This is about Me !

My photo
I am a programmer.

Thanks for visiting my blog, I hope you will be getting something from this. I would like to share what I knew and please you could be reshared what you knew.

www.facebook.com/Kyaw Bo Lin

Sunday, December 4, 2011

HTML basic (Html ကို စ လေ့လာ သူများ အတွက်) (ပထမ ပိုင်း)


ဒီ ဘလော့ လေးကို သိသူလဲ ရှိမယ် မသိသေးတဲ့ သူလဲရှိမယ် ဒါလေးကတော့ မသိသေးတဲ့သူ တွေ
အတွက် ရည်ရွယ် ပြီးတော့ တင်းပေးထား တာပါ။ အရမ်းတော် လို့တတ် လို့မဟုတ်ပါဘူး ကိုယ့်တတ်
သိထားတဲ့ ပညာကို တခြားသူကို ပြန်လည် ဝေမျှတဲ့ သဘောပါ။ အားလုံးကို တတ်စေ ချင်ပါတယ်။
Tag ဆိုတာဘာလဲ
Tag
ဆိုတာကတော့ ရိုးရိုး Text တွေနဲ့ HTML code တွေကို ခွဲခြားလို့ရအောင်လုပ်ထားတာပါ။
ဘယ်လိုမျိုးလဲဆိုရင်တော့ <b>This is bold </b> ဆိုရင် web browser နဲ့ ကြည့်ရင် စာလုံးဟာ bold
ဖြစ်နေပါလိမ့်မယ်။ အဲဒီမှာ <b> နဲ့ </b> တို့ဟာ tag တွေပါ။ အများအားဖြင့် tag တွေဟာ အဖွင့် နဲ့ အပိတ်ပါ
ပါတယ်။ အပိတ်ဆိုရင် / လေးခံထားပေးရပါတယ်။
HTML
အတွက် Editor
HTML
အတွက် Editor တွေ IDE တွေအများကြီးရှိပါတယ်။ ကျွန်တော်ကတော့ Dreamweaver အကြိုက်ဆုံးပါပဲ။
သူက HTML မတတ်ရင်တောင် Website တစ်ခုဆွဲလို့ရပါတယ်။ ဒါပေမယ့် Dreamweaver ကိုသုံးရင်တော့ HTML
code
တွေသိလာမှာ မဟုတ်သလို တခြား website တွေကို ပြင်ရတာလည်းခက်ပါလိမ့်မယ်။ ကျွန်တော်တို့တွေ
သူများတွေပေးထားတဲ့ website template ကိုပြင်ချင်တယ်။ ကိုယ်ပိုင်သေသေချာချာ HTML code
တွေကိုသိချင်တယ်။ ဒါဆိုရင်တော့ လေ့လာကာစမှာ Notepad သုံးပြီးလေ့လာပါ။ လေ့ကျင့်ပါ။ HTML က web siteဆွဲရတဲ့ အထမှဲာ အလွယ်ဆုံးနဲ့ အခြေခံအကျဆုံးပဲ။ သူ့ကိုသေသေချာချာနားလည်ထားမှ တခြား web
programming
တွေဖြစ်တဲ့ PHP, ASP.NET , JSP , Ruy On Rail တို့မှာ အထောက်အကူဖြစ်မှာပါ။HTML ကိုလေ့လာမယ်
1.Starting To Creat and Edit Webpage
Notepad
ဖြင့်စတင်ခြင်း
၁. Windows Key + R ကို နှိပ်လိုက်ပါ။ Run Dailog Box တက်လာပါမည်။ ထို့နောက် notepad လို့ရိုက်လိုက်ပါ။
ပြီးလျှင် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် notepad တက်လာပါလိမ့်မယ်။
၂. Notepad ထဲတွင် Format အောက်က word warp ကို check လုပ်ထားပါ ။ ဘာဖြစ်လို့လည်းဆိုရင်တော့ Word
Warp
က Notepad မှာစာရိုက်တာ ပြည့်သွားရင် အောက်တစ်ကြောင်း ဆင်းသွားရန်အတွက် ဖြစ်သည်။
HTML
စတင်ရေးသားခြင်း
၁. Notepad ထဲတွင် အခုလိုရေးသားလိုက်ပါ။


<html>
<head>
<title>This is title</title>
</head>
<body>
This is body
</body>
</html>
HTML
နဲ့ စပြီး HTML နဲ့ပြန်ပိတ်ရပါတယ်။ အဲဒီကြားမှာ html code
တွေရေးရပါတယ်။ Head Tag နဲ့ Head Tag အပိတ်ကြားတွင် Title
ထည့်ထားသည်ကို တွေ့ရမည်။ Title သည် Browser ၏ ထိပ် bar တွင်
တွေ့မြင်ရန်ဖြစ်သည်။ Body အဖွင့် နဲ့ အပိတ်ကြားမှာ မိမိ၏ နှစ်သက်ရာ
စာများရေးသားနိုင်သည် ။

