Tuesday, November 20, 2012

laptop ပြုပြင်နည်းနှင့်သိသင့်စရာများ (မြန်မာလို)

ဒါကတော့ laptop ပြုပြင်နည်းနှင့်သိသင့်စရာများ ဆိုတဲ့ စာအုပ်ကလေးပါ . သန်းထိုက်(ရွှေရိပ်)ရေးထားတာပါ. laptop နဲ့ desktop က သဘောတရားချင်း တူတယ်လို့ ဆိုပေမယ့် တည်ဆောက်ပုံချင်း နည်းနည်းလေး ကွဲပါတယ်. desktop ကကျတော့ ကျယ်ပြန့်တဲ့ casing ပုံးခွံထဲမှာ ထည့်ပြီး ပေါ့ပေါ့ပါးပါး သုံးလို့ရပေမယ့်. laptop ကျတော့ တစ်လက်မလောက်သာသာပဲ ရှိတဲ့ laptop အခွံထဲမှာ အားလုံး ပြွတ်သိပ်ပြီး ကွန်ပျူတာတစ်လုံးဖြစ်လာအောင် တပ်ဆင်ထားရတာ တစ်ကယ်တော့ မလွယ်ပါဘူး. desktop သမားများက (၂)နှစ် (၃)နှစ်လောက် ဖုံတက်ချင်တက်ဆိုပြီး ပစ်ထားပေမယ့် ပုံးကကျယ်တော့ လေ၀င်လေထွက်ကောင်းတယ်လေ. speed သိပ်ပြီး သိသိသာသာမကျဘူး. laptop ကျတော့ ၃ နှစ်လောက်လဲ ပစ်ထားမယ်. သန့်ရှင်းရေးလဲမလုပ်ဘူး. ဖြစ်သလိုသုံးမယ်ဆိုရင်တော့ speed သိသိသာသာကျပြီး laptop က ထွက်တဲ့ အပူချိန်ကလဲ သိသိသာသာ မြင့်တက်လာမှာဖြစ်ပါတယ်. ပြောတာနဲ့ ဘယ်ရောက်သွားမှန်း မသိတော့ဘူး. ဒီစာအုပ်ကလေးကို ဖတ်ပါ. သိသင့်တာလေးတွေ သိလာပါလိမ့်မယ်. လိုချင်ရင်အောက်မှာ Download လုပ်လိုက်ပါ.

Download mirrorcreator | ifile.it | mediafire | zshare | ziddu

No comments:

Post a Comment