူများပြုလုပ်နိုင်ရန် အတွက် Member ၀င်များလဲ အလိုရှိပါသည်...အိမ်တိုင်ရာရောက် အလှူငွေဖြတ်ပိုင်းဖြတ်ပေးပါမည်...

လူငယ် ပရဟိတ ကူညီထောက်ပံ့ရေးအဖွဲ့ ၏ အလှူအတန်းပုံရိပ်များ

ကျွန်တော်တို့ group လေးကို (၃၀.၁၁.၂၀၁၂ (သီတင်းကျွတ်လပြည့်နေ့)) က စတင်ဖွဲ့စည်းခဲ့သည်။
“လူငယ် ပရဟိတ ကူညီထောက်ပံ့ရေးအဖွဲ့” ၏ ပထမအကြိမ် လှူဒါန်းမှုအနေဖြင့် (ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၂)ရပ်ကွက်၊ပေါ်ဦး (၆)လမ်း) ၌တည်ရှိသော “သာသနာ့စရာ့ပရိယတ္တိစာသင်တိုက်” တွင် တန်ဆောင်မုန်းလပြည့်နေ့ (၂၈.၁၁.၂၀၁၂) ကပြုလုပ်ခဲ့ပါသည်။
အဖွဲ့ဝင်များမှ စုပေါင်းကာ “ကထိန်လျာမြတ်သင်္ကန်း” နှင့် လှူဖွယ် ၀တ္ထုအစုစုကို ကျောင်းတိုက် ပဓာန နာယက ဆရာတော် “ဘဒ္ဒန္တ-၀ိစိက္က” အားကပ်လှူခဲ့ပါသည်။ ကျောင်းတိုက်တော်ကြီး ဆောက်လုပ်ရန်အတွက်အလှူတော်ငွေ (၆၀၀၀၀) ကျပ်အားဆက်ကပ်ခဲ့ပါသည်။
ထို့နောက် ကျောင်းတိုက်သို့ ကထိန်လျာသင်္ကန်း လာရောက်ဆက်ကပ်ကြသော လူပုဂ္ဂိုလ် ဧည့်ပရိသတ် များအား အအေး၊ အချိုရည်များတိုက်ကျွေးလှူဒါန်းခဲ့ပါသည်။
နောက်ထပ်မံကာလှူဒါန်းမည့် အစီအစဉ်များလည်းရှိပါသေးသည်။ ဒုတိယ လှူဒါန်းမှုအနေဖြင့်....“ဆည်းဆာရိပ်ဘိုးဘွားဂီလာနရိပ်သာ” (၈၀၃/၈၀၅၊ မဟော်သဓာလမ်း၊ (၁၂) ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရန်ကုန်မြို့။)
ph-09-73018007
ဥက္ကဌ-Dr.သန်းမြင့်အောင် (ph-09-5078418) ကိုလှူဒါန်းရန် ရည်ရွယ်ထားပါသည်...
ကျွန်တော်တို့ အဖွဲ့သာမက တခြားအဖွဲ့ များလည်းသွားရောက် လှူဒါန်း နိုင်ရန် လိပ်စာနှင့်တကွ ဖုန်းနံပါတ်ပါ ဖော်ပြခြင်းဖြစ်ပါသည်...
ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးများအနေဖြင့် “အလှူရေစက်လက်နှင့်မခွာ” ဆိုသလို လှူတန်းနိုင်ကြပါစေ...

