This is about Me !

My photo
I am a programmer.

Thanks for visiting my blog, I hope you will be getting something from this. I would like to share what I knew and please you could be reshared what you knew.

www.facebook.com/Kyaw Bo Lin

Sunday, January 20, 2013

အချစ်အက္ခရာ A to Z

Accept (လက်ခံသည်)

...
"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။

Belief (ယုံကြည်ခြင်း)

အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

Care (ဂရုစိုက်ခြင်း)

တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။

Devoted (သစ္စာခိုင်မြဲသည်)

လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။

Enjoy (ကျေနပ်စွာခံစားသည်)

တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ ပျော်ရွှင်မှာဖြစ်တယ်။

Freedom (လွတ်လပ်မှု)

လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။

Give (ပေးဆပ်ခြင်း)

အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာ မဟုတ်ပါဘူး။ ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။

Heart (နှလုံးသား)

အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့ ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်လိမ့်မှာ မဟုတ်ပါဘူး။

Independence (မမှီခို၊ အားမကိုးဘူး)

စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ" လို့ပြောတတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။ တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။

Jealousy (မနာလို၊ သဝန်တို)

သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကို ခံစားစေတယ်။ သဝန်တိုဖို့ အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း အဆက်အစပ်မရှိတဲ့ သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ ဖြစ်ပေါ်စေပါတယ်။

Kiss (အနမ်း)

အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။ ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး။

Love (ချစ်တယ်)

ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက် အရာရာပေးဆပ်ရဲပါတယ်။ "ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းက တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို နွေးထွေးကြည်နူးစေပါတယ်။

Mature (ရင့်ကျက်)

တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ?
အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်ခြေမရှိ စူစူအောင့်အောင့် မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန် ဖူးပွင့်နိုင်မှာဖြစ်တယ်။

Natural (ပင်ကို၊ ပကတိ)

ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး ဟန်ဆောင်နေတတ်ကြတယ်။ အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး ပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ်၊ သဘာဝအတိုင်း ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က ပိုတာရှည်တည်မြဲမှာဖြစ်တယ်။

Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)

တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေသလို တစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင် လုပ်နိုင်ပါတယ်။ ဥပမာ- မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင် လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်း တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။

Protect (ကာကွယ်စောင့်ရှောက်)

ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ သဘာဝပါ။ ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊ မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ သူ့အရှက်မရဖို့၊ ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။

Quarter (ခွင့်လွှတ်သည်းခံ)

ခွင့်လွှတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။ တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့ ခွင့်လွှတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။

Receive (လက်ခံ)

ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမူအရာမျိုး၊ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။ အဲဒီအပြုအမူတွေက သူ့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက် ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။

Share (မျှဝေ)

တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး ဝတ္တရားပဲဖြစ်တယ်။

Tender (နူးညံ့)

အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။ အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။

Understand (နားလည်)

တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီး ဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။

Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)

အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း ကိုယ့်ချစ်သူကို "အပြောသမား" တစ်ယောက် မဖြစ်စေချင်သလို သူကလည်း ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချင်းချင်း အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။

Wait (စောင့်သည်)

အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့ အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။

X (အမြှောက်သင်္ကေတ)

ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင် အချစ်ကအလိုလိုနေရင်း အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။

Yield (အလျော့ပေး)

နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။ နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် "လမ်းခွဲကြရအောင်" ဆိုတဲ့စကားကို အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ်။

Zero (စမှတ်)

အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့ ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့ မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်

လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ ဖွဲ့ဆိုကြတဲ့အထဲမှာ အချစ်တာရှည်ခိုင်မြဲဖို့၊ ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထား ရေးဖွဲ့ကြပါတယ်။ အချစ်အက္ခရာ A to Zကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနဲ့ ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ်။ အချစ်က ဘယ်တော့မှ ဘာသာပြန်ဆိုလို့ ပြီးနိုင်မယ့်အရာမဟုတ်တာကြောင့် အဲဒီအချစ်တွေကိုပဲ ကျွန်မက ထပ်ဘာသာပြန်ဆိုပါတယ်။ အချစ်အက္ခရာ A to Z လက်ခံသည်ကပဲ စမှတ်စခဲ့ပါတယ်။ အားလုံး ချစ်နိုင်ကြပါစေ...

မူရင်းလင့်--
http://tw.knowledge.yahoo.com/question

အချစ်အက္ခရာ A to Z

Accept (လက်ခံသည်)

...
"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။

Belief (ယုံကြည်ခြင်း)

အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

Care (ဂရုစိုက်ခြင်း)

တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။

Devoted (သစ္စာခိုင်မြဲသည်)

လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။

Enjoy (ကျေနပ်စွာခံစားသည်)

တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ ပျော်ရွှင်မှာဖြစ်တယ်။

Freedom (လွတ်လပ်မှု)

လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။

Give (ပေးဆပ်ခြင်း)

အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာ မဟုတ်ပါဘူး။ ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။

Heart (နှလုံးသား)

အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့ ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်လိမ့်မှာ မဟုတ်ပါဘူး။

Independence (မမှီခို၊ အားမကိုးဘူး)

စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ" လို့ပြောတတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။ တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။

Jealousy (မနာလို၊ သဝန်တို)

သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကို ခံစားစေတယ်။ သဝန်တိုဖို့ အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း အဆက်အစပ်မရှိတဲ့ သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ ဖြစ်ပေါ်စေပါတယ်။

Kiss (အနမ်း)

အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။ ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး။

Love (ချစ်တယ်)

ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက် အရာရာပေးဆပ်ရဲပါတယ်။ "ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းက တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို နွေးထွေးကြည်နူးစေပါတယ်။

Mature (ရင့်ကျက်)

တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ?
အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်ခြေမရှိ စူစူအောင့်အောင့် မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန် ဖူးပွင့်နိုင်မှာဖြစ်တယ်။

Natural (ပင်ကို၊ ပကတိ)

ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး ဟန်ဆောင်နေတတ်ကြတယ်။ အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး ပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ်၊ သဘာဝအတိုင်း ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က ပိုတာရှည်တည်မြဲမှာဖြစ်တယ်။

Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)

တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေသလို တစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင် လုပ်နိုင်ပါတယ်။ ဥပမာ- မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင် လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်း တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။

Protect (ကာကွယ်စောင့်ရှောက်)

ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ သဘာဝပါ။ ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊ မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ သူ့အရှက်မရဖို့၊ ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။

Quarter (ခွင့်လွှတ်သည်းခံ)

ခွင့်လွှတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။ တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့ ခွင့်လွှတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။

Receive (လက်ခံ)

ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမူအရာမျိုး၊ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။ အဲဒီအပြုအမူတွေက သူ့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက် ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။

Share (မျှဝေ)

တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး ဝတ္တရားပဲဖြစ်တယ်။

Tender (နူးညံ့)

အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။ အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။

Understand (နားလည်)

တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီး ဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။

Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)

အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း ကိုယ့်ချစ်သူကို "အပြောသမား" တစ်ယောက် မဖြစ်စေချင်သလို သူကလည်း ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချင်းချင်း အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။

Wait (စောင့်သည်)

အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့ အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။

X (အမြှောက်သင်္ကေတ)

ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင် အချစ်ကအလိုလိုနေရင်း အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။

Yield (အလျော့ပေး)

နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။ နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် "လမ်းခွဲကြရအောင်" ဆိုတဲ့စကားကို အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ်။

Zero (စမှတ်)

အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့ ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့ မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်

လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ ဖွဲ့ဆိုကြတဲ့အထဲမှာ အချစ်တာရှည်ခိုင်မြဲဖို့၊ ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထား ရေးဖွဲ့ကြပါတယ်။ အချစ်အက္ခရာ A to Zကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနဲ့ ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ်။ အချစ်က ဘယ်တော့မှ ဘာသာပြန်ဆိုလို့ ပြီးနိုင်မယ့်အရာမဟုတ်တာကြောင့် အဲဒီအချစ်တွေကိုပဲ ကျွန်မက ထပ်ဘာသာပြန်ဆိုပါတယ်။ အချစ်အက္ခရာ A to Z လက်ခံသည်ကပဲ စမှတ်စခဲ့ပါတယ်။ အားလုံး ချစ်နိုင်ကြပါစေ...

