This is about Me !

My photo
I am a programmer.

Thanks for visiting my blog, I hope you will be getting something from this. I would like to share what I knew and please you could be reshared what you knew.

www.facebook.com/Kyaw Bo Lin

Friday, January 18, 2013

လက်တွေ့အသုံးချ ရုံးသုံးအင်္ဂလိပ်စာ (အစည်းအဝေးခေါ်ယူရာမှာ အသုံးပြုနိုင်တဲ့ စကားစုများ)..

အစည်းအဝေးခေါ်ယူရာမှာ အသုံးပြုနိုင်တဲ့ စကားစုများ နှင့် စတင်မှာဖြစ်ပါတယ်။ အောက်ပါစကားစုများ ကို နှုတ်ဖြင့်ပြောရာ၌ ဖြစ်စေ၊ စာဖြင့်ရေးသားရာမှာဖြစ်စေ သင့်တော်သလို အနည်းငယ်ပြင်ဆင်သုံးစွဲနိုင်ပါတယ်။

Asking for a meeting
အစည်းအဝေးပြုလုပ်ရန်ချိန်းဆိုခြင်း

-Could we schedule a time to meet next week?
နောက်အပတ်မှာတွေ့ဖို့ အချိန်သတ်မှတ်ကြမလား?

-I’d like to schedule a meeting as soon as possible.
ကျွန်တော် အစည်းအဝေးလုပ်ဖို့ အမြန်ဆုံး အချိန်သတ်မှတ်ချင်ပါတယ်။

-Can we meet and go over this together?
ကျွန်မတို့လူချင်းတွေ့ပြီး ဒီကိစ္စကိုဆွေးနွေးကြရအောင်လား?

-Perhaps we could meet and go over the details in person?
ကျွန်တော်တို့ လူချင်းတွေ့ပြီး အသေးစိပ်အချက်အလက်တွေကို ဆွေးနွေးကြရရင်မကောင်းဘူးလား?

Suggesting a meeting time
အစည်းအဝေးပြုလုပ်ရန်အချိန်အကြံပြုခြင်း

-How about Monday at nine?
တနင်္လာနေ့ နံနက် ကိုးနာရီမှာ တွေ့လို့ရမလား?

-How about sometimes after lunch?
နေ့လယ်စာစားပြီး တစ်ချိန်ချိန်ဆိုရင်ရော?

-Could we meet next week?
နောက်အပတ်မှာကျွန်တော်တို့တွေ့ကြရအောင်လား?

-Can I suggest 7:30 on Thursday evening?
ကြာသပတေးနေ့ ညနေ ခုနှစ်နာရီခွဲ မှာတွေ့မယ်ဆိုရင်ရော?

-Would half past five suit you?
ငါးနာရီခွဲဆိုရင်ရော အဆင်ပြေမလား?



Saying that you aren’t able to attend
အစည်းအဝေးအားမတက်ဖြစ်ကြောင်းပြောရာ၌ သုံးသော စကားစုများ

-Sorry I can’t make it then.
စိတ်မကောင်းပါဖူး ရှင်။ ကျွန်မအဲဒီအချိန်မလာနိုင်ပါဘူး။

-I’m afraid I have another appointment then.
အားတော့နာပါရဲ့။ ဒါပေမဲ့ ကျွန်မ အဲဒီအချိန်မှာ အခြားအစည်းအဝေး အတွက်ချိန်းဆိုထားပြီးသား ရှိနေလို့ပါ။

-I’m a bit tied up then. How about another time?
အဲဒီအချိန် မှာ ကျွန်တော် အလုပ် နည်းနည်း မအားဖြစ်နေမယ်။ နောက်တစ်ခါမှ တွေ့ကြရအောင်လား။

Saying that you can attend
အစည်းအဝေး တက်ဖြစ်ကြောင်း ပြောရာ၌ သုံးသော စကားစုများ

-Sounds good.
ကောင်းသားပဲ။

-Yes, that works for me.
ကောင်းပါပြီ။အဲံဒီအချိန်ဆိုရင် ကျွန်မ အတွက် အဆင်ပြေပါတယ်။

-Yes, that would be fine.
ဟုတ်ကဲ့။ အဲဒီအစီအစဉ်လေး အဆင်ပြေမယ်။

Confirming the day and time
အစည်းအဝေးပြုလုပ်ရန် အချိန် နှင့် နေရာအား အတည်ပြုရန် အသုံးပြုသော စကားစုများ။

-See you on Monday at seven.
တနင်္လာနေ့ နံနက် ခုနှစ်နာရီမှာ ပြန်တွေ့မယ်နော်။

-So, I look forward to seeing you on Tuesday at four.
ကဲ…ဒါဆိုရင် အင်္ဂါနေ့ နေ့လည် လေးနာရီမှာ ခင်ဗျားနဲ့တွေ့ဖိုကျွန်တော် မျှော်နေမယ်နော်။


Myanmar Network http://www.myanmar-network.net/forum/topics/3423487:Topic:125467#ix...


No comments:

Post a Comment