အရက်ဆိုင်တွင် လူတစ်ဦး စကော့ဝီစကီ တစ်လုံးမှာပြီးတစ်ကျိုက်တည်း မော့သောက်ပစ် လိုက်သည်။ ဘေးကအရက်ချစ်သူတစ်ဦးက မချိတင်ကဲပြောသည်။ “ခင်များဗျာ၊ ဒီလောက်တောင် ကောင်းတဲ့အရက်ကို ဇိမ်ခံမသောက်ဘဲ တစ်ကျိုက်တည်း သောက်ပစ်ရလားဗျာ၊ နည်းလမ်းမကျလိုက်တာ” အရက်သောက်သူက သက်ပြင်းချရင်းပြောသည်။ “ကျွန်တော့်မှာ ဘယ်တော့မှမေ့လိုရမှာမဟုတ်တဲ့ အမှားမျိုးတစ်ခါမှားဖူးတယ်၊ အဲဒီမြင်းကွင်း မျိုးကို ထပ်မမြင်ရအောင် လုပ်တာပါ” “ဘယ်လောက်ဆိုးရွားတဲ့ မြင်ကွင်းလဲဗျာ” “တစ်ခါကဗျာ၊ ကျွန်တော် စကော့ဝီစကီ တစ်လုံးမှာပြီး မသောက်ရသေးခင်မှာ လက်ဖြားနဲ့ တိုက်မိပြီး ကျကွဲသွားဖူးတယ်ဗျ၊ အဲဒီမြင်ကွင်း မြင်ပြီးကတည်းက ဒီသောက်နည်းကို လက်ကိုင်ပြု ခဲ့ရတာပါပဲဗျာ” “ကြောက်စရာ့ မြင်ကွင်းပါလားဗျာ” မေးသူက ကတုန်ကယင်နှင့် သူ့အရှေ့က စကော့ဝီစကီ ပုလင်းကိုတစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။
No comments:
Post a Comment