မူရင်းလင့်--
http://tw.knowledge.yahoo.com/question

ဘယ်လိုဘာသာပြန်မလဲ (The Way To Translation) အပိုင်း-၃

ဘယ်လိုဘာသာပြန်မလဲ (The Way To Translation) အပိုင်း-၃

ကျနော်အပိုင်း ၁ နဲ့ ၂ ကိုဖေါ်ပြပြီးဖြစ်ပါတယ်။ဆရာရွှေမင်းဝန်ဦးဘုန်းမြင့်ရဲ့ဆောင်းပါး
ဖြစ်ပါတယ်။ဒီတော့မဖတ်လိုက်ရသေးသူတွေကအပိုင်း(၁)အပိုင်း(၂) ဖတ်လိုက်ကြပါခင်ဗျာ။
အပိုင်း ၃မှာလဲဆရ့ာရဲ့အာဘော်ကိုဝေေ၀ဆာဆာဖေါ်ပြပေးဦးမှာဖြစ်ပါတယ်။ကျနော်မောင်သားလေး
နဲ့တူတူလေ့လာလိုက်စို့နော်။ဒီဆောင်းပါးတွေကိုဖတ်ပြီးကိုယ့်ဘာသာဘာသာပြန်ကျင့်ကြပါဦးနော်..။

……………………………………………………………………………………………………………………………….
Language Link Up !!!!
ဘာသာစကားအချိတ်အဆက်
If you can’t speak the Language,take a phrase book.Learn a few basic pharase such as,
Where’s?How Much?Please….and Thank you.
ဘာသာစကားကိုမပြောတတ်လျှင် စကားတွဲစာအုပ်တစ်အုပ်ကိုယူလိုက်ပါ။အခြေခံစကားတွဲလေးများကို
သင်ယူပါ။ဘယ်မှာလဲ..ဘယ်လောက်လဲ..ကျေးဇူးပြု၍..ကျေးဇူးတင်ပါတယ် စသဖြင့်ပေါ့…..။

If you can say Good Morning to the native in their own language,they will love it and you’ll
Feel one of the family.
ကောင်းသောမနက်ခင်းပါ..ဆိုတဲ့စကားလေးကိုလူမျိုးတိုင်းကိုသူ့ဘာသာစကားနဲ့ဆက်သွယ်ပြောဆိုနိုင်ရင်
သဘောကျမှာသေချာပေါက်ပါပဲ..သူတို့မိသားစုလိုဖြစ်သွားတာပေါ့…။

I never know a man of letters ashamed of his profession
ကျုပ်တော့ဖြင့်..သူ့စာပေလုပ်ငန်းနဲ့ပါတ်သတ်ပြီးသူ့ ကိုယ်သူရှက်ရွှ့ သွားတဲ့စာပေပညာရှင်က၀ိတစ်ဆူကို
မတွေ့ဖူးသေးဖူး (သက်ကရေး-Thackeray)

………………………………………….နှစ်ဘာသာကျွမ်းဖို့လိုပါသည်…………………………………………
ဘာသာပြန်….ဘာသာပြန်ဟု ခဏခဏပြောကြဆိုကြရေးကြသည်မှာ အပ်ကြောင်းထပ်နေပါပြီ။ကျနော်ဆီသို့
၂၀၀၅ ခုနှစ်လောက်က အသက် ၄၀ခန့်ရှိလူတစ်ယောက်ရောက်လာပြီး..ဆရာကျနော် ဘာသာပြန်အတတ်ကို
တတ်ချင်တယ်..ဘီအေ အောင်ပြီးတာကြာပြီ..အခုကုမ္ပဏီထောင်ထားပါတယ်..အဲဒါ..အဂ်လိပ်မြန်မာ..မြန်မာ
အင်္ဂလိပ်ဘာသာကောင်းကောင်းပြန်တတ်ချင်ပါတယ်..(အဲဒီလူပုံစံမှာစောင့်ကြွားကြွားဟန်ဖြစ်နေသည်)
ကျနော်ကပြုံးပြီး တစ်ခွန်းနှစ်ခွန်းမေးကြည့်လိုက်မိသည်။
ဟုတ်ပါပြီဗျာ…မြန်မာစာပေ..မြန်မာစကားပြေတွေ..ဥပမာဆိုပါတော့..ဦးကုလားမဟာရာဇ၀င်ကျမ်းတို့..ဇာတ်
ကြီးဆယ်ဘွဲ့တို့ ဖတ်ဖူးပါသလား…။
ဟင့်အင်း..အဲဒါတေ့တော့မဖတ်ဖူးဘူးဆရာ၊ကာလပေါ်ဝတ္ထုတွေပဲဖတ်တယ်….။
ဒါဖြင့် သိပ္ပံမောင်ဝတို့..ေ၇ွှဥဒေါင်းတို့ ၊ပီမိုးနင်းတို့၊လယ်တီပဏ္ဍိတဦးမောင်ကြီးတို့ ..နာမည်ကြီးစာရေးဆ၇ာတွေ
ပေါ့လေ..ဘာစာအုပ်တွေများသူတို့ရေးတာဖတ်ဖူးသလဲ…။
မမှတ်မိဖူးဆ၇ာ..ဖတ်တော့ဖတ်တာပဲ…
ကျနော်စကားဆက်မပြောတော့ပါ…ထိုသူလဲပေါ်မလာတော့ပါ……။

ဘာပဲဖြစ်ဖြစ်ဘာသာပြန်ရာတွင်နှစ်ဘာသာလုံးကျွမ်းကျင်ဖို့လိုမည်ဆိုတာဆရာ့ဆောင်းပါးကိုဖတ်ထဲကသိရ
သည်။ကျနော်တို့ခုလူငယ်တွေ အရင်ကအလွန်နာမည်ကြီးခဲ့သောဘာသာပြန်စာပေများကိုမဖတ်ကြတော့
ခုခေတ်အချစ် ၊အမုန်းများသာဖတ်ကြသည်။မောင်သားလေးကတော့အင်္ဂလိပ်လိုမြင်ရင်ပဲပင်ပေါက်ထင်ပြီး
ဘာသာပြန်ဖို့ ဝေးစွ..ကျော်ဖတ်ခဲ့သည်။ထို့ကြောင့်သေချာစဉ်းစားကြည့်လျှင်ဝေါဟာရကြွယ်ဝဖို့ ကျနော်တို့
စာဖတ်ကြရပေလိမ့်မည်။ဖတ်သမျှစာလဲမှတ်မိဖို့ကလိုသေးသည်။နဲနဲအားစိုက်ရမည်ပေါ့ဗျာ


ကျနော်အောက်မှာဆရာဘာသာပြန်ပြထားသောစာတန်းကလေးများကို
ထပ်ဆင့်ဖေါ်ပြလိုက်ပါသေးသည်……..။

1.နေမထိထိုင်မသာဖြစ်နေတယ်
Feeling somewhat nervous.

2.မင်းကဆရာလို့ခေါ်ရမှာဝန်လေးသကိုး…။
You’re not used to calling people “sir”.

3.စိတ်ကူးပေါက်မိတာပါ။
That’s an idea.

4.အဲဒါမျိုးတစ်ခါမှမတွေးမိပါဖူး..။
I never thought of that.

5.သဘာဝနဲ့ဆန့်ကျင်တာတစ်ခုမှမလုပ်ပါနဲ့ကွယ်..။
For Heaven’s sake don’t do anything unnatural.

6.မင်းကိုငါအားလုံးလုပ်ခွင့်ပြုလိုက်မယ်..။
I’ll Let you do it all.

7.အဲဒါအကွက်ဆိုက်တာပဲ
That’s a Point.

8.သူတို့အတွေးတွေကတမျိုးပဲ။
Their thoughts were running on the same lines.

9.အကြည့်ချင်းဖလှယ်ကျတယ်ပေါ့။
Exchanged glances.

10.အဲဒီကတည်းကမင်းဘာလုပ်သေးလဲ
Have you done anything since then?

11.ပြော၇မှာကတော့စုံနံ့ သာမြိုင်ပဲ
That’s a rather a long story.

12.မင်းရဲ့စိတ်ကူးအားလုံးပြည်ဖုံးကားချရတော့မယ်။
You must drop the whole idea.

13.ကိုယ့်ဖာသာကိုယ်ရှာစမ်းပါ..။
Find out for yourself.

14.ရှင့်ရဲ့ကိုယ်ရေးကိုယ်တာကရောဘယ်လိုလဲ
And how about your personally?

15.၅နာရီဆိုမစောလွန်းဖူးလား။
Won’t Five be a little early?

16.ကျနော်ေ၇ာသူရောအဲဒါကိုမတတ်နိုင်ပါဖူးဗျာ
Neither of us can

17.လွယ်လွယ်လေးဆုံးဖြတ်ပြီးသားပါကွယ်…။
That is easily solved.

18.ရှင်းပြဖို့အတော်ခက်တာပဲ
It’s rather hard to explain.

19.ငါစိတ်ပြောင်းလိုက်ပြီ
I’ve changed my mild.

20.မင်းဒီလိုပဲအမြဲလောနေတာပဲ။
You’re always in such a hurry.

21.အဲဒါပိုကောင်းချင်ကောင်းနိုင်တယ်။
That Might be better.

22.ကိုသားလေး……………….မင်းဟာပကတိရိုးသားသူတစ်ယောက်ပါ။
TherLay,You’re such innocent.

23.တစ်ယောက်ထဲပဲနေနေရတယ်။
I have been so lonely.


