Tuesday, December 25, 2012

ဖုန်းလိုင်းမှ Internet သုံးနေသူများ….. ဒါကိုသိပါသလားးးးးးးး???


ဖုန်းလိုင်းမှ Internet သုံးနေသူများ….. ဒါကိုသိပါသလားးးးးးးး (ဟမ်းစက် တစ်လုံးကို PC တစ်လုံးနဲ့ပဲ USB ပေါက်ကနေ join ပြီး Internet သုံးနေကျရတယ် …..(wifi လွင့်နိုင်တဲ့ ဟမ်းစက်ကိုတော့မဆိုလိုဘူးပေါ့ ဗျာ…. )
ဈေးနည်းပေးပြီး ဖုန်းလဲပြောနိုင်(wifi တော့မလွင့်နိုင်တဲ့စက်) အင်တာနက်လည်းသုံးနိုင်တဲ့ စက်တွေကို ဆိုလိုတာပါ….. ။ အဲ့ဒီစက်တွေ ကဖုန်းအ၀င်ကိုတော့ Internet လိုင်းကိုမနောက်ယှက်ပါဘူး ဒါပေမယ့် အထွက်ကြတော့ Internet လိုင်းပျက်စေပါတယ်…… ။ဒါတွေကတော့ ဒီဟမ်းစက်အမျိုးအစားသုံးနေတဲ့သူတွေကိုယ်တိုင်လည်းသိမှာပါ….. ။ကျွန်တော်ပြောပြချင်တာကတော့ ဗျာ…. အဲ့ဒီ Internet လိုင်းကို Computer နှစ်လုံးသုံးလို့ရတယ်လို့ပြောပြချင်တာပါ…… (သိပြီးသားလူတွေအတွက်ကတော့ ရယ်စရာဖြစ်နေလောက်တယ်ဗျ…. မသိသေးတဲ့လူတွေအတွက်ပါ)။ပစ္စည်းတစ်ခုတော့လိုတာပေါ့ဗျာ…… တစ်ခုတည်းပါ………အဲဒါကတော့ Network Cable ကြိုးပါ ။ software တွေလည်းမလိုပါဘူးးး ။
အရင်ဆုံးတော့ Computer နှစ်လုံးကို တစ်လုံးနဲ့တစ်လုံးသိအောင်(Data တွေကို Transfer လုပ်နိုင်အောင်)လုပ်ပါ…. ။ပြီးရင်တော့ အောက်ကအဆင့်အတိုင်း ထက်လုပ်လိုက်ပါ…..
1-Run Box ကိုခေါ်ပါ(Window Key+ R)

2-ပြီးရင် Run Box ထဲကို ncpa.cpl လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။Network Connections   ကိုရောက်သွားလိမ့်မယ်…. ။

3-Diup နဲ့ ချိတ်ဆက်ထားတဲ့ connection ကိုတွေရမှာပါ….. သူကို Right Click နှိပ်ပြီး Properties ကို ရွေးလိုက်ပါ…. သူ့ရဲ့ Properties Box လေး ထပ်ပေါ်လာပါလိမ့်မည်။

4-အဲ့ဒီ Box ထဲက Sharing ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ။*Allow other network user to connect through this computer's internet connection* ဆိုတာကို အမှန်ခြစ်ကလေး ပေးလိုက်ပါ။သူ့ရဲ့ အောက်မှာလည်း လုပ်စရာနှစ်ခုကျန်ပါသေးတယ် ကိုယ်တိုင်ဖတ်ကြည့်ပြီး လုပ်သင့်ရင်လုပ်လိုက်ပါ….. ။

5-ဒီတိုင်းပဲ သူစီကနေ အင်တာနက် Sharထားတာကို လာယူသုံးစွဲမယ့် စက်ကိုလည်း Allow other network user to connect through this computer's internet connection ကို အမှန်ခြစ်ထားပေးလိုက်ရင် …..
ဖုန်း တစ်လုံးတည်းနဲ့ PC နှစ်လုံးကို အင်တာနက်တစ်ပြိုင်တည်းသုံးနေနိုင်ပါပြီ။။။။။။။။။။။
ဒီလိုလုပ်ပြီး သုံးတာကတော့ အားသာချက်ကော အားနည်းချက်ကော ရှိပါတယ်ဗျာ……
အားသာချက်ကတော့-တစ်ပြိုင်တည်းမှာပဲ လူနှစ်ယောက်ကအင်တာနက်သုံးနိုင်တယ်/Chat နိုင်တယ် ကုန်ကျစရိတ်ကလည်းတော်တော်လေးကိုသက်တာသွားတယ်….. ဟုတ်တယ်ဟုတ်(^_^)
အားနည်းချက်ကတော့-Connection တော့အနည်းနဲ့ အများနှေးသွားနိုင်တာပေါ့ဗျာ…….။ (ကျွန်တော်စမ်းသုံးကြည့်သလောက်ကတော့……Gtalk & Facebook ကတော့ အဆင်ပြေပါတယ်ဗျာ….. )
စမ်းကြည့်လိုက်ကြပါဦးဗျာ….. ။
ကျွန်တော့်ကိုလည်း Comment လေးပြန်လာပေးပါဦးနော်……. ရလားမရလားဆိုတာကိုလဲ ။(အားနည်းချက်တွေ လိုအပ်ချက်တွေကို သိချင်လို့ပါ။)
ကျွန်တော်မသိတာလေးတွေရှိကိုရှိနေနိုင်ပါတယ်……… အားလုံးပဲ စမ်းပြီးရင် Comments တွေထားခဲ့ပေးပါဗျာ….. ။(အရမ်းပဲကျေးဇူးတင်မှာပါ…… ^_^)


No comments:

Post a Comment