This is about Me !

My photo
I am a programmer.

Thanks for visiting my blog, I hope you will be getting something from this. I would like to share what I knew and please you could be reshared what you knew.

www.facebook.com/Kyaw Bo Lin

Tuesday, November 20, 2012

ဒါပေမယ့်...

 
နင်နဲ့ငါ ..မဆိုင်တော့မှန်းတော့ သိတာပေါ့ !!
ဒါပေမယ့် .. .. ..
တခုခုဆို နင့်အတွက်ပဲ အရင် စိတ်ပူပေးမိတုန်းပေါ့ !!!

နင်နဲ့ငါ ..မဆိုင်တော့မှန်းတော့ သိတာပေါ့ !!
...
ဒါပေမယ့် .. .. ..
ဘယ်တော့မှရောက်လာမှာမဟုတ်တဲ့ နင့်ရဲ့ message လေးတွေနဲ့ နင့်အတွက် ငါသီးသန့်ထားထားတဲ့ ဖုန်းRingtoneသံလေးကို မျှော်နေမိတုန်းပေါ့ !!!

နင်နဲ့ငါ ..မဆိုင်တော့မှန်းတော့ သိတာပေါ့ !!
ဒါပေမယ့် .. .. ..
ငါ့အတွက် အရင်လို နင့်ခံစားချက်တွေများ ရေးထားဦးမလားဆိုပြီး နင့်wallပေါ်သွားကြည်မိနေတုန်းပေါ့ !!!

နင်နဲ့ငါ ..မဆိုင်တော့မှန်းတော့ သိတာပေါ့ !!
ဒါပေမယ့် .. .. ..
နင်အဆင်မှပြေရဲ့လား လို့ နင့်သူငယ်ချင်းတွေကို ပုန်းလျှိုးကွယ်လျှိုးမေးရတာ ငါ့မှာအမော !!!

နင်နဲ့ငါ ..မဆိုင်တော့မှန်းတော့ သိတာပေါ့ !!
ဒါပေမယ့်လေ .. .. ..
နင်သာပျော်မယ်ဆိုရင် နင် ငါ့အနားပြန်မလာလည်း နင်ချစ်တဲ့လူအနားမှာ ထာဝရရှိပေးနိုင်ပါစေ လို့ ငါ နာကျင်စွာနဲ့ ဆုတောင်းပေးမိမြဲပေါ့ !!!


* ကိုယ် သိပ်ချစ်ရတဲ့ လူတစ်ယောက်ကို ဘယ်သူမှ လွယ်လွယ်ကူကူ မေ့ပစ်နိုင်မှာ မဟုတ်ပါဘူး *




{ မယ်ပိုး }

No comments:

Post a Comment