Credit :Sir Shwe Min Wun U Phone Myint
Blogging By WYTU Therlay
wytumyanmar@gmail.com

ဘယ်လိုဘာသာပြန်မလဲ (The Way To Translation)အပိုင်း-၂

ကျနော်အပိုင်း ၁မှာ စာရေးဆရာကြီးများရဲ့ ဘာသာပြန်နဲ့ပါတ်သတ်တဲ့စကားတွေနည်းနာ
တွေကိုဖေါ်ပြပေးခဲ့ပါပြီ။အပိုင်း ၁ ကိုမဖတ်ရသေးရင်ဒီမှာ ဖတ်နိုင်ပါတယ်။
အပိုင်း ၂မှာလဲ ဆရာရွှေမင်းဝန်ဦးဘုန်းမြင့်ရဲ့ဆောင်းပါးကိုဖေါ်ပြလိုက်ပါတယ်။
ဖတ်ကြည့်ပါဦးဗျာ။

ကျနော်နှင့်ဘာသာပြန်အတွေ့ အကြုံ (ဆရာရွှေမင်းဝန်ဦးဘုန်းမြင့်)
ကျနော်အင်္ဂလိပ်ကနေမြန်မာဘာသာပြန်ကိုဝါသနာပါလာခဲ့သည်မှာ၁၆နှစ်သားအရွယ်လောက်ကဖြစ်သည်
မြန်မာ-အဂ်လိပ်ကိုဝါသနာပါလာသည်ကားအသက် ၃၀ ကျော်မှဖြစ်သည်။အသက် ၇၀နီးပါးရောက်လာသော
အခုအချိန်တွင်ကားနှစ်ဘာသာလုံးအလဲအလှယ်ပြန်ဆိုခြင်းကိုခုံမင်လာ၏။ဤ၂ဘာသာလောက်ကိုသာညွှန်းနိုင်သည်။
ကျန်ဘာသာများကိုတော့စိတ်ကူးထဲတွင်မထည့်ရဲပါ။

၁၀တန်း အောင်ပြီးပြီးခြင်းပုံနှိပ်တိုက်တွင်အလုပ်ဝင်စဉ်ဗိုလ်ချုပ်လမ်းရှိစာအုပ်ဟောင်းဆိုင်တစ်ဆိုင်မှမီလတန်
ဆိုသူကဗျာဆရာကြီးရေးသော Paradise Lost (နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း)ကဗျာစာအုပ်အဟောင်းကြီးကို ၁ကျပ်ပေး၍၀ယ်သည်။ဖ.ဆ.ပ.လ ခေတ်ငွေတန်ဖိုးရှိသည်။အဂ်လိပ်စာခက်လွန်း၍ဘာတစ်လုံးမျှအဓိပ္ပါယ်မဖေါ်
နိုင်ချေ။ပုံနှိပ်တိုက်တွင်စာအုပ်လာရိုက်သောပြင်သစ်သံရုံးမှပု၈္ဂိုလ်ကြီးတစ်ဦးကဖတ်ပြသည်။တစ်ပိုဒ်ချင်းဘာသာ
ပြန်ပြ၏။ကောင်းလှပါသည်။မျက်စိအကြောင်သားငေးကြည့်ရုံမျှသာ…..။

Retold..အကျဉ်းရေးပြထားသော Treasure Island ရတနာ့ကျွန်း (ဆရာကြီးဒဂုံရွှေမျှားဘာသာပြန်)ကိုသ
ဘောကျပြီးမဂိုလမ်းဒေါင့်ရှိအင်္ဂလိပ်ကြီးတစ်ဦးရောင်းသောစာအုပ်ဆိုင်သို့သွားပြီး Treasure Island နာမည်
ကိုမေးလိုက်မိသည်။ကိုသူကြီးက All Finished!! ဟုပြော၏။ကျနော်ကစဉ်းစားသည်။အင်း..ဒါ..ပြီးပြီလို့ ပြော
တာ တော့  မဖြစ်နိုင်ဖူး….အလုပ်နဲ့ထမင်းစားပြီးတာတော့Finished လို့ပြောတာကြားဖူးတယ်။ခုပြောတာက
ကုန်သွားတယ်၊မရှိတော့ဖူးနဲ့တူတူပဲဖြစ်ရမယ်…ဟုကိုယ့်ဘာသာတွေးကာပြန်ခဲ့ဖူးသည်။

တန်ခိုးကြီးဘုရားကို Popular Pagoda ဟူ၍ရမ်းဘာသာပြန်သောဧည့်လမ်းညွှန်များမြန်မာနိုင်ငံတွင်ရှိနေ
ဆဲဟုသိရသည်။မီးရထားတွဲ sleeping car ကို အိပ်ပျော်နေသောကားဟူ၍ဘာသာပြန်သဖြင့်ရယ်ရသေးသည်
Call Girl ပြည့်တန်ဆာ၊မိန်းမရွှင်ကို ဖုန်းဆက်သောမိန်းကလေးဟုမထင်လိုက်ဖို့အရေးကြီးလေသည်။

တစ်ခါကဆရာမင်းသုဝဏ်သည်ရုပ်ရှင်ဇာတ်ကားများကိုဘာသာပြန်ကြည့်ဖို့ လိုကြောင်းပြောဖူးလေသည်။
ဆရာ့အယူအဆကိုသဘောကျပါ၏။

Pillow Talk! - သစ္စာတူပြိုင်
Beautiful but bad - လှလေခက်လေ
From here to Eterinity - ရေမြေဆုံးစေတော့ကွယ်
His Lady - မြတ်နိုးသူ
The second Husband - နောက်လင်
I’ll Never forget you - မမေ့နိုင်
The way ahead - မမေ့နိုင်
Married and Single - လင်နှင့်အပျို
Gentleman for a day - သူတော်ကောင်းကြက်သူခိုး
စသည်ဖြစ်ပါ၏။ဆရာကြီးရွှေဥဒေါင်း၏ဘာသာပြန်များကောင်းကြောင်းပြောစရာပင်မလိုတော့ပါ။
ရှာမှရှားပါပေသည်။ဂျမဒါကိုကိုကြီး (Brigadier Jarad)စာအုပ်တွင် With Pleasure ကို စိမ်လိုက်လေ ဟုသူ့နေရာနှင့်သူကွက်တိပြန်ပုံမှာလိုက်မမီနိုင်အောင်ကောင်းပါဘိ။ဆရာကြီးဒဂုံရွှေမျှားကိုကျနော်မေးကြည့်ဖူး
သည်။ဆရိုက်ဒါဟတ်ဂရေး People of the mist ကိုမြူခိုးဝေေ၀ဟုပြန်ရာ..ဆရာကြီးစဉ်းစားရသေးလားဟု
မေးကြည့်ရာ ဆရာကြီးက…အင်း..တိုက်ရိုက်ဘာသာပြန်ရင်တော့နှင်းထုထဲကလူတွေပေါ့…။စာအုပ်နာမည်ဆို
တော့ဗမာ့နားဝင်အောင်မြူခိုးဝေေ၀လို့ မှည့်လိုက်ရတယ်။နားမထောက်တော့ဖူးပေါ့လေ။တောင်ပေါ်နေတဲ့လူ
၇ိုင်းတွေကိုဇာတ်လမ်းဖွဲ့ ထားတာပဲလေ……။

အပိုင်း ၃ မှာထပ်တွေ့ပါမည်။အမှာစာနှင့်အချို့စာအနဲငယ်မှလွဲ၍ဆရာကြီးများ၏အာဘော်များသာဖြစ်ပါသည်
ဗဟုသုတတိုးပွားစေရန်ပြန်လည်တင်ပြခြင်းဖြစ်ပါသည်

လေးစားစွာဖြင့်
WYTU သားလေး
www.wytumyanmar.com
wytumyanmar@gmail.com

Friday, January 18, 2013

ဘယ်လိုဘာသာပြန်မလဲ (The Way To Translation)-အပိုင်း(၁)

ဘယ်လိုဘာသာပြန်မလဲ (The Way To Translation)-အပိုင်း(၁)
ဒီဆောင်းပါးတွေကိုအဂ်လိပ်စာလိုက်စားသူတော်တော်များများဖတ်ဖူးကြလိမ့်မယ်လို့
ကျနော်ထင်ပါတယ်။ဖတ်ပြီးတဲ့သူတွေလဲ၂ထပ်ရှိမှတ်မိစေရန်၊အဂ်လိပ်ကနေမြန်မာဘာသာ
ပြန်ဆိုဖို့ကြိုးစားနေသူတွေ၊လေ့လာနေဆဲကျောင်းသားတွေအတွက်ထပ်မံလက်ဆင့်ကမ်းလိုက်
ပါရစေ။ကျနော်ဒီဆောင်းပါးလေးကိုအပိုင်းဆက်များနဲ့ဖေါ်ပြပေးသွားပါမယ်။တခါတင်ရင်လဲနဲနဲ
ပဲဖေါ်ပြပေးသွားမယ်။တနိုင်လေ့လာနိုင်အောင်ပေါ့ဗျာ…၊ချက်တင်ချိန်တွေ၊ဖေ့ဘွတ်သုံးချိန်
တွေကလည်းထည့်တွက်ရသေးဆိုတော့လေ။ :P



