ခေတ်မီဖွံဖြိုး တိုးတက်တဲ့ မြို့ကြီးတွေရဲ့ အိမ်သာမှာ ကိစ္စရှင်းမယ်ဆိုရင် တော့သေချာတယ်၊ ထောင့်မှာ ကွမ်းတံတွေး ရှိနေလိမ့်မယ်။ ကျေးလက်ဒေသ မှာ အိမ်သာတက်မယ်ဆို ရင်တော့ အောက်ကိုမကြည့်ပါ နဲ့၊ အောက်မှာ တုတ်ချောင်းတွေ တန်ပေါင်းများစွာ ရှိနေလိမ့်မယ်။ အဲ့ဒါကြောင့် တောလည်းမက၊ မြို့လည်းမကျတဲ့ ရပ်ကွက်လေးမှာ ကျွန်တော်အိမ်သာတက် ကြည့်ဖူးတယ်။ “ကျွီ ကလောက် အင်း” ပထမ တံခါးပိတ်တယ်။ အလယ်ဂျက် ထိုးတယ်။ အဆုံး.....။ ရေထည့်ထားတဲ့ အိုးကလည်း ညစ်ပတ်လိုက်တာ။ ရေအိုးထဲမှာ လည်း ရေညှိတွေ နဲ့ ဆိုတော့ “ထွီ” ရေကိုကြည့် ပြီး ကျွန်တော် ရွံလာပါတယ်။ အဲဒါနဲ့ ပဲ အိတ်ကယ်ထဲ ပါလာတဲ့ တစ်သျှူးနဲ့ ကိစ္စ ရှင်းလိုက် တယ်။ ကံဆိုးချင်တော့ တစ်သျှူးပေါက်သွားပါတယ်။ လက်ခလယ်တည့်တည့်ပါ။ လူ့အကျင့် ကိုသိတယ်မို့လား? နံပါတယ် ဆိုတာသိသိ ကြီးနဲ့ နမ်းကြည့်ချင်တယ်။ အဲဒီနမ်း ကြည့် ချင်တဲ့စိတ်ကပဲ ကျွန်တော့် ကိုဒုက္ခပေးတာပါ။ “ထွီ နံလိုက်တာ” အနံပျောက်စေချင်လို့လား ၊ လွင့်စင်သွားစေချင်လို့လား ဆိုတာမသိ ပေ မယ့် အဲဒီလက်ကို ခါမိပါတယ်။ ခါတဲ့ လက် ဘာဖြစ်မယ်ထင် သလဲ? ဟုတ်ကဲ့ ခါတဲ့လက် အိမ်သာ တိုင်နဲ့ မိတ်ဆက်ပါတယ်။ ဟိုလက်ခလယ်ကို ပဲထိပါတယ်။ ရုတ်တရက် နာကျင်မှုက အသိစိတ် ကိုဖုံး သွားပါတယ်။ နာကျင်တဲ့လက်ကိုတော့ အာငွေ့ နဲ့ ဖုံးထားပါတယ်။ နာကျင်တာသက်သာနိုး နိုးနဲ့ ပါစပ် ထဲငုံထားတဲ့ လက်က ဟိုလက်ခလယ်ပါ။ သေချာတယ် တစ်သျှူးပေါက်သွားတဲ့ လက်ခလယ်ပါ။ ဖင် ဆေးဖို့ ရွံပါတယ်ဆို တဲ့ ရေလည်း အဟမ်း... နောက်ဆုံး... ပါးလုပ်ကျင်းဖြစ်ပါတယ် ခင်ဗျ။ ဒီပုံပြင်လေး က တော့ “ဟားခလုတ် ၁၀ ”က စာရေးဆရာ ခွင်း ရေးထားတာလေးပါ ကျွန်တော်ကြိုက် လို့တင်ပေးလိုက်ပါတယ်။
No comments:
Post a Comment