Monday, October 15, 2012

AutoCAD အတွက် စာအုပ်အားလုံး ( 2D / 3D / New Features )

AutoCAD 2D ဆွဲနည်း ( Myanmar Version )

အခြေခံမှ အဆင့်မြင့် AutoCAD
ပညာအထိ လေ့လာလိုသူများအတွက် အလွန်အသုံးဝင်သည့်ဤစာအုပ်လေးမှာ AutoCAD
Software ကို တီထွင်သည့်Autodesk ကုမ္မဏီက AutoCAD 2010 ကို သင်တန်းကျောင်း လက်စွဲအနေဖြင့်
အသုံးပြုရန်အတွက်သာ Exam Guide vol- 1 နှင့် vol-2 ဟု စာအုပ်နှစ်အုပ် ထုတ်ဝေခဲ့သဖြင့်လည်း ရှားပါးလှသည့်
စာအုပ်လေး ဖြစ်ပါသည်။ မူလ စာအုပ်အတိုင်း eBook ၌ အပိုင်း ၂ ပိုင်း ပါဝင်လာမည် ဖြစ်သလို ပူးတွဲပါလာသည့်Workfiles
များနှင့် ပေါင်းစပ် လေ့လာပါမှ ပိုမိုပြည့်စုံသည့် အဆင့်သို့ ရောက်ရှိလာမည် ဖြစ်ပြီး Autodesk မှ ကြီးမှူး စစ်ဆေးသည့်
စာမေးပွဲသာမက ICDL CAD စာမေးပွဲ များကိုပါ ၀င်ရောက်ဖြေဆို အောင်မြင်နိုင်ရန် အထောက်အကူပြုမည် ဖြစ်ပါသည်။
အသက်မွေးဝမ်းကြောင်း အတတ်ပညာ တစ်ခုအဖြစ်AutoCAD နှင့် ဆက်စပ်သော နယ်ပယ်တွင် တက်စုံရွက်စုံဖြင့် မိမိတို့၏
အနာဂတ်ကို မိမိတို့ ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီး တည်ဆောက်နိုင်သူများ ဖြစ်ကြပါစေ …….

( တစ်ကယ်တော့ AutoCAD ကုမ္ပဏီကထုတ်တဲ့ မူလအဂ်လိပ်လိုရေးထားတဲ့သင်ခန်းစာတွေကို မြန်မာလိုပြန်ပေးထားတာဖြစ်ပါတယ် )
AutoCAD 2010 Vol 1 & 2 မြန်မာဘာသာပြန် Ebook လေးပါ…
.mutdfan.com မှ အောင်ဇော်လတ် ဘာသာပြန်ထားတဲ့ စာအုပ်ပါ ……
စာအုပ်ကို အခမဲ့ မည်သူမဆို ရယူနိုင်ပါကြောင်းနှင့် အခမဲ့ အနေဖြင့် မည်သည့်နေရာမှ မဆို ဆက်လက် ဖြန့်ဝေပေးနိုင်ပါကြောင်း ကိုလည်း
mutdfan.com မှာပြောထားပါတယ် …
လေ့လာကြည့်ပါအုံး …… အောက်မှာ ကြိုက်ရာ လင့်ခ်ကနေ ဆွဲလို့ရပြီ ... but Size ကြီးတယ်နော် .. IDM လိုကောင်းလိုမယ်





( ယခုပို့စ်ကို http://eainlwanthu.ning.com မှ သရဲက ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် )

Autocad 2010 new feature & other( မြန်မာလို) ( What's new in Au...

ဒီစာအုပ်မှာ autocad 2010 ရဲ့ 2d ပိုင်းတွေ ၊ 3d modelling (mesh modeling) တွေအပြင် ..trouble shooting တွေ နောက်..sheetset , dynamic block တွေအပြင်...အရင်က ရေးခဲ့တဲ့ express tools နဲ့ autolisp အခြေခံတွေပါ ထည့်သွင်းရေးသားထားတာ ဟာ ကျွန်တော်တို့ autocad နဲ့ မကင်းနိုင်သူတွေအတွက် အဖိုးထိုက်တန်လှတယ်ဆိုတာ အသေအချာပါပဲ...
 အောက်မှာဒေါင်းပါ


ဆရာရောဘတ်ရဲ့ Autocad 3d modelling(မြန်မာ Ebook)   ( how to draw 3di...



ဒီစာအုပ်လေးကလဲ ဆရာ ရောဘတ်ဆီက ခွင့်ပြူချက်ရယူပြီး ဝေမျှခြင်းဖြစ်ပါတယ်.. စီးပွားရေးအရ အသုံးမပြုဖို့ပဲ ပြောချင်ပါတယ်။ ဒီစာအုပ်မှာ တော့ autocad 2008 ရဲ့  3d ပိုင်းတွေကို ပြည့်ပြည့်စုံစုံနဲ့ ရှင်းပြပေးထားပါတယ်။ဒါအပြင် animation လုပ်တာလေးတွေပါထည့်သွင်းပေးထားပါသေးတယ် စာအုပ်ထဲက exercise files လေးတွေကိုလဲ ထပ်တင်ပေးပါ့မယ် ကျွန်တော်တို့တတွေလဲ အဲဒီတာဝန်တွေကို တတ်နိုင်သလောက်ထမ်းဖို့ကြိုးစားရင်း ဆရာ့ကျေးဇူးဆပ်ကြပါစို့လား.....

ဒါလေးက လေ့ကျင့်ခန်း အော်တိုကတ် ဖိုင်တွေပါ။ အဆင်ပြေကြပါစေ။
Download Link :http://www.multiupload.com/V5WZI2OJLH (အဟောင်း)
နောက်တခု -  (အသစ်)
www.a-corner.netမှကူးယူဖေါ်ပြသည်

No comments:

Post a Comment