Credit - ဒီစာအုပ်လေးဟာ ရွှေမင်းဝန်ဦးဘုန်းမြင့်ရဲ့ ဘယ်လိုဘာသာပြန်မလဲဆိုတဲ့
စာအုပ်ကိုတိုက်ရိုက်ကိုးကား၍ကျနော့်အမြင်၊တချို့စာအုပ်များမှကောက်နှုတ်ချက်များကို
ဖေါ်ပြပေးသွားပါမယ်။ဒီစာအုပ်ပါဆောင်းပါးများကို ၂၀၀၉-၂၀၁၀ ထုတ် Knowledge
Bridge Magazine တွင်လည်းဖတ်ရှုနိုင်ပါသည်။

အမှာစာ - ဒီစာအုပ်လေးကိုဖတ်ပြီးငုတ်တုတ်မေ့မနေကြပဲ။အလားတူဘာသာပြန်များကို
ဝင်ရောက်ဆွေးနွေးပေးသွားကြဖို့ တိုက်တွန်းလိုက်ပါရစေဗျ။ဒီ Post တွေကို ကျနော်
WYTU ရဲ့ ဟုမ်းပိတ်မှာတင်ပါ့မယ်။ဟုမ်းပိတ်မှာမတွေ့ လို့ ရှာရခက်နေရင် Learners of
English Group ထဲမှာလဲထပ်တင်ပေးသွားပါမယ်။
…………………………………………………………………………………………………………………………………………
ဘာသာပြန်ဆရာကြီးများရဲ့အမြင်
ဘာသာပြန်ဆိုမယ့်သူဟာစကားလုံးလေးတစ်လုံးကိုဘာသာပြန်ဆိုသည်ပဲဖြစ်စေ။လေးလေးနက်နက်တွေးဖို့လိုတယ်။ပေါ့ပေါ့ဆဆမတွေးရဖူး၊မတေးသင့်ဖူး…အဲဒါမှလေးနက်မှန်ကန်မှုရှိမှာပေါ့။
ဆရာကြီးဦးဖေမောင်တင်
(၀ိသုဒ္ဒိမဂ်နှင့်မှန်နန်းရာဇ၀င်တို့ကိုဘာသာပြန်ဆိုခဲ့သူ)

အင်္ဂလိပ်ဘာသာမှာေ၇းထားတဲ့ Humorous တွေးပြီးပြုးံရတဲ့အရသာရှိတဲ့စာကိုဘာသာပြန်လို့မဖြစ်နိုင်ဖူး။
The Great Expectation “မျှော်တလင့်လင့်”ဟာစာမေဗိမာန်ဘာသာပြန် ၁၀၀၀ကျပ်ဆုရပေမယ့်ခန့်ခန့်တည်
တည်ပြုးံရတဲ့အကွက်တွေကိုချန်ပစ်ခဲ့ရလို့ ကောင်းသင့်သလောက်မကောင်းခဲ့ဖူး။
ဆရာကြီးရွှေဥဒေါင်း


တစ်ခါကအမျိုးသမီးစာရေးဆရာမလေးတစ်ယောက်ဟာ “Coming with him Closely” ဆိုတဲ့စာပိုဒ်ကို ကပ်၍
လိုက်သည်၊အနီးကပ်လိုက်သည်၊အတူလိုက်သည်စသည်ဖြင့်ရေးရတာလက်မတွေ့ ပဲဖြစ်နေတယ်။
“ထပ်ကြပ်မကွာ လိုက်သည်”လို့ပြင်ပေးလိုက်တော့မှ “ခုမှပဲဘ၀င်ကျသွားတော့တယ်ဆရာကြီးရှင့်၊ကျမ
ဒီစကားကိုရှာမရဖြစ်နေတာ” အဲသလိုပြောသွားဖူးတယ်။
ဆရာကြီးဒဂုံရွှေမျှား


English ကနေမြန်မာပြန်တာခက်သလို၊မြန်မာကအဂ်လိပ်လိုပြန်ရင်လဲအခက်အခဲတွေ့ရမှာပဲ။သူတို့အဂ်လိပ်ကို
အထင်သေးလို့မရဖူး၊မြန်မာနိုင်ငံကိုနှစ်ပေါင်း ၁၀၀နီးပါးအုပ်ချုပ်သွားရမှာ…အုပ်ချုပ်သူအင်္ဂလိပ်တွေကိုယ်တိုင်
မြန်မာရာဇ၀င်၊မြန်မာစာတီးမိခေါက်မိရှိကြတယ်။ဆရာယုဒသန်ဆိုရင် ခရစ်ယာန်ပေမယ့်မြန်မာစာဘယ်လောက်
ကျွမ်းသလဲဆိုရင်သူရေးတဲ့ယုဒသန် အင်္ဂလိပ်မြန်မာအဘိဓါန်မှာ -
Ability to speak ကို အာစလျှာစ
Good Quality ကို သမ္ဘာရင့်
Wise-seeing ကို ဒိဗ္ဗသက္ခုဥာဏ်နှင့်ပြည့်စုံသော
Beyound bearing ကို မချိတရိ
Boldly man ကို ကျားကျားယားယားယောင်္ကျား
God … ကို ဘုမ္မာစိုး
God Father ကို ခေါင်းကိုင်အဖေ
Extra Ordinary Person ကိုလူကုံမသား
Light-fingered ကို လက်ဆော့သော
Original character ကိုပင်ကိုယ်စရိုက်
Juice of flowers ကို ပန်းဝတ်ရည်
Judgement seat ကို တရားပလ္လင်
Joy ကို ပီတိ၊မုဒိတာ၊ရွှင်လန်းသည်
Faithless lover ကို ရည်းစားပျက်
အဲဒီလိုမြန်မာစကားပိုင်ပိုင်နိုင်နိုင်ပြန်နိုင်တာက ဆရာယုဒသန်(ဂျပ်ဆင်)ရဲ့အရည်အချင်းပေါ့ကွာ။
သတင်းစာဆရာကြီးဦးသိန်းမောင်


The Residence of Minister ကိုဝန်ကြီးရဲ့အိမ်တော်လို့ပြန်တာကတော့ဟုတ်ပြီ။ raised 12 feet high ကို
၁၂ ပေမြှင့်တင်ထားတယ်လို့ ပြန်လိုက်တော့ချော်တောငေါ့သွားရော၊ Among pagoda and fair ladies စာ
အုပ်မှာသီပေါမင်းပါတော်မူပြီးစက မန်းလေးေ၇ွှမြို့တော်ရောက်တဲ့အခါသူ့အမြင်နဲ့မှတ်တမ်းတင်စာအုပ်ထဲထည့်
ရေးတာ၊အမှန်က ဆင်ဝင်အိမ် ဒါမှမဟုတ်ခြေတံရှည်အိမ်လို့ ဘာသာပြန်မှအဆင်ပြေမှာပေါ့……။
ဆရာကြီးသခင်မြတ်ဆိုင်

ဘာသာပြန်တဲ့အခါမှာသတိထားမှတော်ကာကျမယ်။လွယ်လေခက်လေပဲလို့မှတ်ရမယ်။ဥပမာမြန်မာစကား
ကိုကိုကလဲကွယ်၊မောင်ကလဲလေ…၊…အသဲရယ်…..၊..အချစ်ရေ..အသက်ရေ…၊အဲဒီစကားအနုအချွဲတွေ..
အင်္ဂလိပ်ဘာသာပြန်တယ်ဆိုပါတော…့ရုတ်တရက်ခက်သွားမယ်နော်…တိုက်ရိုက်ဘာသာပြန်ရင်သွားရော…
My dear သို့မဟုတ် …. My love …အဲဒါဆိုရင်အင်္ဂလိပ်စာရဲ့ sense ၀င်သွားတာပေါ့….။
ဒါရိုက်တာ-စာရေးဆရာ-ဦးသုခ


ကျနော် War and peace (စစ်နှင့်ငြိမ်းချမ်းရေး)စာအုပ်ကြီးကိုဘာသာပြန်တော့ ဦးကုလားမဟာရာဇ၀င်
ကို လက်မလွှတ်တမ်းအသုံးချခဲ့တယ်…။ Under the clear sky ကိုမိုးစဲသောအခါသမယ….။
The Crownprincess ကို “ထိပ်ထား” စသဖြင့်ပေါ့။ရုရှားမူရင်းကလည်း ထီးသုံးနန်းသုံးဆိုတော့ မြန်မာရာဇ၀င်စကားတွေနဲ့ဖလှယ်ဖို့သတိထားရတာပေါ့ဗျာ။
ဆရာမြသန်းတင့်
တစ်ခန်းရပ်ပါဦးမည်။
လေးစားစွာဖြင့်
WYTU သားလေး

လက်တွေ့အသုံးချ ရုံးသုံးအင်္ဂလိပ်စာ (အစည်းအဝေးခေါ်ယူရာမှာ အသုံးပြုနိုင်တဲ့ စကားစုများ)..

