This is about Me !

My photo
I am a programmer.

Thanks for visiting my blog, I hope you will be getting something from this. I would like to share what I knew and please you could be reshared what you knew.

www.facebook.com/Kyaw Bo Lin

Sunday, January 20, 2013

ဘယ်လိုဘာသာပြန်မလဲ (The Way To Translation) အပိုင်း-၃

ဘယ်လိုဘာသာပြန်မလဲ (The Way To Translation) အပိုင်း-၃

ကျနော်အပိုင်း ၁ နဲ့ ၂ ကိုဖေါ်ပြပြီးဖြစ်ပါတယ်။ဆရာရွှေမင်းဝန်ဦးဘုန်းမြင့်ရဲ့ဆောင်းပါး
ဖြစ်ပါတယ်။ဒီတော့မဖတ်လိုက်ရသေးသူတွေကအပိုင်း(၁)အပိုင်း(၂) ဖတ်လိုက်ကြပါခင်ဗျာ။
အပိုင်း ၃မှာလဲဆရ့ာရဲ့အာဘော်ကိုဝေေ၀ဆာဆာဖေါ်ပြပေးဦးမှာဖြစ်ပါတယ်။ကျနော်မောင်သားလေး
နဲ့တူတူလေ့လာလိုက်စို့နော်။ဒီဆောင်းပါးတွေကိုဖတ်ပြီးကိုယ့်ဘာသာဘာသာပြန်ကျင့်ကြပါဦးနော်..။

……………………………………………………………………………………………………………………………….
Language Link Up !!!!
ဘာသာစကားအချိတ်အဆက်
If you can’t speak the Language,take a phrase book.Learn a few basic pharase such as,
Where’s?How Much?Please….and Thank you.
ဘာသာစကားကိုမပြောတတ်လျှင် စကားတွဲစာအုပ်တစ်အုပ်ကိုယူလိုက်ပါ။အခြေခံစကားတွဲလေးများကို
သင်ယူပါ။ဘယ်မှာလဲ..ဘယ်လောက်လဲ..ကျေးဇူးပြု၍..ကျေးဇူးတင်ပါတယ် စသဖြင့်ပေါ့…..။

If you can say Good Morning to the native in their own language,they will love it and you’ll
Feel one of the family.
ကောင်းသောမနက်ခင်းပါ..ဆိုတဲ့စကားလေးကိုလူမျိုးတိုင်းကိုသူ့ဘာသာစကားနဲ့ဆက်သွယ်ပြောဆိုနိုင်ရင်
သဘောကျမှာသေချာပေါက်ပါပဲ..သူတို့မိသားစုလိုဖြစ်သွားတာပေါ့…။

I never know a man of letters ashamed of his profession
ကျုပ်တော့ဖြင့်..သူ့စာပေလုပ်ငန်းနဲ့ပါတ်သတ်ပြီးသူ့ ကိုယ်သူရှက်ရွှ့ သွားတဲ့စာပေပညာရှင်က၀ိတစ်ဆူကို
မတွေ့ဖူးသေးဖူး (သက်ကရေး-Thackeray)

………………………………………….နှစ်ဘာသာကျွမ်းဖို့လိုပါသည်…………………………………………
ဘာသာပြန်….ဘာသာပြန်ဟု ခဏခဏပြောကြဆိုကြရေးကြသည်မှာ အပ်ကြောင်းထပ်နေပါပြီ။ကျနော်ဆီသို့
၂၀၀၅ ခုနှစ်လောက်က အသက် ၄၀ခန့်ရှိလူတစ်ယောက်ရောက်လာပြီး..ဆရာကျနော် ဘာသာပြန်အတတ်ကို
တတ်ချင်တယ်..ဘီအေ အောင်ပြီးတာကြာပြီ..အခုကုမ္ပဏီထောင်ထားပါတယ်..အဲဒါ..အဂ်လိပ်မြန်မာ..မြန်မာ
အင်္ဂလိပ်ဘာသာကောင်းကောင်းပြန်တတ်ချင်ပါတယ်..(အဲဒီလူပုံစံမှာစောင့်ကြွားကြွားဟန်ဖြစ်နေသည်)
ကျနော်ကပြုံးပြီး တစ်ခွန်းနှစ်ခွန်းမေးကြည့်လိုက်မိသည်။
ဟုတ်ပါပြီဗျာ…မြန်မာစာပေ..မြန်မာစကားပြေတွေ..ဥပမာဆိုပါတော့..ဦးကုလားမဟာရာဇ၀င်ကျမ်းတို့..ဇာတ်
ကြီးဆယ်ဘွဲ့တို့ ဖတ်ဖူးပါသလား…။
ဟင့်အင်း..အဲဒါတေ့တော့မဖတ်ဖူးဘူးဆရာ၊ကာလပေါ်ဝတ္ထုတွေပဲဖတ်တယ်….။
ဒါဖြင့် သိပ္ပံမောင်ဝတို့..ေ၇ွှဥဒေါင်းတို့ ၊ပီမိုးနင်းတို့၊လယ်တီပဏ္ဍိတဦးမောင်ကြီးတို့ ..နာမည်ကြီးစာရေးဆ၇ာတွေ
ပေါ့လေ..ဘာစာအုပ်တွေများသူတို့ရေးတာဖတ်ဖူးသလဲ…။
မမှတ်မိဖူးဆ၇ာ..ဖတ်တော့ဖတ်တာပဲ…
ကျနော်စကားဆက်မပြောတော့ပါ…ထိုသူလဲပေါ်မလာတော့ပါ……။

