အဆင့်မြင့် ကော်ဖီဆိုင်တွေများလာတာနဲ့အမျှ
ကော်ဖီတွေရဲ့အမျိုးအမည်တွေကလည်း များလာပါတယ်။ နောက်တစ်ခေါက် ကော်ဖီဆိုင်ထိုင်တဲ့အခါ
ကိုယ့်စိတ်ကြိုက်တွေ့တာမှာလို့ရအောင် ကော်ဖီဆိုင် menu တွေမှာ တွေ့လေ့ရှိတဲ့ ကော်ဖီနာမည်ဆန်းတွေရဲ့အဓိပ္ပါယ်ကို ဖော်ပြလိုက်ပါတယ်၊
Espresso
တခြား ကော်ဖီတိုင်းရဲ့ အခြေခံအဖြစ် မကြာခဏအသုံးပြုလေ့ရှိတဲ့ကော်ဖီအမျိုးအစားပါ။
လှော်ထားတဲ့ကော်ဖီစေ့တွေကနေ အလွန်ပူပြင်းတဲ့ရေကို ဖိအားများစွာဖြင့်အတင်းဖြတ်စေခြင်း
ဖြင့်ပြုလုပ်ထားတဲ့ Black Coffee အပြင်းစားပါ။
ခရင်အနည်းငယ်နဲ့ သုံးဆောင်လေ့ရှိပါတယ်။
Cappuccino
အမြှုပ်များတဲ့ကော်ဖီပါ။ နွားနို့အမြှုပ်
ပူပူသုံးပုံတစ်ပုံ၊ အမြှုပ်သုံးပုံတစ်ပုံနဲ့ espresso
သုံးပုံ တစ်ပုံစီရောထားတဲ့အတွက် အမြှုပ်များတဲ့ကော်ဖီပါ။ ကိုကာမှုန့်နဲ့ အမြှုပ်ပေါ်ဖြူးလေ့ရှိပါတယ်။
Long Black
Espresso သုံးပုံနဲ့ ရေနွေးသုံးပုံနှစ်ပုံရောထားတဲ့ကော်ဖီအပြော့စားပါ။
ရေကို အရင် ထည့်ထား တဲ့အတွက် ခရင်မ် ကျန်နေသေးပါတယ်။
Caffe Latte
Latte လို့ခေါ်တာများပြီး Espresso သုံးပုံတစ်ပုံနဲ့ နွားနို့အမြှုပ်ပူပူလေး
သုံးပုံနှစ်ပုံ ရောထား တဲ့ ကော်ဖီဖြစ်ပါတယ်။
Flat White
Espresso သုံးပုံတစ်ပုံနဲ့ ပေါင်းထားတဲ့နို့
သုံးပုံနှစ်ပုံပါဝင်ပြီး အမြှုတ်မပါတဲ့ကော်ဖီပါ။
Macchiato
နို့ပါတဲ့
Espresso လို့အဓိပာယ်ရပါတယ်။ အဖြူအစင်းကြောင်းလေးပေါ်ဖို့
နို့အမြှုပ် နွေးနွေး လေးနဲ့ ပုံဖော်ရပါတယ်။
Mocha
ချောကလက်ကြိုက်သူတွေအတွက်
ချောကလက်မှုန့် လက်ဖက်ရည်တစ်ဇွန်း၊ ရေပူ ၃၀ မီလီမီတာ၊ Espresso သုံးပုံတစ်ပုံ၊ အမြှုပ်ထွက်တဲ့နို့
သုံးပုံတစ်ပုံ၊ အမြှုပ် သုံးပုံတစ်ပုံ နဲ့ပြုလုပ်ထားတဲ့ကော်ဖီ ဖြစ်ပြီး ကိုကာအမှုန့်ကို
အမြှုပ်ပေါ်ဖြူးထားတတ်ပါတယ်။
No comments:
Post a Comment