အစည်းအဝေးခေါ်ယူရာမှာ အသုံးပြုနိုင်တဲ့ စကားစုများ နှင့် စတင်မှာဖြစ်ပါတယ်။ အောက်ပါစကားစုများ ကို နှုတ်ဖြင့်ပြောရာ၌ ဖြစ်စေ၊ စာဖြင့်ရေးသားရာမှာဖြစ်စေ သင့်တော်သလို အနည်းငယ်ပြင်ဆင်သုံးစွဲနိုင်ပါတယ်။

Asking for a meeting
အစည်းအဝေးပြုလုပ်ရန်ချိန်းဆိုခြင်း

-Could we schedule a time to meet next week?
နောက်အပတ်မှာတွေ့ဖို့ အချိန်သတ်မှတ်ကြမလား?

-I’d like to schedule a meeting as soon as possible.
ကျွန်တော် အစည်းအဝေးလုပ်ဖို့ အမြန်ဆုံး အချိန်သတ်မှတ်ချင်ပါတယ်။

-Can we meet and go over this together?
ကျွန်မတို့လူချင်းတွေ့ပြီး ဒီကိစ္စကိုဆွေးနွေးကြရအောင်လား?

-Perhaps we could meet and go over the details in person?
ကျွန်တော်တို့ လူချင်းတွေ့ပြီး အသေးစိပ်အချက်အလက်တွေကို ဆွေးနွေးကြရရင်မကောင်းဘူးလား?

Suggesting a meeting time
အစည်းအဝေးပြုလုပ်ရန်အချိန်အကြံပြုခြင်း

-How about Monday at nine?
တနင်္လာနေ့ နံနက် ကိုးနာရီမှာ တွေ့လို့ရမလား?

-How about sometimes after lunch?
နေ့လယ်စာစားပြီး တစ်ချိန်ချိန်ဆိုရင်ရော?

-Could we meet next week?
နောက်အပတ်မှာကျွန်တော်တို့တွေ့ကြရအောင်လား?

-Can I suggest 7:30 on Thursday evening?
ကြာသပတေးနေ့ ညနေ ခုနှစ်နာရီခွဲ မှာတွေ့မယ်ဆိုရင်ရော?

-Would half past five suit you?
ငါးနာရီခွဲဆိုရင်ရော အဆင်ပြေမလား?



Saying that you aren’t able to attend
အစည်းအဝေးအားမတက်ဖြစ်ကြောင်းပြောရာ၌ သုံးသော စကားစုများ

-Sorry I can’t make it then.
စိတ်မကောင်းပါဖူး ရှင်။ ကျွန်မအဲဒီအချိန်မလာနိုင်ပါဘူး။

-I’m afraid I have another appointment then.
အားတော့နာပါရဲ့။ ဒါပေမဲ့ ကျွန်မ အဲဒီအချိန်မှာ အခြားအစည်းအဝေး အတွက်ချိန်းဆိုထားပြီးသား ရှိနေလို့ပါ။

-I’m a bit tied up then. How about another time?
အဲဒီအချိန် မှာ ကျွန်တော် အလုပ် နည်းနည်း မအားဖြစ်နေမယ်။ နောက်တစ်ခါမှ တွေ့ကြရအောင်လား။

Saying that you can attend
အစည်းအဝေး တက်ဖြစ်ကြောင်း ပြောရာ၌ သုံးသော စကားစုများ

-Sounds good.
ကောင်းသားပဲ။

-Yes, that works for me.
ကောင်းပါပြီ။အဲံဒီအချိန်ဆိုရင် ကျွန်မ အတွက် အဆင်ပြေပါတယ်။

-Yes, that would be fine.
ဟုတ်ကဲ့။ အဲဒီအစီအစဉ်လေး အဆင်ပြေမယ်။

Confirming the day and time
အစည်းအဝေးပြုလုပ်ရန် အချိန် နှင့် နေရာအား အတည်ပြုရန် အသုံးပြုသော စကားစုများ။

-See you on Monday at seven.
တနင်္လာနေ့ နံနက် ခုနှစ်နာရီမှာ ပြန်တွေ့မယ်နော်။

-So, I look forward to seeing you on Tuesday at four.
ကဲ…ဒါဆိုရင် အင်္ဂါနေ့ နေ့လည် လေးနာရီမှာ ခင်ဗျားနဲ့တွေ့ဖိုကျွန်တော် မျှော်နေမယ်နော်။


Myanmar Network http://www.myanmar-network.net/forum/topics/3423487:Topic:125467#ix...


Friday, January 4, 2013

ဘာသာပြန်တော့မယ်ဆိုလျှင်..(၁)

 အားလုံးမင်္ဂလာပါနော်…
အခုတော့ အားလုံးပုံမှန်အခြေအနေပြန်ရောက်သွားပြီဆိုတော့ Learners of English ကိုလဲ အရင်လိုပဲ အားဖြည့်ပေးကြပါဦးနော်… ကိုသားလေးရဲ့ ဘယ်လိုဘာသာပြန်မလဲ ဆိုတဲ့ ဘလော့လေးကိုဖတ်ပြီး..အရင်က စဉ်းစားထားတဲ့ ကဏ္ဍလေးတစ်ခု အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တယ်..ဆိုဒ်ကို စ၀င်ကတည်းက အခုအချိန်အထိ blog တွေ Post တွေ ရေးဖို့ အမြဲအားပေးခဲ့တဲ့ အထူးသဖြင့်..ကိုသားလေး၊ ကိုဘိုးတော် နှင့် သူငယ်ချင်းများအားလုံး ကိုလဲ ကျေးဇူးတင်ပါတယ်..
ဘာသာပြန်တော့မယ်ဆိုလျှင် ကဏ္ဍလေးဟာ ဘာသာစကားလေ့လာနေသူများ (အထူးသဖြင့် အင်္ဂလိပ်) အတွက်ရည်ရွယ်ပြီး ၀ါသနာအရစုဆောင်းထားရှိသော ဘာသာပြန်ဆိုင်ရာလမ်းညွန်စာပေများကို share ပေးမယ့် အစီအစဉ်လေးပဲဖြစ်ပါတယ်။နာမည်ကျော်ဘာသာပြန်ပညာရှင်စာရေးဆရာအသီးသီး၏ “ဘာသာပြန်ဆိုခြင်း အတတ်ပညာ” အပေါ်အမြင်များ၊ ကိုယ်ပိုင်နည်းဝိသေသများ၊ လမ်းညွှန်ချက်များကို လက်လှမ်းမှီသလောက် ၀ါသနာတူသူငယ်ချင်းများ Online ထိုင်တဲ့အချိန်မှာ အကျိုးရှိစွာ အလွယ်တကူဖတ်ရှူနိုင်အောင် ရှာဖွေစုဆောင်းဖော်ပြပေး ခြင်းမျှသာဖြစ်ပါသည်။ကိုယ်ပိုင်ရေးသားချက်များ (လုံးဝ) လုံးဝမဟုတ်သည်ကို ရှေးဦးစွာ ပြောလိုပါသည်။ “ဘာသာပြန်” အတတ်ပညာသည် ဘောင်များ စနစ်များနှင့် နှစ်ဘာသာကျွမ်းကျင်ရုံသာမက အတွေ့အကြုံများခြင်းတို့အပေါ်တွင် အခြေခံသောကြောင့် မိမိသည်လည်း ၀ါရင့်ဆရာကြီးများ၏ညွှန်ကြားချက်များ၊ နည်းလမ်းများကို လေ့လာကာ ကိုယ်ခံပညာကောင်းအောင် အားထုတ်ဆဲဖြစ်၍ လမ်းညွှန်ချက်များရေးသားနိုင်ဖို့ရန် လိုအပ်ဆဲဖြစ်သည်ကို ရိုးသားစွာဝန်ခံလိုပါသည်။ (သို့သော်လည်း အလျှဉ်းသင့်သလို ကိုယ်ပိုင်ယူဆချက်များကို ဖော်ပြပါမည်)
ဘယ်လိုအရာပဲဖြစ်ပါစေ “ To know and not to do is to know yet.” ဆိုသည့်အတိုင်းပင် သိရုံသိပြီး လက်တွေ့ပြုလုပ်ခြင်းမရှိပါက သိရုံသိတာပဲ…ဆိုတာထက်မထူးသောကြောင့် ဘာသာပြန်အတတ်ပညာများလေ့လာရုံတင်မကဘဲ လက်တွေ့ကြိုးစားအားထုတ်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် တန်ဖိုးရှိသော ဘာသာပြန်ကောင်းများဖြစ်ကြပါစေလို့…

