This is about Me !

My photo
I am a programmer.

Thanks for visiting my blog, I hope you will be getting something from this. I would like to share what I knew and please you could be reshared what you knew.

www.facebook.com/Kyaw Bo Lin

Sunday, July 15, 2012

ချစ်သူရေ...

          ဒဿနကျတဲ့ စကားလုံးပေါင်းများစွာနဲ့ ငါတို့တွေ “အချစ်” ဆိုတဲ့ နှလုံးသားခံစားချက်ကို အဓိပ္ပာယ်အမျိုးအမျိုး ဖွင့်ဆိုကြတယ်နော်။ ချစ်သူရောဘယ်လိုများ ဆိုထားလဲ “အချစ်” ဆိုတာကို၊ နင် ဘယ်လိုလက်ခံထားလဲဆိုတာလည်း ငါသိချင်တယ်ဟာ။ အလွမ်းပြေတစ်ခွန်းလောက် နင်ပြောပြပေးပါလားချစ်သူရေ... ငါတို့နှစ်ယောက် မျက်ဝန်းတွေကနေ ရင်ခုန်မှုတွေစခဲ့ကြတယ်နော်။ တစ်ချိန်ချိန်မှာ ဝေးမယ်ဆိုတာသိရင် နင်ကော ငါ့ကိုချစ်ခဲ့ပါ့မလား။ အနာဂတ်နေ့ရက် ဖြတ်သန်းရမယ့် ချောမွေ့ခြင်း၊ ကြမ်းတမ်းခြင်းကို ငါတို့မမျှော်လင့်ခဲ့၊ မတွေးခဲ့ကြဘဲ နှလုံးသားကို ရှေ့တန်းတင်ခဲ့တယ်။ စိတ်အလိုလိုက်ခဲ့ကြတယ်နော်။ အတိတ်နေ့ရက်တွေဟာ ငါတို့ အတွက် ပျော်ရွှင်စရာ ညနေခင်းတွေနဲ့ ပြည့်နက်ပန်းချီကား တွေလှပခဲ့တယ်။ ပျော်ရွှင်ခြင်းတွေ တစ်ပွေ့ တစ်ပိုက်နဲ့ တစ်ချိန်ချိန်မှာ နာကျင်ခြင်းဆိုတာကြုံတွေ့မယ်လို့ ငါတို့မထင်ထားခဲ့တာ မှားသွားပြီလား ! ။ ငါတို့ အချစ်တွေ မသိမ်းဆည်းနိုင်ခဲ့လို့ အခုငါတို့ရနေတာ “အလွမ်း” တွေပဲနော်။ ချိုမြိန်ခြင်းဆိုတာတောင် ခပ်ရှားရှားဖြစ်နေခဲ့ပြီ။ အားပြတ်နေတဲ့ လူတစ်ယောက်လို အလွမ်းတွေ ကိုအံတုရင်း မနက်ဖြန်တွေ ရှေ့ဆက်နေရတယ်။ နင်ရောငါ့ကို လွမ်းနေပါ့မလား။နင် နဲ့ဆုံဖို့ နေ့ရက်တွေ လက်ချိုးရေတိုင်းကျခဲ့ရတဲ့ ငါ့မျက်ရည်စတွေက အချိန်တွေကို မုန်းတီးနေမိပြီ။ “တမ်းတနေပါတယ်” လို့ ရင်ထဲကလေးလေးနက်နက်နဲ့ ပြောချင်တယ်ဟာ။ ငါလေ နင်နဲ့အဝေးမှာ ရောက်နေခဲ့ပေမဲ့ ငါ့စိတ်နဲ့ ငါ့နှလုံးသားက အမြဲတမ်းနင့်နားမှာပါဟာ။
