ဘ၀အမောတွေနဲ့
ပြေးလမ်းပေါ်မှာခြေခေါက်လဲရင်
...
ပြေးလမ်းပေါ်မှာခြေခေါက်လဲရင်
...
လဲသူကို တွဲထူပေးပါမောင် ။
ဖျားနာရင် နှဖူးလေးကိုစမ်းလို့
လမ်းဆမ်းမှု့ကို ပေးပါမောင်
စိတ်ဓါတ်ကျရင် လက်ကလေးဆုပ်လို့
နှုတ်ဖျားဖွဖွ အားပေးလှည့်ပါမောင်။
ကြေကွဲမှုတွေကြုံရတဲ့အခါ
ပခုံးပေါ်မှာပါးအပ်နှင်းလို့
ငိုကြွေးခွင့်လေး ပေးပါမောင်။
အချစ်ကိုကိုးကွယ်တဲ့မိန်းကလေးလို့
ပတ်ဝန်းကျင်က ဝေဖန်ကဲ့ရဲ့စကားဆိုရင်
အတင်းအဖျင်းတွေနဲ့ဝေးရာ
အေးချမ်းလှတဲ့ ကမ္ဘာလေးဆီ
ခေါ်သွားပေးပါမောင်။
No comments:
Post a Comment