ဘာသာပြန်ခြင်း အတတ်ပညာ (ဒဂုန်ရွှေမျှား)
“ဘာသာပြန်သည်” ကို အင်္ဂလိပ်ဘာသာဖြင့် Translate ဟုခေါ်၍ ယင်းစကားလုံး၏ အဓိပ္ပါယ်ကို အကောင်းဆုံး အဘိဓာန်တွင် အောက်ပါအတိုင်း ဖွင့်ဆိုထားသည်။
Translate = Hence, to change the form. Expression or mood of expression of, so as to interpret or make tangible, real , apparent , or the like ; to carry over from one sphere (into another) ; as, to translate a POEM into prose, thought into action, or ideal beauty into visible form.
အထက်ပါ စာပိုဒ်၏ အဓိပ္ပါယ်မှာ . . .
“ဘာသာပြန်” ဆိုခြင်းမှာ ပုံပန်းသဏ္ဌာန် ထုတ်ဖော်ပြောဆိုပုံ သို့မဟုတ် ပြောဟန်ဆိုဟန်နည်းမှ စ၍ စမ်းသပ်တွေ့ထိသိရှိနိုင်သည် အခြေအနေသို့ရောက်အောင် ဗဟိုအချက်အခြာတခုမှ အခြားဗဟိုအချက်အခြာတခု သို့မဟုတ် သက်ဆိုင်ရာနယ်ပယ်တခုမှ အခြားသက်ဆိုင်ရာ နယ်ပယ်တခုသို့ ယူဆောင်သွားခြင်းဖြစ်သည်။
ကျွန်ုပ်ယခုရေးသားသည့် ဘာသာပြန်ခြင်း အတတ်ပညာဆိုသည်မှာ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခြင်းကို မဆိုလို၊ ထို့ပြင် ဘာသာပြန်ပုံပြန်နည်းမှာလည်း အခြားသူများပြန်ဆိုသောနည်းကို မဆိုလိုဘဲ ကျွန်ုပ်ပြန်ဆိုသောနည်းကိုသာ ဆိုလိုပေသည်။
ဘာသာပြန်ရာတွင် အဓိကလိုက်နာရမည့် အချက်ကြီး ၁၀-ချက်ရှိကြောင်းဖြင့် ဘာသာပြန်အတတ်ကို ရေးသားသူ ရှေးကျမ်းပြု ဆရာကြီးများက ရေးသားထား၏။ ယင်းတို့မှာ အတိုချုပ်အားဖြင့် အောက်ပါအတိုင်းဖြစ်သည်။
          (၁)     မူလစာရေးဆရာ၏ အတွေးအခေါ်တစ်ခုစီကို အပိုအလိုမရှိပဲ တိတိကျကျပြန်ဆိုခြင်းသည် အဓိကဖြစ်၏။ မူလစာရေးဆရာ၏ အတွေးအခေါ်ကို ဖြည့်စွက်ခြင်း နုတ်ပယ်ခြင်း မပြုရ။
          (၂)     သင်ပြန်ဆိုသည့် စာကိုယ်အသွင်အပြင် ကာရန်ဝါကျတို့ကို မူလစာကိုယ်နှင့် တတ်နိုင်သမျှ တစ်ထပ်တည်းတူညီပါစေ။ သင်ပြန်ဆိုသည့် ဘာသာပြန်ဆိုချက်ကို ဖတ်သောစာဖတ်သူနှင့် မူရင်းဘာသာကိုရေးသည့် စာရေးဆရာစပ်ကြားတွင် သင်က “ကြားနေ” လူတယောက်အဖြစ်ဖြင့်သာ ဆောင်ရွက်ပါ။ သင်၏ အလုပ်မှာ နှစ်ဖက်စလုံးအား သစ္စာရှိရှိနှင့် တိတိကျကျ နားလည်ပေးရမည်သာဖြစ်သည်။
          (၃)     သင်ဘာသာပြန်သောအခါ မူရင်းဘာသာစာကိုယ် ၀ါကျအဆောက်အဦကြီးကို မထိဝံ့ မတို့ဝံ့သကဲ့သို့ ကြောက်ရွံ့မနေပါနှင့်၊ ဖြိုခွဲဖြတ်တောက်ပြစ်ပါ။ ဖြိုခွဲဖြတ်တောက် ပြန်ဆိုပြီးနောက် ပြန်လည်ဆက်စပ်စီကုံးပါ။ သို့သော် မူရင်းဝါကျအဖွဲ့အစည်း၏ “သဘောယုတ္တိ” ကိုမူမပျက်ပါစေနှင့်။
          (၄)     သင်ဘာသာပြန်ဆိုနေသော စာကိုယ်၏ မူလစာရေးဆရာသည် ယုတ္တိမတန် အဓိပ္ပါယ်ကင်းမဲ့စွာရေးသည်ဟု ထင်ရသည့်တိုင်အောင် ထိုစာကို သင်ပြရန် မဟုတ်ပေ၊ မူလစာရေးဆရာ၏ တာဝန်သာဖြစ်ပေသည်။
          (၅)     သင်ပြန်ဆိုထားသော စာကိုအသံထွက်အောင် ဖတ်ကြည့်ပါ။ မျက်စိက မဟုတ်ဘဲ နားက ဝေဖန်ပါစေ။
(မှတ်ချက်) အထက်ပါ ပညတ်ချက်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ထက် ၀ါရင့်သော ဆရာကြီး ရွှေဥဒေါင်းက သူသည် ဤပညတ်ချက် (၅)ခုကိုသာမူလကတွေ့ရလျှင် သူ၏ဘာသာပြန်များသည် ယခုထက်ပင် ကောင်းမွန်ချောမောမည် ထင်ကြောင်းဖြင့် စာအုပ်တအုပ်၏အမှာစာ တွင် ရေးသားခဲ့ဖူးလေသည်။
          (၆)     လုပ်ငန်းနှင့် သက်ဆိုင်သည့် အသုံးအနှုန်းအားလုံးကို သိရှိနိုင်ရန် သင်သည် နိုင်ငံခြားဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်ပြီး ဖြစ်ပါစေ။
          (၇)     ဘာသာပြန်ဆိုသူသည် မူရင်းဘာသာခြားစာပေ၏ တင့်တယ်ပြေပြစ်စွာ ရေးထားသော အပိုဒ်တိုင်းမှ စကားလုံးများကို တစ်လုံးစီ တစ်လုံးစီကောက်၍ အဓိပ္ပါယ်ပြန်ဆိုခြင်း မပြုအပ်ပေ။ ဘာသာစကားတိုင်းတွင် ခလုတ်ကန်သင်းနှင့် ထောင်ချောက် များရှိတတ်လေသည်။
(မှတ်ချက်) ကျွန်ုပ် သဘောအရဆိုလျှင် ကျွန်ုပ်တို့မြန်မာစာ၌ အထေ့အငေါ့ပျက်လုံး သရော်လုံးများ ရှိသကဲ့သို့ အင်္ဂလိပ်ဘာသာ၌လည်းရှိ၏။ ယင်းတို့သည် ခလုတ်ကန်သင်းများနှင့်တူ၍ မြန်မာဘာသာသို့ ပြန်ဆိုရာတွင် လွဲချော်မသွားစေရန် သတိပေးခြင်းဖြစ်ဟန်တူ၏။
          (၈)     သင်၏တိုင်းရင်းဘာသာစကားကို အဆက်မပြတ် လေ့လာနေရမည်။ သင်ဘာသာပြန်ကောင်းတစ်ယောက်ဖြစ်စေရန် နိုင်ငံခြားဘာသာစကားကို လုံလောက်စွာ တတ်မြောက်လာမည် ဖြစ်သော်လည်း သင်၏တိုင်းရင်းသားဘာသာစကားကိုမူ မည်သည့်အခါမျှ ပြည့်စုံလုံလောက်အောင် လေ့လာပြီးသည်ဟူ၍ မရှိချေ။
(မှတ်ချက်) အထက်ပါ ပညတ်ချက်၏ သဘောတရားမှာ မြန်မာစာသည် အလွန်ကြွယ်ဝ၍ မိမိအလိုရှိသော စကားလုံးကို အံကိုက်ဖြစ်အောင် ရှာဖွေရာတွင် မြန်မာစာပေ အဆက်မပြတ်လေ့လာနိုင်မှသာ အလွယ်တကူရရှိပေမည်။
          (၉)     “ဘာသာပြန်ဆို၍မရနိုင်”ဟူသောစာပေ မရှိချေ။
(မှတ်ချက်) ဤပညတ်ချက်၏ သဘောမှာ မည်မျှလောက် ခဲယဉ်းသောစာပင်ဖြစ်စေ၊ မြန်မာလူမျိုးများ နားလည်အောင် မူရင်းဘာသာလည်းမပျက်အောင် မြန်မာဘာသာသို့ ကူးပြောင်းနိုင်သည်ချည်းသာ ဖြစ်ရမည်။
          (၁၀)    သင်ပြန်ဆိုထားသည့်စာကို ဖတ်သူများက မူရင်းစာအဖြစ်လက်ခံလိမ့်မည်ဟု မသေချာမချင်း မနားမနေကြိုးစားရမည်။ ဘာသာပြန်စာတစ်ခုသည် ဘာသာပြန်ဟု မသိရမှာသာ ကောင်းသည်ဟုဆိုရမည်။ ဤအဆင့်သို့ ရောက်ရှိစေရန် အဘိဓာန်တစ်ခုတည်းကိုသာ သုံးခြင်းအားဖြင့် မဖြစ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ဘာသာပြန်ဆိုသည့်အလုပ်တွင် ခံစားမှုရော စဉ်းစားတွေးခေါ်မှုကိုပါလိုအပ်သောကြောင့်တည်း။
ကျွန်ုပ်ကိုယ်တိုင်ပင် လွန်ခဲ့သော ၁၉၄၈ခုနှစ်မှစ၍ စာပေဗိမာန်သို့ ၀င်ရောက်အမှုမထမ်းမီအချိန်က အထက်ပါပညတ်ချက် ၁၀ချက်အကြောင်းကို မကြားဘူးသေးချေ၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကောင်းနိုးရာရာ ကိုယ်ထင်သလိုပြန်ဆိုခဲ့၏။
သို့ဖြစ်၍ စစ်မဖြစ်မီအချိန်က ကျွန်ုပ်ပြန်ဆိုခဲ့သော ဘာသာပြန်ဝတ္တု၊ ဆောင်းပါးများမှာ အဓိပ္ပါယ်လွဲမှားချို့ယွင်းခြင်း မရှိလှသော်လည်း စစ်ကြီးပြီးသည့်နောက်ပိုင်းတွင် ပြန်ဆိုသော ဘာသာပြန်များလောက်  ချောချောမွေ့မွေ့ ကျစ်ကျစ်လျစ်လျစ် မရှိသည်ကို တွေ့ရပါသည်။
ဤအချက်ကို ထောက်ခြင်းအားဖြင့် ဘာသာပြန်ဆိုရာတွင် မိမိကိုယ်တိုင် သာမန်ဘာသာပြန်တတ်ရုံမျှနှင့် မလုံလောက်သေးဘဲ (၁) အတွေ့အကြုံများခြင်း။ (၂) လုပ်ငန်းတွင် ၀ါရင့်ခြင်း။ (၃) လွတ်လပ်စွာ ပြန်ဆိုနိုင်ခွင့်ရှိခြင်း။ (၄) တစ်လုံးစီအဓိပ္ပါယ်ကို ကောက်ယူခြင်းထက် သဘောတရားကို အလေးပေး၍ ပြန်ဆိုခြင်းစသည့် အချက်များ လိုအပ်သည်ကို တွေ့ရပါသည်။
ဘာသာပြန်ဆိုခြင်းသည် Art ခေါ်အနုပညာတစ်ရပ်ဖြစ်၍ ဘာသာပြန်သူသည် မိမိပြန်ဆိုချက်ကို ပြောင်မြောက်နိုင်သမျှ ပြောင်မြောက်အောင် မွမ်းမံပေးနိုင်သည့် အစွမ်းရှိလေသည်။ တတ်နိုင်သမျှလည်း ကြိုးစားအားထုတ်ရပေမည်။
ယင်းတို့သည်ကား ကျွန်ုပ်၏ဘာသာပြန်နည်းကို တစ်စိတ်တစ်ဒေသမျှ ရေးသားဖော်ပြခြင်းဖြစ်ပါကြောင်း။