၂. အဲဒါကို ကိုကြိုက် တဲ့နေရာ မှာ save သွင်းလိုက်ပါ။ Save Dialog box
တက်လာရင် filetype ကို All file လို့ပေးလိုက်ပါ။ file name ကို yourname.html လို့ပေးလိုက်ပါ။ yourname သည်
မိမိ၏ နှစ်သက်ရာ နာမည်ပေးနိုင်သည်။ .html သည် file extension ဖြစ်သည်။ HTML ရေးထားသော page များကို
.html
နှင့် .htm လို့ပေးမှသာ browser တွင် ပေါ်ပါလိမ့်မည်။
၃. Save သွင်းလိုက်သော file လမ်းကြောင်းကို သွားလိုက်ပါ ။ first.html file
လေးကို double click လုပ်ပြီး ဖွင့်လိုက်ပါ ။
ဒါဆို page လေးတစ်ခုတက်လာတာကို မြင်ရပါမယ်။

ထိပ်ပိုင်းတွင် File ပတ်လမ်းကြောင်းကို address bar
တွင်တွေ့ရမည်ဖြစ်သည်။ title tag ထဲတွင် ရေးထားသော This is tile
ဆိုသော စာကို Windos Title bar နှင့် Tab Title bar တို့တွင်
တွေ့ရမည်။ Body tag ထဲတွင် ရေးထားသော This is body ဆိုသော
စာသားကို စာမျက်နှာအဖြူပေါ်တွင် ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ပြင်မယ်ဆိုရင်တော့
IE7
မှာဆိုရင်
Page > View Source
ကိုနှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။
IE 6
မှာဆိုရင်
View > Source
ကို နှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။
အဲဒီမှာ ရေးထားတဲ့ codeတွေကို ဖတ်နိုင်သလို ကိုယ့်စက်ထဲမှာရေးထားတဲ့ page ဆိုရင်တော့ ပြင်ပြီး တစ်ခါတည်း
save
လုပ်နိုင်ပါတယ်။ Internet ပေါ်က Web site တွေကိုတော့ view > source ကနေဖွင့်ပြင်ပြီး save
လုပ်လို့မရပါဘူး။
Header Tag

notepad
ထဲမှာ ဒီလိုရိုက်လိုက်ပါ
<html>
<head>
<title>Example Of Header</title>
</head>
<body>
<h1>This is Header</h1>
This is normal text
</body>
</html>
အဲဒီ code လေးကို notepad ထဲမှာထည့်ရေး.. ပြီးတော့ run ကြည့်လိုက်ပါ။ Head Tag က
h1
ကနေ h6 အထိ ရှိပါတယ်။ နံပါတ်ကြီးလေလေ သေးသွားလေလေပဲ။ h6 ဆိုအသေးဆုံးကို ရောက်သွားပြီ။ ကဲ
လက်တွေ့ စမ်းကြည့်ရအောင်။ notepad ထဲမှာ အောက်ကလို ရိုက်ပြီး save လုပ်လိုက်။ ပြီးရင် ဖွင့်ကြည့်လိုက်ရင်
တွေ့ရပါလိမ့်မယ်။
<html>
<head>
<title>Example</title>
</head>
<body>


