Tuesday, December 4, 2012

ရှုံးနိမ့်ပြီးသူ (၁)


ခဏဆို
စီးချင်းထိုးရတော့မယ်။

ခုထိငါ...
ဓားမသွေးရသေးဘူး။

စစ်မရောက်ခင်
မြားမကုန်ပါဘူး။
မပေါက်မှန်းသိလည်း
ထီထိုးနေမိတယ်။

အဆင်သင့်တဲ့
ကံကြမ္မာကို
အလိုက်ပေးပြီး
ဝယ်ပါ့မယ်။

မိုက်မဲတဲ့ ငါ့ကို
ရူးသွပ်ခွင့်
နည်းနည်းကျွေးပါ။

သတ်ကွင်းရောက်ရင်..
လည်စင်းခံဖို့
အသင့်တော့
ရှိနေပါစေ။

သော်ယံ

No comments:

Post a Comment