ကြိုးစားလျှက်
      ladyperper@wytumyanmar.com

BE engineer တစ်ဦးရဲ့ IELTS Speaking

မင်္ဂလာပါ။
အခု မျှဝေပေးလိုက်တဲ့ BE Engineer တစ်ဦးရဲ့ IELTS Speaking ဆိုတဲ့ အကြောင်းအရာလေးကို Top English မဂ္ဂဇင်းမှ ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါတယ်။ အဲဒီလိုမျိုး အင်္ဂလိပ် စာဗဟုသုတတွေပေးနေတဲ့.. သက်ဆိုင်ရာ မဂ္ဂဇင်းတွေကိုလဲ အားလုံးကိုယ်စားဒီနေရာလေးကနေ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို ဖော်ပြပေးရတဲ့ အဓိက အကြောင်းအရင်းကတော့ IELTS Speaking ကျွမ်းကျင်သူတစ်ယောက်ရဲ့ နမူနာယူဖွယ် အဖြေလေးများကို လေ့လာနိုင်အောင်ရည်ရွယ်ပါတယ်။ ပြီးတော့ Learners of English တွေအတွက် လဲ အထောက်အကူပြုနိုင်မယ်ဆိုရင် တင်ပေးရကျိုးနပ်ပါတယ်။ အထောက်အကူပြုနိုင်မယ်လို့လဲ ထင်ပါတယ်။ သူငယ်ချင်းတို့လဲ ကိုယ်တိုင် မျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်။

BE အင်ဂျင်နီယာတစ်ဦးရဲ့
               IELTS Speaking
“ ဝေယံပိုင်စိုးသူ” ဟာ ဘီအီးမြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။ သူဟာ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုမှာ အလုပ်လုပ်လျက်ရှိပါတယ်။ သူဟာ မကြာခင် သူ့ဆွေမျိုးများနေထိုင်တဲ့ သြစတေးလျားနိုင်ငံကို သူ့မိသားစုနဲ့အတူ သွားရောက်ပြီး အခြေစိုက်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့် အခုလို့ IELTS စာမေးပွဲကို ဖြေဆိုခဲ့ရခြင်းဖြစ်တယ်။ Speaking မှာ IELTS ရဲ့ ဒုတိယအမြင့်ဆုံးအမှတ်ဖြစ်တဲ့ Brand Score 8 ကို အောင်မြင်စွာ ဆွတ်ခူးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖြေပုံဖြေနည်းကို နည်းယူနိုင်အောင် IELTS ဖြေဆိုမည့် သင်တန်းသားတိုင်းအတွက် ယခုလိုတစ်ဆင့် တင်ပြရခြင်းဖြစ်ပါတယ်။
Part 1
Examiner:     Hello, my name is Cynthia Khan. Could you tell me your full name, please?

Candidate:    My name is Moe Yan Paing Soe Thu.

Examiner:     What shall I call you?
Candidate:    You can call me Yan Paing. Everybody calls me by that name.

Examiner:     Okay. So Yan Paing, does your name have any special meaning?
Candidate:    Of course. It means Lord of the Skies. To the English people I think my name seem a  little bit of overstatement.

Examiner:     I appreciate your name. Who gave you that name?
Candidate:    It was given to me by my grandfather. Actually he used to be a jet pilot. And I think it’s quite natural for a pilot to think of such a fancy name.

Examiner:     Of course, I absolutely agree with you. By the way, where do you live?
Candidate:    My hometown Pyay was formerly known as Prome in English. It’s a small town bustling with markets, schools and commercial sectors. The population is not over-crowded and the people are kind-hearted and supportive.

Examiner:     What do you normally do on weekends?
Candidate:    Well, on weekends I go back to my family and spend the time fulfilling my duty as a father to my son and a husband to my wife.

Examiner:     Thank you! (ဒီမှာတင် Speaking Part 1 အပိုင်း ပြီးဆုံးပါတယ် )

Part 2
Examiner:     Now in this part, you need to talk about a topic for at least two minutes. You can take a minute to make some notes before you speak. Here is a pencil and some paper for you, and the Topic Card. Read the Topic Card very carefully.
                   (“ဝေယံပိုင်စိုးသူ” ပြောရတဲ့ Topic Card အကြောင်းအရာက အောက်ပါ အတိုင်းဖြစ်ပါတယ်)
Describe the best present/gift you have received.
You should say:
Who gave you
What it is
What it is for
When you received it
And explain why you like it so much.

                (စာစစ်သူက ပြောပြောဆိုဆို သင့်ကို စာရွက်အကြမ်းတစ်ရွက်ကမ်းမယ်။ သူပေးတဲ့ခေါင်းစဉ်ကို အသေအချာဖတ်ပြီး ပြောလိုတဲ့ အဓိကအပိုင်းတွေကို (၁)မိနစ်လောက် စဉ်းစားရင်း စာရွက်ထဲရေးမှတ်ပါ။ ပြီးရင် အဲဒီထဲက ကြည့်ကြည့်ပြီး ပြောလို့ရပါတယ်။ စာရွက်ကြမ်းကို သင်ယူသွားစရာမလိုဘူး။ ပြီးတာနဲ့ စားပွဲပေါ်ထားခဲ့လိုက်ရမယ်)