<h1>H1</h1>
<h2>H2</h2>
<h3>H3</h3>
<h4>H4</h4>
<h5>H5</h5>
<h6>H6</h6>
</body>
</html>
အခုဆို html အကြောင်းနည်းနည်း နားလည်လာလောက်ပါပြီ။ တကယ်တန်းတော့ မခက်ပါဘူး။ ဒါကအစပဲ
ရှိပါသေးတယ်။ ဒီလောက်လေးနဲ့ ပင် စာတွေပဲပါတဲ့ page တစ်ခုရေးလို့ရနေပြီ။
ဘယ် code ပဲရေးရေး <html><head><title></title></head><body></body></html>
သူတို့တွေကို ထည့်ပေးပါ နောက် ပိုင်းတွင် ကျွန်တော် အရှေ့မှာ ရှင်းပြပြီး ပြီ မို သူတို့တွေကို ထပ်မ
ထည့်တော့ ပါဘူး။
Alignment(စာအနေ အထားချိန် ခြင်း)
Alignment မှာ Left, Right, Center, Justify ဆိုပြီးတော့ ရှိပါတယ်။
(ဥပမာ) notepad ထဲမှာ <h1 align=”center”>Example</h1>  လို့ရိုက်ပြီး save လုပ်လိုက်ပါ။
ပြီးရင် save file ကို run လိုက်ပါ။ စာလုံးက အရှေ့မှာ ကျွန်တော် တို့ ရိုက်ထား သလို စာလုံးက ကြီး
ပေမယ့် အလယ်ကို ရောက်သွား တာကိုတွေ့ ရမှာပါ။ အနီ ရောင်နဲ့ ရေးထားတဲ့နေရာမှာ ကိုယ့် ကြိုက်
သလိုပြောင်းလဲ ရေးသားနိုင်ပါတယ်။ သတိ - h1 နဲ့ align ကြားမှာ space တစ်ချက် ခြားရပါ့မယ်။
Paragraph (စာပိုဒ် ရေးသားခြင်း)
Website တွေမှာ စာပိုဒ်တွေ ပါတဲ့ webpage တွေကို တွေ့ဖူးပါလိမ့်မယ် စာပိုဒ်တွေ ကညီ ပြီးတော့
ကြည့်လို့ ကောင်းပါတယ်။ အဲ့ဒီလိုလေး ရေးချင်တယ် ဆိုရင်တော့.........
<p align=”justify”>ဒီနေရာမှာ စာပိုဒ်ရေးပါ</p>  ဒီလိုလေး ရေးပြီးတော့ save လုပ်လိုက်ပါ။
<p align=”justify”></p> နဲ့ ရေးမယ်ဆို ရင်တော့ သူက စာပိုဒ်တစ်ပိုဒ် ချင်းကို ပဲညီ အောင် လုပ်
ပေးပြီး နောက် စာပိုဒ်တွေ ကိုဆက်ရေးလို့မရပါဘူး။ နောက်စာပိုဒ်ရေးမယ် ဆိုရင် တော့အစက
<p align=”justify”> နဲ့စ ပြီးတော့ ပြန်ရေးရပါ့မယ် ပြီးရင် </p> နဲ့ ပြန်ပိတ် ပါ.....
နောက်တစ်မျိုးကတော့.....
<div align=”justify”>ဒီနေရာမှာ စာပိုဒ်ရေးပါ</div> ပြီးရင် save လိုက်ပါ။
<div align=”justify”></div> နဲ့ ရေးမယ်ဆို ရင်တော့ သူက စာပိုဒ်တွေအားလုံးကို ညီအောင်လုပ်
ပေးပါတယ်။ တစ်ပိုဒ်ပြီး ရင်တစ်ပိုဒ်ကို <br> ခွဲပြီးတော့ ရေးရပါ့မယ်။ <br> ဆိုတာကတော့
စာကြောင်းတစ်ကြောင်း (သို့) စာတစ်ပိုဒ်နဲ့တစ်ပိုဒ် ကို ခွဲခြားပြီးရေးတာပါ။ စာတကြောင်းရေးပြီး
<br> ထည့်နောက်တစ် ကြောင်းရေးကြည့်လိုက်ပါ အောက်ကိုဆင်းသွားတာကိုတွေ့ ရပါလိမ့်...ဒီ
လိုပါပဲ <div align=”justify”>............<br>
          ...........................................<br>
          ပြီးရင်တော့ </div> ပြန်ပိတ် ပါ။
ဒီလောက်ဆို ရင်တော့ html  အခြေခံနဲ့ ပတ်သက်ပြီး တော်တော်လေး သိလောက်ပြီထင်ပါတယ် ။
စိတ်ဝင်းစားသူများကတော့ ဖတ်ပြီးရင် စမ်းကြည့်ပါလို့ မှာစေချင်ပါတယ်။ စမ်းသပ်တာကတော့
ကောင်းတဲ့အလုပ်ပါ။ code တွေကို ရေးရတာပျော် လာပါလိမ့်မယ်။ ကိုယ်ဖန်းတီးထားတဲ့ webpage လေးကိုကြည့် ပြီးတော့ ကြည်နူးလာပါလိမ့်မယ်။ ပျော်စရာကောင်းပါတယ်..........
ဒီနေကတော့ ဒီလောက်ပါပဲ နောက်လဲကျနေပြီ ဆိုတော့ ပြန်ရတော့မယ် နောက်နေ့ မှာတော့
(ဒုတိယ) ပိုင်းကို ဆက်ပြီး တင်ပေးသွားပါ့မယ်။ စမ်းသပ်လို့ မရဘူးဆိုရင်တော့
bravit.james@gmail.com ကို ဆက်သွယ်ပြီး မေးမြန် နိုင်ပါတယ်။ ကျွန်တော် သိသလောက် အကုန်
ဖြေပေးပ့ါမယ် :P  ။ လစ်ပြီ ဘိုင်းဘိုင်။။။။။။။။။။။။။။။။အဆင်ပြေနိုင် ကြပါစေ။

1 comment:

  1. မင်္ဂလာပါ ဆရာ၊ HTMLဟာ ကျွန်တော်အတွက် အရမ်း အထောက် အကူ ဖြစ်ခဲ့ပါတယ်ဗျာ (၃) ပိုင်းစလုံးကို လေ့လာ သင်ယူသွားပါတယ်။ ကျေးဇူး အထူးတင်ပါတယ် ဆရာ။

    ReplyDelete