“ဆည်းဆာရိပ်” ဂိလာနဘိုးဘွားများ ရိပ်သာ

“မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသောခရီးလမ်း၏ အစ” ဟူသော လူ့လောကသဘာဝတွင် အို၊ နာ၊ သေရေး နှင့် မလွဲသွေ ရင်ဆိုင်ကြရမည်မှာ အမှန်တရားပင် ဖြစ်ပေသည်။
ထိုရှောင်လွှဲ၍ မရသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြရသူများတွင် ကုသိုလ်ကံ ကောင်းသူများအဖို့ ၎င်းတို့၏ ဘ၀နေ၀င်ချိန်ထိ မပူမပင် အေးချမ်းစွာ နေထိုင်သွားနိုင်ကြသော်လည်း ကုသိုလ်ကံ မကောင်းသည့် မိအို၊ ဖအို များမှာမူ ဘ၀နေ၀င်ချိန် မရောက်ခင်အကြား ဘ၀ကို ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်ကျော်နေကြရရှာပါသည်။
အကျိုးပေးကံကောင်းသည့် ဘိုးဘွားများအဖို့ သား၊သမီး၊ မြေးများနှင့် ပျော်ရွှင်နေချိန်တွင် ကံအကျိုးပေးနည်းလှသည့် ဘိုးဘွားများမှာ ပြုစုစောင့်ရှောက်မည့်သူများ မရှိ၍သော်လည်းကောင်း၊ ဘိုးဘွးများအပေါ် မနှစ်မြို့ သဖြင့် ငြူစူမှုမျိုးစုံအောက်တွင် သိမ်ငယ်စွာ ခံစား နေထိုင်ကြရကာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရပါသည်။ ထို့ကြောင့် ကြင်နာစွာ စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားများအတွက် မိသားစုသဖွယ် နွေးထွေးစွာ စောင့်ရှောက်ပေးနိုင်သော သီးသန့် ရိပ်သာလေးတစ်ခု လိုအပ်လာပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့နေကြသော ဂိလာန ဘိုးဘွားများအား ကြင်နာစွာဖြင့် ၎င်းတို့ အသက်ရှင်နေထိုင်နိုင်သမျှ ကာလအပိုင်းအခြားအထိ ၎င်းတို့အပေါ်တွင် နားလည်စာနာစိတ်၊ သည်းခံစိတ်ဖြင့် ပြုစုယုယပေးမည့် နွေးထွေးသော မေတ္တာများဖြင့် ဖေးမကူညီနိုင်ကြစေရန် မ,တည်ငွေဖြင့် “ဆည်းဆာရိပ်” ဂိလာန ဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့ကြပါသည်။ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အများပြည်သူစေတနာရှင်များ၏ အကူအညီများ လိုအပ်လျက်ရှိပါသည်။ထို့ကြောင့် ကျွန်ုပ်တို့နှင့်အတူ ဘိုးဘွားများအား နွေးထွေးသောလက်များဖြင့် ဖေးမကူညီကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

Wednesday, July 11, 2012

အသည်းကွဲ ကဗျာ....

ပြန်မရနိုင်တော့မှန်းသိရဲ့နဲ့
မင်းဆီကအချစ်
မျှော်လင့်နေတုန်းပဲ…
မမုန်းရက်နိုင်မှန်းသိရဲ့နဲ့
မင်းလမ်းခွဲဖို့တောင်းဆိုသေးတယ်..
ဘယ်ဆီရောက်မှန်းမသိတဲ့
ပင်လယ်ပြင်ထက်က
ပဲ့မရှိတဲ့ လှေလို
ရောက်ချင်ရောက်ဆိုပြီး
ရွက်တတ်ပေးသေးတယ်….
ငါပျော်ခဲ့ပါတယ်   မင်းဆီက အနမ်းတစ်ပွင့်ကြောင့်
        ။               မင်းဆီက အပြုံးလေးတွေကြောင့်
ငါရှုးသွပ်ခဲ့တယ်       မင်းဆီက ဖုန်းခေါ်သံလေးကြောင့်
        ။                  မင်းဆီက မျက်ဝန်တစ်စုံကြောင့်
ငါခံစားနေရတယ်… မင်းဆီက ပြင်းထန်တဲ့ စကားလုံးတွေကြောင့်
         ။                 မမျှော်လင့်ဘဲ လမ်းခွဲရတဲ့နေ့တွေကြောင့်
         ။                မင်းမရှိတဲ့ ထိုင်ခုံလေးမှာထိုင်ပြီး လွမ်းနေရတယ်…
ခြေသံကြားတိုင်း
မင်းခြေသံလား..
ဖုန်းသံကြားတိုင်း
မင်းဖုန်းလားဆိုပြီး
အိပ်မရခဲ့တဲ့ ညတွေဟာ
များလှပါပြီကွာ…
ပြန်လာပါလို့ မပြောချင်ပေမဲ့
ရင်နင့်စွာ ချစ်ခဲ့ပြီးမှ
အစိမ်းလတ်လတ်ကြီး
ရင်ခွဲခံရတော့
ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကလွဲရင်
ကျန်တဲ့ မေးခွန်းကို ဖြေနိုင်သေးပါတယ်ဟာ…
ငါဆီက လက်ကျန်အချစ်တွေ
ကျန်ရှိနေသေးတယ်ဆိုတာ
မင်းသိပါစေလို့ပဲ
ရင်နင့်စွာ ဆုတောင်းရင်း………….
အသည်းကွဲ ခံရသူတစ်ဦးရဲ့ ခံစားချက်ပါ..
စိုး……………

No comments:

Post a Comment