          “There is life, There is hope” တဲ့။ ငါလည်းမျှော်လင့်နေပါတယ်။ ဘ၀ရှိနေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိနေသေးတာပဲနော်။ ငါတို့ဘယ်တော့မှ အရှုံးမပေးဘူးနော်။ အားမလျှော့ဘဲ မျှော်လင့်ချက်တွေ ပြည့်ဝအောင် ကြိုးစားကြမယ်လေ။ တစ်ခုတော့တောင်းဆိုပါတယ်ဟာ အနေဝေးသွားလို့ သွေးအေးမသွားပါနဲ့နော်။ ငါတို့ ရင်ခုန်သံတွေ နွေးထွေးနေသရွေ့ အချစ်တွေလည်း မအေးစက်ဖို့ နင့်ကိုတောင်းပန်ပါတယ်ဟာ။ “တိတ်တိတ်ကလေး” နဲ့ ငါ့ဘက်ကနင့်ကို စပြီးချစ်ခဲ့ရလို့ နင့်ကိုဆုံးရှုံးဖို့ဆိုတာလည်း ရူးမတက်ကြောက်ပါတယ်ဟာ။ နင်ငါ့ကိုထားခဲ့မှာ ရက်စက်ခဲ့မှာကိုလည်းခံနိုင်ရည်မဲ့နေတဲ့ ငါ့နှလုံးသားက လက်မခံနိုင်ပါဘူးဟာ။ မာနတရားတွေနဲ့ ငါတို့တွေအတိတ်နေ့ရက်တွေကို ဖြတ်သန်းခဲ့ကြတာကို ပြန်တမ်းတတိုင်း နှမြောနေမိတယ်။ အချစ်တွေသာ သီးသန့်ခိုင်မာနေတဲ့ အချိန်နှစ်ဦးသားကိုယ်စီအလွမ်းတွေကို ပိုက်ရင်း အဝေးတစ်နေရာစီမှာနော်။ ငါလျှောက်ခဲ့တဲ့ လမ်းဟာ မကြမ်းတမ်းပေမဲ့ နင့်ကိုထားခဲ့ရတယ်။ “ထွက်သွားခဲ့တဲ့လူက ဘာမှမဖြစ်ပေမဲ့ ကျန်ခဲ့တဲ့လူက အရမ်းနာကျင်ရတယ်” လို့နင်ပြောခဲ့တယ်နော်။နင်အိမ်မက်ထဲမတောင် ဒီလိုအတွေးမျိုးမတွေးပါနဲ့ ဟာ။ နင်နဲ့ အဝေးမှာ ငါဟာအထီးကျန်ပြီး တစ်ယောက်တည်းနေရတဲ့ အချိန် နင့်ကိုပိုပြီးတွယ်တာမိပါတယ်ဟာ။ အားကိုးရာမဲ့ ချိန်မှာ နင့်ကိုသာ အားကိုးချင်ခဲ့တာပါ။ ဒါတွေကို နားလည်ပြီး ငါနင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာသိပေးပါနော်။ အလုပ်တွေ အရမ်းများလို့ ဖုန်းမဆက်ဖြစ်တဲ့အခါလည်း သတိရနေပေးပါနော်။ Chatting ထဲမှာလည်း နင့်အတွက်ရေးတဲ့ ငါ့စကားလုံးတွေ အပ်ကြောင်းထပ်နေပြီလား မသိပေမဲ့ ငါဟာနင်နဲ့ ဝေးတဲ့ နေ့ရက်တိုင်း “ပျော်ရွှင်မှုတွေနဲ့ ဝေးနေရတယ်” ဆိုတာ ယုံကြည်ပေးပါ။
          နင့်ကို အရမ်းချစ်တဲ့ငါ နင်အရမ်းချစ်ရတဲ့ လူတစ်ယောက် ငါ... ဖြစ်ချင်တယ်ဟာ...။
Blog လေးကောင်းလို့ People မဂ္ဂဇင်းမှာ့ ကူးယူဖော်ပြလိုက်ပါတယ်။

No comments:

Post a Comment