This is about Me !

My photo
I am a programmer.

Thanks for visiting my blog, I hope you will be getting something from this. I would like to share what I knew and please you could be reshared what you knew.

www.facebook.com/Kyaw Bo Lin

Sunday, July 15, 2012

အမျိုးသမီးတွေ သဘာကျတဲ့ ပုရိသရဲ့ အလေ့အထ...

         
 “ဆေးလိပ်နှင့် အရက်သောက်ခြင်းမှ ရှောင်ရှားဖို့ အထူးလိုအပ်ပါတယ်။ ၎င်းအရာတွေက အသားအရေကို ခြောက်စေပြီး အရွယ်ကျကာ လူကိုနုံးချိစေပါတယ်။”
Shaving
          အမျိုးသမီးတွေက ကျိုးတို့ကျဲတဲ ဖြစ်နေတဲ့ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးငုတ်စိတွေကို သဘောမကျပါဘူး။ ဒါကြောင့် အမျိုးသမီးတစ်ယောက်နဲ့ ညစာစားဖို့များ ချိန်းထားတယ်ဆိုရင်တော့ Facial Hair လေးတွေကလည်း ပုံစံမကျသေးဘူးဆိုရင် တော့ razor နဲ့ ရှင်းပစ်သွားတာ အကောင်းဆုံးပါပဲ။
Nails
          အမျိုးသမီးတစ်ယောက်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်တတ်သလိုပဲ သင့်ကိုလည်းအမျိုးသမီးတွေကပြန်ပြီး လူကဲခတ်ပါလိမ့်မယ်။ ဒါကြောင့် လက်သည်း၊ ခြေသည်းတွေ ရှည်နေပြီ ဆိုရင် ပုံသွင်းပါ။ ဒါမှမဟုတ်ရင်တော့ ခပ်တိုတို သာ ညှပ်ပစ်လိုက်ပါ။
Skin
          မိတ်ကပ်နဲ့ အမျိုးသားလားလားမျှ မသက်ဆိုင်ပါဘူး။ ဟုတ်ပါတယ် အဲဒီအဆိုက။ ဒါပေမဲ့ ကိုယ့်ရဲ့ အသားအရေပျက်စီးမသွားဖို့ Skin Care ပစ္စည်းလေးတွေ သုံးပေးရပါမယ်။ မျက်နှာသစ်ပြီး အစိုဓာတ်ပါတဲ့ Anti-aging ခရင်မ်တစ်ခု လိမ်းပေးတာမျိုး၊ အသားအရေလျော့တွဲမသွားစေဖို့ နေလောင်ကာ ခရင်မ်တစ်ခု သုံးစွဲတာမျိုးတော့ ထိန်းသိမ်းပေပါ။ သန့်ရှင်းတောက်ပြောင်နေတဲ့ အမျိုးသားဆိုရင် အမျိုးသမီးတွေက ခင်မင်မိတ်ဆွေဖွဲ့ လိုပါတယ်။
Teeth Whitening
          လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်နဲ့ ယမကာ ဒါတွေဟာ အမျိုးသားတွေ နှစ်သက်တဲ့အရာတွေပါ။ ဒါတွေကို မရှောင်နိုင်ဘူးဆိုရင်တော့ ၀ါကျင်လာမယ့် ကိုယ့်ရဲ့သွား၊ အနံ့အသက်ဆိုးလာမယ့်ခံတွင်း စတာတွေကို ကြုံတွေ့လာရမှာပါပဲ။ ဒါကြောင့် မိမိရဲ့ သွားနဲ့ခံတွင်းကိုသန့်ရှင်း စင်ကြယ်အောင် သန့်စင်ပါ။ သွားတိုက်တဲ့အခါ နည်းလမ်းမှန်ကန်စွာ တိုက်ပါ။ ခံတွင်းငုံ ဆေးပြား ငုံပါ။ ဘက်တီးရီးယားများကို နှိမ် နင်းပေးတဲ့ ဆေးရည်နဲ့ အာလုပ်ကျင်းပါ။
Hair Care
          ရှန်ပူသုံးပြီး ခေါင်းလျှော်ပါ။ တွေ့ရာဆပ်ပြာနဲ့ အလွယ်တကူလျှော်ပစ်တာမျိုး ရှောင်ပါ။ ရှန်ပူနံ့ သင်းနေတဲ့ အမျိုးသားတစ်ယောက်ကို မနှစ်သက်တဲ့ အမျိုးသမီးတွေမရှိပါဘူး။ခေါင်းလိမ်းဆီ (သို့) ဂျဲလ်နဲ့ ပုံစံသွင်းပေးပါ။
Clothing
          လုပ်ငန်းခွင် (သို့) စီးပွားရေးအလုပ် လုပ်ကိုင်နေသူများလို အစဉ်သပ်ရပ်စတိုင်လ်ကျနေစေဖို့ အမြဲမလိုအပ်လှပါဘူး။ အ၀တ်အထည်က ဖြူစင်တောက်ပြောင်နေပြီး သန့်ရှင်းနေဖို့ပဲ လိုပါတယ်။ အမျိုးသမီးတွေက လှအောင်နေတာထက် ပုံမှန်ကိုပဲ သဘောကျကြပါတယ်။ ဘာကြောင့်လဲ...သင်က မင်းသားတစ်ယောက်မဟုတ်ဘူးလေ။

No comments:

Post a Comment