ဘာပဲဖြစ်ဖြစ်ဘာသာပြန်ရာတွင်နှစ်ဘာသာလုံးကျွမ်းကျင်ဖို့လိုမည်ဆိုတာဆရာ့ဆောင်းပါးကိုဖတ်ထဲကသိရ
သည်။ကျနော်တို့ခုလူငယ်တွေ အရင်ကအလွန်နာမည်ကြီးခဲ့သောဘာသာပြန်စာပေများကိုမဖတ်ကြတော့
ခုခေတ်အချစ် ၊အမုန်းများသာဖတ်ကြသည်။မောင်သားလေးကတော့အင်္ဂလိပ်လိုမြင်ရင်ပဲပင်ပေါက်ထင်ပြီး
ဘာသာပြန်ဖို့ ဝေးစွ..ကျော်ဖတ်ခဲ့သည်။ထို့ကြောင့်သေချာစဉ်းစားကြည့်လျှင်ဝေါဟာရကြွယ်ဝဖို့ ကျနော်တို့
စာဖတ်ကြရပေလိမ့်မည်။ဖတ်သမျှစာလဲမှတ်မိဖို့ကလိုသေးသည်။နဲနဲအားစိုက်ရမည်ပေါ့ဗျာ


ကျနော်အောက်မှာဆရာဘာသာပြန်ပြထားသောစာတန်းကလေးများကို
ထပ်ဆင့်ဖေါ်ပြလိုက်ပါသေးသည်……..။

1.နေမထိထိုင်မသာဖြစ်နေတယ်
Feeling somewhat nervous.

2.မင်းကဆရာလို့ခေါ်ရမှာဝန်လေးသကိုး…။
You’re not used to calling people “sir”.

3.စိတ်ကူးပေါက်မိတာပါ။
That’s an idea.

4.အဲဒါမျိုးတစ်ခါမှမတွေးမိပါဖူး..။
I never thought of that.

5.သဘာဝနဲ့ဆန့်ကျင်တာတစ်ခုမှမလုပ်ပါနဲ့ကွယ်..။
For Heaven’s sake don’t do anything unnatural.

6.မင်းကိုငါအားလုံးလုပ်ခွင့်ပြုလိုက်မယ်..။
I’ll Let you do it all.

7.အဲဒါအကွက်ဆိုက်တာပဲ
That’s a Point.

8.သူတို့အတွေးတွေကတမျိုးပဲ။
Their thoughts were running on the same lines.

9.အကြည့်ချင်းဖလှယ်ကျတယ်ပေါ့။
Exchanged glances.

10.အဲဒီကတည်းကမင်းဘာလုပ်သေးလဲ
Have you done anything since then?

11.ပြော၇မှာကတော့စုံနံ့ သာမြိုင်ပဲ
That’s a rather a long story.

12.မင်းရဲ့စိတ်ကူးအားလုံးပြည်ဖုံးကားချရတော့မယ်။
You must drop the whole idea.

13.ကိုယ့်ဖာသာကိုယ်ရှာစမ်းပါ..။
Find out for yourself.

14.ရှင့်ရဲ့ကိုယ်ရေးကိုယ်တာကရောဘယ်လိုလဲ
And how about your personally?

15.၅နာရီဆိုမစောလွန်းဖူးလား။
Won’t Five be a little early?

16.ကျနော်ေ၇ာသူရောအဲဒါကိုမတတ်နိုင်ပါဖူးဗျာ
Neither of us can

17.လွယ်လွယ်လေးဆုံးဖြတ်ပြီးသားပါကွယ်…။
That is easily solved.

18.ရှင်းပြဖို့အတော်ခက်တာပဲ
It’s rather hard to explain.

19.ငါစိတ်ပြောင်းလိုက်ပြီ
I’ve changed my mild.

20.မင်းဒီလိုပဲအမြဲလောနေတာပဲ။
You’re always in such a hurry.

21.အဲဒါပိုကောင်းချင်ကောင်းနိုင်တယ်။
That Might be better.

22.ကိုသားလေး……………….မင်းဟာပကတိရိုးသားသူတစ်ယောက်ပါ။
TherLay,You’re such innocent.

23.တစ်ယောက်ထဲပဲနေနေရတယ်။
I have been so lonely.


Credit :Sir Shwe Min Wun U Phone Myint
Blogging By WYTU Therlay
wytumyanmar@gmail.com

No comments:

Post a Comment