This is about Me !

My photo
I am a programmer.

Thanks for visiting my blog, I hope you will be getting something from this. I would like to share what I knew and please you could be reshared what you knew.

www.facebook.com/Kyaw Bo Lin

Thursday, November 3, 2011

Online Security အတွက် သတိထားသင့်သော အချက်များ

Internet သုံးသူများ အဓိက သတိပြုသင့်တဲ့ online security (၉) ချက်ပါ။
(၁) သင့်ကွန်ပျူတာမှာကောင်းမွန်တဲ့ Antivirus နဲ့ Anti-Spyware တွေinstall လုပ်ထားဖို့လိုအပ်ပြီး အမြဲ up to date ဖြစ်နေအောင် ပြုလုပ်ထားသင့်ပါတယ်။ Recommended ပေးထားတဲ့ Anti-spyware တွေကိုအသုံးပြုသင့်ပါတယ်။
(၂) ကိုယ်ကိုယ်တိုင်သိတဲ့ ၊ သုံးနေကျဖြစ်တဲ့၊ ယုံကြည်ရတဲ့ဝက်ဘ်ဆိုက်တွေကိုသာ ၀င်ရောက်ကြည့် ရှုသင့်ပါတယ်။ တကယ်လို့ သင်မသိတဲ့ ၀က်ဘ်ဆိုက်တစ်ခုကိုဝင်ကြည့်မယ်ဆိုရင်တော့ကြော်ငြာတွေ၊ ခေါင်းစည်းတွေကို ကလစ်မနှိပ်မိဖို့ သတိထားပါ။
(၃)အီးမေးလ်ကတစ်ဆင့်ရောက်ရှိလာတဲ့Attachment file တွေကို Download မယူခင်ရော ယူပြီးမ run ခင်မှာပါ Virus Scan စစ်ဆေးပါ။
(၄)သင့်ရဲ့ operating system နဲ့ browser တို့ကို ပုံမှန် update ပြုလုပ်ပေးပါ။ပိုကောင်းတဲ့ လုံခြုံရေး အတွက်ဆိုရင် အင်တာနက်သုံးစွဲတဲ့အခါ ကိုယ်သုံးတဲ့ browser ရဲ့ နောက်ဆုံးထုတ် vresion ကို အသုံးပြုပြီးသုံးစွဲ သင့်ပါတယ်။
(၅)၀က်ဘ်ဆိုက်တစ်ခုဖွင့်မယ်ဆိုရင်တော့ broswer address bar ပေါ်မှာ URL ကိုအပြည့်အစုံရိုက် ပါ။ သင်က Gmail ကိုဝင်မယ်ဆိုရင် http://mail.google.com လို့ http:// ပါအောင်ရိုက်ပါ။
(၆)Login Pageတစ်ခုမှာ password ရိုက်ထည့်တော့မယ်ဆိုရင် အပေါ်က address မှာ http အစား https လို့ပြောင်းနေလား သေချာအောင်ကြည့်ပါ။ https ဟာ ssl(secure sockets layer) ဖြစ်ပြီး http ထက်ပိုပြီး Security ကောင်းပါတယ်။
(၇) Phishing Emails (မေလ်းအတုများ)ကိုသတိထားပါ။ သင့်ထံရောက်လာတဲ့ မေးလ်တွေထဲက ဥပမာ-ဒီလင့်ခ်ကိုနှိပ်ပြီး account settings ကိုပြောင်းရန်အစရှိသည်အားဖြင့်ဖော်ပြထားတဲ့ မေးလ်တွေက link တွေကိုမနှိပ် မိပါစေနဲ့။သင့်ကို spoofed pages (page အတု)တွေဆီကိုခေါ်သွား ပြီးlogin ၀င်ခိုင်းနိုင်လို့ပါ။
(၈) အသုံးပြုပြီးတဲ့အခါ အမြဲတမ်း logout ထွက်ပါ။ logout ထွက်ရုံတင်မက browser ရဲ့cacheeနဲ့ history တွေကိုရှင်းပေးပါ။ (mozilla firefox မှာဆိုရင် Tools ထဲက Clear Private Data ကိုနှိပ်ပြီး အမှန်အားလုံးခြစ်၊ Clear လုပ်ပေးပါ။)
(၉) Internet cafe တွေက public computers တွေမှာ bank account လိုအရေးကြီါ်တဲ့ အချက် အလက်မျိုးတွေ မသုံးစွဲပါနဲ့။ သုံးရမယ်ဆိုရင်လည်း Spyware,keystroke—logger,password-sniffer တွေလိုမျိုး ဆော့ဖ်ဝဲတွေ install လုပ်ထားမထား သေချာအောင်လုပ်ပါ။
အားလုံးအဆင်ပြေနိုင်ကြပါစေ။

No comments:

Post a Comment