This is about Me !

My photo
I am a programmer.

Thanks for visiting my blog, I hope you will be getting something from this. I would like to share what I knew and please you could be reshared what you knew.

www.facebook.com/Kyaw Bo Lin

Sunday, November 18, 2012

Thank you!...Barack-Obama

-->

မစ္စတာ ဘားရက် အိုဘားမားအား ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုရှိ ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့တွင် မွေးဖွားခဲ့သည်။
          ၁၉၈၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ ကိုလံဘီယာတက္ကသိုလ်မှ နိုင်ငံရေးသိပံ္ပဘွဲ့ ရရှိခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် ဟားဗတ်ဥပဒေကျောင်းမှ ဥပဒေပညာဖြင့် ဒေါက်တာဘွဲ့ရရှိခဲ့ပြီး ဟားဗတ်ဥပဒေစာစောင်တွင် လည်း ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပါသည်။
          ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု ချီကာဂိုတွင် Community Organizer အဖြစ် ဆောင်ရွက်ခဲ့ပါသည်။
          ထို့နောက် ချီကာဂိုတွင် Civil Rights Attorney အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့ပြီး ၁၉၉၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ချီကာဂိုတက္ကသိုလ်ဥပဒေကျောင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ သင်ကြားပို့ချခဲ့ပါသည်။
          ၁၉၉၆ ခုနှစ်တွင် အီလီနွိုက်ပြည်နယ် ဆီးနိတ်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ၂၀၀၄ ခုနှစ်အထိ သုံးကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
          ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်တွင် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ၀င်ရောက်အရွေးခံရာ မအောင်မြင်ခဲ့သောကြောင့် ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် အထက်လွှတ်တော်၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါသည်။
          ၂၀၀၅ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့တွင် ကွန်ဂရက်၌ အထက်လွှတ်တော်အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါသည်။
          ၂၀၀၈ ခုနှစ် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းနေရာအတွက် ယှဉ်ပြိုင်ရာတွင် မစ္စစ် ဟီလာရီကလင်တန်နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ပြီးနောက် အနိုင်ရရှိခဲ့ပါသည်။
          ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သည့် ရီပတ်ဘလစ်ကန် သမ္မတလောင်း မစ္စတာ ဂျွန်မက်ကိန်းအား အနိုင်ရရှိခဲ့ပြီး (၂၀-၁-၂၀၀၉) ရက်နေ့တွင် (၄၄)ဦးမြောက် သမ္မတတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါသည်။
          ၂၀၀၉ ခုနှစ်၊ အောက်တိုဘာတွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်ခြင်း ခံခဲ့ရပါသည်။
          အမေရိကန်နိုင်ငံ စီးပွားရေးအတွက် အထောက်အပံ့ဖြစ်စေရန် အမေရိကန်နိုင်ငံပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ ဥပဒေ (American Recovery and Reinvestment Act) ကို ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့အပြင် အခွန်လျှော့ပေါ့ရေး၊ အလုပ်လက်မဲ့အာမခံများ ပြန်လည်ခွင့်ပြုခြင်းနှင့် အလုပ်အကိုင်ဖန်တီးရေးဥပဒေ (Tax Relief, Unemployment Insurance Reauthorization, and Job Creation Act) တို့ကို ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
          သမ္မတအိုဘားမားသည် အခြားသောပြည်တွင်းမူဝါဒများဖြစ်သည့် Patient Protection and Affordable Care Act,Dodd-Frank Wall Street Reform and Consumer Protection Act၊ Don’t Ask, Don’t Tell Repeal Act နှင့် Budget Control Act of 2011 တို့ကိုလည်း အစပြုခဲ့ပါသည်။
          နိုင်ငံခြားရေးမူဝါဒများတွင် အီရတ်မှ အမေရိကန်တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာရေး၊ အာဖဂန်နစ္စတန်နိုင်ငံသို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေး၊ ရုရှားနိုင်ငံ နှင့် START လက်နက်ထိန်းချုပ်ရေးစာချုပ်အသစ်အား လက်မှတ်ရေးထိုးခြင်း၊ လစ်ဗျားနိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန် (No-fly zone on Libya) သတ်မှတ်ရေးနှင့် ပါကစ္စတန်နိုင်ငံရှိ အယ်လ်ခိုင်ဒါအကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်အား ဖမ်းဆီးနိုင်ရန်အတွက် စစ်ဆင်ရေးတို့ကိုလည်း ဆောင်ရွက်စေခဲ့ပါသည်။
          ၂၀၁၂ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလစ်ကန်ပါတီမှ မစ္စတာ မစ်ရွမ်နီအပေါ် သမ္မတရွေးချယ်ရေးကိုယ်စားလှယ်မဲ (၃၀၃-၂၀၆) မဲဖြင့် အနိုင်ရရှိခဲ့ပြီး အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ထပ်မံရွေးကောက်တင်မြှောက်ခြင်းခံရပါသည်။
          သမ္မတအိုဘားမားသည် ၁၉၉၂ ခုနှစ်တွင် မီရှယ်လ် ရော်ဘင်ဆန်နှင့် လက်ထပ်ခဲ့ပြီး သမီးနှစ်ဦးဖြစ်သော မာလီယာ(၁၉၉၈) နှင့် ဆာရှာ(၂၀၀၁) တို့ကို မွေးဖွားခဲ့ပါသည်။

No comments:

Post a Comment