Examiner:     Now, you have two minutes to talk about the topic. I will tell you when to shop. Are you ready? Okay, you may start.
Candidate:    Last year my wife celebrated my birthday party at home in my hometown, Pyay. We didn’t invite anyone. It was a small party only for our family. On that day, she gave me an electronic dictionary as a birthday as a birthday gift. I liked it so much that I have treasured it up to this day. Whenever I go out , I never leave the house with this dictionary. It’s about the size of my palm, quite thin and it fits into my shirt pocket. I can still remember my wife telling me at that time, “I have now made up my mind to immigrate to Australia with you. In a new land we must study very hard and the English language is essential for you and me and our little kid.” She believed that the electronic dictionary could help me to improve my English. On that day I was overjoyed because my wife had finally agreed to immigrate to Australia with me. Well, with the help of the electronic dictionary, I have made a lot of progress in a very short time. It has help of the electronic dictionary, I have made a lot of progress in a very short time. It has helped me a lot in improving my English. It’s very light and portable so I usually take it with me wherever I go, especially to my work. Very soon I began to read reference books and write articles in English. And this little dictionary…………
                   (အရှိန်ကောင်းတုန်းရှိသေး တစ်ဘက်က အချိန်စေ့ပြီရပ်တော့ဆိုပြီး ဟန့်တားလိုက်တယ်။ မောင်ရန်ပိုင်ခမျာ ပြောလက်စ စကားကိုမနည်းကြီး dead stop အုပ်လိုက်ရတယ်။ သိပ်တော့ ကျေနပ်ပုံမပေါ်ဘူး)

Examiner:     I’m sorry you may have to stop here. I appreciate your topic. Thank you very much. (မောင်ရန်ပိုင်ခမျာ ရှစ်ခေါက်ချိုးမျက်နှာမျိုးနဲ့ မချိသွားဖြဲလုပ်ပြနေတဲ့ အမူအရာကို မျက်စိထဲပြေးမြင် လိုက်ပါ။ သင်လည်းပဲ သူ့လိုဖြစ်နိုင်မယ်ဆိုတာ သတိထား)
မှတ်ချက်။    ။     အင်ဂျင်နီယာဖြစ်တိုင်း လမ်း၊တံတား၊ မြို့ရွာ၊ တိုက်တာ အဆောက်အဦးနဲ့ ဆိုင်တဲ့ Topic Card မျိုးကိုဖြေရလိမ့်မည်လို့မထင်နဲ့။ ထိုနည်းတူစွာ ဆေးဘက်ဆိုင်ရာ ဆိုတိုင်းလည်း ဆေးနဲ့ဆိုင်တာကိုပဲ မေးမှာမဟုတ်၊ Topic Card ဆိုတာ ကံစမ်းမဲနှိုက်သလိုပါပဲ။ ကျရာတာဝန်ကို ထမ်းဆောင်ရမှာကိုယ့်အလုပ်။ Topic Card ကို ကိုယ်ကရွေးရတာမဟုတ်။ စာစစ်သူက သူ့ဟာသူ မျက်စိမှိတ်ပြီး ရွေးထုတ်ပေးမှာဆိုတာကို သတိပြုစေချင်တယ်။

Part 3
          (တတိယပိုင်းဟာ နောက်ဆုံးပိုင်းပဲဖြစ်ပါတယ်။ စာစစ်သူနဲ့ ဆွေးနွေးတဲ့အခန်းလို့ ခေါ်တယ်။ စောစောက ဒုတိယပိုင်းမှာ သင်ပြောခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး စာစစ်သူက သူသိချင်တာလေးတွေကို မေးခွန်း ၃-၄ ခုလောက် မေးပါလိမ့်မယ်)
Examiner:     Now in this part, I would like to ask you a few more questions about the topic you’ve talked about. In your country on what occasions do people give presents?
Candidate:    Well, in our country, presents are given on a birthday party, wedding ceremony and on important festivals like Thadingyut the Lighting Festival.

Examiner:     What kind of presents do people normally give?
Candidate:    Well, that depends on the occasion. For a birthday present we normally give toys for  children, and new clothes or fancy accessories for teenagers. As for a wedding present to the bride and groom, we usually give money, kitchenware or household appliances.

Examiner:     Compare the gifts which people received 10years ago to the present time that people now are receiving. What’s the difference between them?
Candidate:    Well, ten years ago, the gifts people received were monotonic. They were simpler and cheaper, but nowadays they are pretty fine by appearance with higher quality and even the packaging is more beautiful than before. In those days I often received a note book as a gift. But now, there are  various attractive gifts to choose from.

Examiner:     What kind of gifts do you think children will receive in the future?
Candidate:    The children in the future will be lucky. As many high-quality material things are being invented day by day, more and more children will have the opportunity to get intellectual gifts, such as electronic dictionary, laptop and note book computer and so on.

Examiner:     Thank you. That’s the end of the test. I wish you success.
Candidate:    I also thank you very much. Goodbye.
                                                                                  written by Saya Lawrence

အခုလိုမျိုး စိတ်ဝင်တစားဖတ်ရှူပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။
Learners of English မှာ ကူညီပြီး တာဝန်ယူဆောင်ရွက်ပေးချင်တဲ့ သူငယ်ချင်းတွေ အကုန်လုံး.....
                          WYTUအရှုပ်ထုပ်
                          ladyperper@wytumyanmar.com
  ကို ဆက်သွယ်ပြီး အသိပေးနိုင်ပါတယ်နော်။

British Council ရဲ့IELTS

အားလုံးပဲMingalar ပါခင်ဗျာ။ ယနေ့IELTS ဟာနိုင်ငံတကာသုံးEnglish Testing System အဖြစ်၁၀ စုနှစ်အတွင်း တိုးတက်လာတာကိုတွေ့ ရပါတယ်...IELTS ကို နိုင်ငံရပ်ခြားမှာကျောင်းတက်မဲ့သူတွေအတွက်မဖြစ်မနေဖြေဆိုသင့်ပါတယ်...
တစ်ကယ်တော့IELTS စာမေးပွဲ ဟာမြန်မာကျောင်းသားတွေအတွက်တစ်ကယ်တော့သိပ်ခက်တဲ့Exam test တော့ မဟုတ်ပါ...
Practice များများလုပ်ပြီExam formet ကိုသိပြီဆိုအကောင်းဆုံးဖြေဆိုနိုင်မှာပါ...
IELTS Exam မှာ four skills ရှိ ပါတယ်၊ Reading skill,Writing skills,Listening skills and Speaking skill ပါ။
Reading skill
Reading မှာ 3 sections ကိုဖြေဆိုရမယ်။40 minutes ကို ဖြေရမယ်။ Multiple choice ပုံစံ၊ Heading Maching နှင့်Yes/No/Given ပုံစံ နှင့် Not more  than three words တွေမေးလေ့မေးထရှိပါတယ်။ လေ့လာပုံကSkimming (passage ကိုGeneral ခြုံဖတ်ခြင်း) Scanning (Passage ကို Detail ၀င်ဖတ်ခြင်း) ၂မျိုးနှင့်လေ့လာဖြေဆိုရပါမယ်..
Writing skill
writing မှာ Task 1 နှင့် Task 2 ၂ မျိုး ဖြေရတယ်။ Task 1 မှာ Graph chart,Bar chart နှင့်Percent Tableကို ကြည့်ပြီးဖြေဆိုရမှာပါ။Spelling နှင့် Vocubulary,Grammer ကို သတိထားပါ။ NOT MORE THAN 150 WORDS ပါ။
ွှTASK 2 မှာproblem solution,Argument and Thesis ပုံစံပါ..
Problem solution မှာလက်တလောင်္ကြူ တွေ.နေတာကို How to solve the problem?ပုံစံ ရေးရမယ်...
example: Smoking problem,Traffic problem etc....
Argument မှာ Urben and Rural aera ကြား ကောင်းတာနှင့် မကောင်းတာကို Supporting Idea လေးတွေ နှင့်Balance ဖြစ်အောင်ရေးရမယ်.....
ွှ့Thesis မှာတော.ကောင်းတာဆိုကောင်းတဲ့ အကြောင်းတစ်မျိုး တည်းရေးရမယ်....
Example: Education အကြောင်း
မကောင်းတာဆိုမကောင်းတဲ့ အကြောင်းတစ်မျိုး တည်းရေးရမယ်....
Example: Playing TV game among children,Using drugs and crime etc..
listening skill
40 questions per 45 minutes
Section 3 ခုဖြေဆိုရမယ်...Destrutor,Linking words နှင့် Smilar meaning တွေသတိထားပါ။
စိတ်မလှုပ်ရှားပါနှင့် သတိထားနားထောင်ပါ....
ှSpeaking skill
ှSpeaking မှာ 3 sections ပါ...
ွGeneral questions မှာ Personal အမေးအဖြေးပါ..
example: What is your name please ?
What do you do?
Where are you from ? etc..
Long talk အတွက် 2 min; ရပါတယ်...
2 min:အတွက် Examiner က Test card နှင်paper notes ပေးပါမယ် paper notes ထဲ သေချာမှတ်ပြီးtopic နှင့် ကိုက်ညီအောင် ပြောဆိုပါ....
Examiner မှာ တွေ.တဲ့ အခါ စိတ်ကို Relax ထားပါ...Confidence ရှိပါစေ...
ွှTwo ways discussion မှာ Examiner မေးတာကို မိမိနားလည်တဲ့ Usage လေးနှင့် ပြောပါ။သိပ်ခက်တဲ့ Usageနှင့်
်ဲ့်မပြောပါနှင့်။Examiner ကို အထင်ကြီးစေတဲ့ ပုံစံနှင့် ပြောမိရင်အမှားပါတတ်တယ်..သတိထားပါ..
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။