Monday, November 5, 2012

♥♥..မေ...တ္တာ...နေ...ခြည်....♥♥

 
မချစ်စဖူး
ရာသီဦးမှာ
အချစ်ဖူးလေး
ဖူးခဲ့တယ်...။


အချစ်ဦးမို့
ဖူးပွင့်ပန်းမှာ
ပွင့်အာလာလည်း
မ၀ံ့မရဲ
ရှိရတယ်....။


ပန်းပွင့်ဘဝ
ယုယမြတ်နိုး
ပြုစုပျိုးမှ
လှပဝေဆာ
ရနံ့ထုံစွာ


တင့်ရမှာမို့
ချစ်ဦးသူရယ်
မေတ္တာနေခြည်
ဖြန်းလှဲ့ကွယ်.....။....။

No comments:

Post a Comment