Monday, November 19, 2012

တကယ်တော့ "အချစ်" မှာ "အချစ်" ပဲ လိုတာပါ ♥♥♥


❥ ရန်ဖြစ်ပြီးရင် ပိုချစ်တယ်လို့ ပြောကြပေမယ့် ရန်ဖြစ်နေတဲ့ အခိုက်အတန့်လေးအတွင်းမှာ ဘယ်လောက်နာကျင်ခံစားရလဲဆိုတာ နင်နဲ့ငါပဲ သိတယ် ...

❥ စိတ်ကောက်ပြီး အချော့ခံရတ...
ာ ကြည်နူးဖို့ကောင်းတယ်လို့ ပြောကြပေမယ့် စိတ်ကောက်နေတဲ့ အခိုက်အတန့်လေးအတွင်းမှာ မာနနဲ့တင်းခံနေရတာ ဘယ်လောက်ပင်ပန်းလဲဆိုတာ နင်နဲ့ငါပဲ သိတယ် ...

❥ အနေဝေးရင် သွေးအေးတယ်လို့ ပြောကြပေမယ့် အတူတူရှိပြီး နှလုံးသားချင်းဝေးနေတဲ့ ချစ်သူတွေထက် ဝေးနေကြပေမယ့် နှလုံးသားချင်း ထပ်တူကျနေတဲ့ ငါတို့ဆက်ဆံရေးက ပိုပြီးနွေးထွေးတယ်ဆိုတာ နင်နဲ့ငါပဲသိတယ် ...

ချစ်သူ ...

သူများတွေ ပြောနေကြတဲ့ အစဉ်အလာလိုဖြစ်နေတဲ့ စကားတွေထက် လက်တွေ့ခံစားနေရတဲ့ ငါတို့ရဲ့ ခံစားချက်က ပိုအရေးကြီးတယ် ...

ရန်ဖြစ်ပြီးမှ ပိုချစ်သွားတာထက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ အချစ်တွေ ခိုင်မြဲလာတာကို ငါပိုမက်မောတယ် ...

အချော့ခံရလို့ ကြည်နူးရတာထက် နှစ်ယောက်အတူ ရယ်မောပျော်ရွှင်ရင်း ကြည်နူးရတာကို ငါပိုတန်ဖိုးထားတယ် ...

အဝေးကြီးကို လှမ်းမျှော်ကြည့်မနေနဲ့ ချစ်သူ ...

ငါတို့အချစ်တွေက ငါတို့ရင်ဘတ်ထဲမှာပဲ ရှိတာပါ ...

အချစ်မှာ နားလည်မှုတွေ သည်းခံမှုတွေ ဘာတွေ ညာတွေ လိုတယ်လို့ ဘယ်လောက်ပဲ ပြောနေကြပါစေ ...

တကယ်တော့ "အချစ်" မှာ "အချစ်" ပဲ လိုတာပါ ♥♥♥




♚Thu Thu Lay♚

No comments:

Post a Comment