Thursday, November 15, 2012

Android phone များအတွက် Zawgyi Keyboard and Font

ကဲ လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူနိုင်ပါတယ်။ ဖုန်းထဲကနေ ချက်တင်ချက်လို့ရသလို၊ ဖုန်းထဲကနေ ဘယ်ဝဘ်ဆိုက်ကိုမဆို မြန်မာလိုရေးထားတဲ့ ဆိုက်ကို ကြည့်ရှူ့နိုင်ပါလိမ့်မယ်။ အထဲမှာ keyboard နှစ်မျိုးထည့်ပေးထားပါတယ်။
  1. FrozenKeyboard_1.1.3.apk (မြန်မာစာ zawgyi keyboard) ယခုကျွန်တော်တို့သုံးနေသည့် keyboard ဖြစ်ပါတယ်။
  2. Zawgyi_One.apk (zawgyi-one font ကို ဖုန်းထဲကို ထည့်သွင်းဖို့လိုအပ်ပါတယ်)
  3. iTextmm2.apk (zawgyi keyboard တစ်မျိုးပါပဲ။ သူလည်းအဆင်ပြေပါတယ်)
အပေါ်က သုံးမျိုးထဲမှာ Zawgyi_One.apk ကို မဖြစ်မနေ install လုပ်ရပါမယ်။ ပြီးတာနဲ့ FrozenKeyboard_1.1.3.apk ကို install လုပ်လိုက်ပါ။ ဒါဆိုရင် အဆင်ပြေပါပြီ။ install လုပ်တာက လွယ်ပါတယ်။ memory card ထဲကို ထည့်ပြီး ဖုန်းထဲမှာ install လုပ်လိုက်ရုံပါပဲ။ ပြီးတာနဲ့ Frozen keyboard ပေါ်လာပါလိမ့်မယ်။ သူ့ကို အမှန်ခြစ်ပေးပေးပါ။ ပြီးတာနဲ့ font မှာ zawgyi_one ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် ဖုန်း restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင် အားလုံး ရိုက်လို့ရပါပြီ။ အဆင်မပြေသူများ ကျွန်တော့်ကို ကွန်မန့်ပေးခဲ့လိုက်ပါတယ်။ တစ်ဆင့်ချင်းဆီ ထပ်ရှင်းပြပါ့မယ်။ အခုတော့ အလုပ်များနေလို့ မရှင်းပြနိုင်တာ တောင်းပန်ပါရစေ။ ပြီးရင် ဖုန်းကို restart ဘယ်လိုချလဲကိုပါ ကျွန်တော် ရှင်းပြပေးပါ့မယ်။ ခုနောက်ပိုင်း ဖုန်းအတွက်ကိုလည်း ထည့်ရေးပေးလာမှာ ဖြစ်ပါတယ်။


Download Zawgyi Keyboard and font
Mediafire | Minus | Filecloud
ညီနေမင်း(နည်းပညာ)

No comments:

Post a Comment