တရားရုံး၏ တရားခံထားရာ ၀က်ခြံ ထဲတွင် တရားခံမူးပြီး တရားသူကြီးကို စိုက်ကြည့်နေသည်။ တရားသူကြီး ကတရားခံကို စာနာသနားပုံနှင့် ဤသို့ ညည်းတွားသည်။ “အင်း အရက် အရက် တယ်လည်းဆိုးသွမ်းပါလား၊ မောင်ရင်ဖြစ် ခဲ့တဲ့ ဖြစ်စဉ်ကို ကြည့်လိုက်ရင် တရားခံဟာ အရက်ပဲဆိုတာ ငြင်းလို့မရဘူး” အရက်သမားက အာလေးလျှာလေးနဲ့ ဤသို့လျှောက်လဲသည်။ “ကောင်းပြီလေ၊ တရားသူကြီးက တရားခံအစစ်ကို သိနေပြီပဲ။ အပြစ်မရှိတဲ့ ကျုပ်ကို လွှတ်ပေးဦး၊ ဆိုင်မှာ အမြီးတွေ ကျန်သေးတယ်ဗျ”
No comments:
Post a Comment